အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် ကျောင်းကုန်းမြို့နယ်အခြေစိုက် မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့အား (၄-၁၂-၂၀၁၉)ရက်နေ့ (၁၂:၁၅)နာရီအချိန်တွင် ရေးရာဆောင် (I–15) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုကဲ့သို့ လက်ခံတွေ့ဆုံခဲ့ရာတွင် လုပ်ကွက်ငယ်တောင်သူလယ်သမားများ၏ သီးနှံစိုက်ပျိုးလုပ်ကိုင်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ကျောင်းကုန်းမြို့နယ် အခြေစိုက် မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာအပါအဝင် အဖွဲ့ဝင်(၃၅)ဦး တက်ရောက်ခဲ့ကာ တွေ့ဆုံပွဲအား(၁၄၁၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။