အမျိုးသားလွှတ်တော် ပထမအကြိမ်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကို ၂၆.၁၁.၁၄ ရက်နေ့ (၁၅:၀၀) နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။