Share this

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း၌ ပါဝင်သည့် စီမံကိန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ (၁၃)နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန(လျှပ်စစ်)နှင့် ဘတ်ဂျက်ညှိနှိုင်းအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း၌ ပါဝင်သည့် စီမံကိန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ (၁၃) သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန(လျှပ်စစ်)မှ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေတင်ပြမှုများ စိစစ်ခြင်းနှင့် စပ်လျဉ်းသည့် ဘတ်ဂျက်ညှိနှိုင်းအစည်းအဝေးကို (၂၉.၇.၂၀၁၉)ရက် (တနင်္လာနေ့)၊ ၁၃၀၀နာရီ အချိန်တွင် ရေးရာဆောင်အမှတ် (I-17) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၃)မှ ဥက္ကဋ္ဌ ဦးစခင်ဇော်လင်း၊ ဒု/ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ တွဲဖက်အတွင်းရေးမှူး ဦးနေမျိုးထက်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ အဖွဲ့ဝင် ဦးခင်မောင်သန်းတို့နှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (လျှပ်စစ်)မှ တာဝန်ရှိသူများတက်ရောက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။