အမျိုးသားလွှတ်တော်၏ တရားဝင် website စာမျက်နှာဖြစ်သော www.amyotha.hluttaw.mm အား ၂၂.၁.၂၀၁၈ ရက်နေ့မှစတင်ကာ အသွင်အပြင်အသစ်၊ ပြည့်စုံသောအချက်အလက်ရှာဖွေမှုစနစ်များ ဖြင့် ပြင်ဆင်စမ်းသပ်လွှင့်တင်ခဲ့ပါသည်။ ပြုပြင်ပြောင်းလဲထားသည့်အကြောင်းအရာများမှာ-
(က) အစည်းအဝေးကဏ္ဍတွင် အစည်းအဝေးအစီအစဉ်များ၊ အစည်းအဝေးမှတ်တမ်းများ စသည်တို့အား pdf နှင့်သာမက စာသားအနေဖြင့်ပါ ထည့်သွင်းဖော်ပြထားပါသည်။
(ခ) ကိုယ်စားလှယ်များကဏ္ဍတွင် မိမိရှာဖွေသော လွှတ်တော်ကိုယ်စားလှယ်၏ မဲဆန္ဒနယ်မြေပုံကိုပါ ပူးတွဲပြသခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များကိုပါ တစ်ပြိုင်တည်း ကြည့်ရှုလာနိုင်စေပါသည်။
(ဂ) ကော်မတီများကဏ္ဍတွင် ကော်မတီများအလိုက် ဆောင်ရွက်ခဲ့သော အစည်းအဝေးများ၊ အစီရင်ခံစာများ၊ လှုပ်ရှားမှုများကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
(ဃ) အဓိကအားသာချက်တစ်ခုအနေဖြင့် ပထမအကြိမ်လွှတ်တော်နှင့် ဒုတိယအကြိမ်လွှတ်တော်အား ခွဲခြားစစ်ထုတ်နိုင်သည့် filter များပါရှိလာခြင်းဖြစ်ပါသည်။
(င) ဘာသာစကားအနေဖြင့် မြန်မာဘာသာတစ်မျိုးတည်းသာ တင်ပြနိုင်သော်လည်း Zawgyi နှင့် Unicode နှစ်မျိုးစလုံးအား ထောက်ပံ့ပေးထားပါသည်။
အကြံဉာဏ်ပြုလိုသည်များရှိပါက amhwebsite@amyotha.hluttaw.mm သို့ email ပေးပို့နိုင်ပါသည်။