Share this

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များအား သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ သင်တန်းသား/သူ များက လာရောက်လေ့လာတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာကော်မတီသည် သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ သင်တန်းသား/ သူ (၁၅)ဦး တို့နှင့် (၃.၆.၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီမှ (၁၃း၄၀)နာရီအချိန်ထိ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ လေ့လာတွေ့ဆုံမှု ပြုလုပ်ခဲ့ပါသည်။  

ယင်းသို့တွေ့ဆုံရာတွင် “ သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ ကော်မတီ၏ ဆောင်ရွက်နေမှု” နှင့်စပ်လျဉ်း၍  လေ့လာခဲ့ကြပါသည်။ 

အဆိုပါလေ့လာတွေ့ဆုံပွဲသို့  အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်သန်း၊ ဦးကျော်ကျော်ဝင်း၊ ဦးကျော်နိုင်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဦးဖေချစ်၊ ဒေါ်အိအိပြုံး၊ ဦးညီစိန်၊ နော်ဆာမူထူး၊ ဦးအောင်မျိုး၊ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီမှ ဒေါက်တာကြွယ်ကြွယ်နှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။