၁။ ကျင်းပသည့်နေ့ရက် – (၂၁-၉-၂၀၁၁)
၂။ ကျင်းပသည့်အချိန် – ၁၉:ဝ၀ နာရီ
၃။ ကျင်းပသည့်နေရာ – Inter Continental Hotel
၄။ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်သူများ – ဒေါက်တာခင်ရွှေ ၊ ဥက္ကဋ္ဌ
ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ
အမျိုးသားလွှတ်တော်
– ဦးနေဝင်းထွန်း၊
လွှတ်တော်အခွင့်အရေးကော်မတီ
အမျိုးသားလွှတ်တော်
၅။ အစည်းအဝေးတက်ရောက်ရသည့်ရည်ရွယ်ချက်- (၃၂) ကြိမ်မြောက် AIPA ညီလာခံသို့ တက်ရောက်လာသည့် မိတ်ဖက်နိုင်ငံများမှ
လွှတ်တော်ကိုယ်စားလှယ်များနှင့် AIPA အဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ
အကျိုးတူလုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းဖြစ်ပါသည်။
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
၆။ အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် Hon. Mr. Chheang Vunm မှ သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။ ရှေးဦးစွာ အာဆီယံ (၁၀)နိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်များမှ အသီးသီးမိတ်ဆက် ကြပါသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ် Hon. Mr. Zha Peixin က ရေသယံဇာတအရင်း အမြစ်ဆိုင်ရာ အသုံးချမှုများ၊ လေ့လာသုတေသနပြုမှုများ၊ ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ နည်းပညာ ဆိုင်ရာပံ့ပိုးမှုများနှင့် ပင်လယ်ပြင်လုံခြုံရေးနှင့် ပင်လယ်ပြင်နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို တစ်နာရီခန့် အချိန်ယူ၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး တင်ပြပါသည်။ ဆက်လက်၍ မြေမြှပ်မိုင်းများရှင်းလင်းရေးနှင့် မြေမြှပ်မိုင်းအန္တရာယ်မှ ကင်းဝေးရေးအတွက် ကူညီပံ့ပိုးပေးနိုင်သည့် အခြေအနေများ ကိုလည်း ဆွေးနွေးပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံတို့အကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကိုလည်း အသေးစိတ်တင်ပြခဲ့ပါသည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အချိန်အခက်အခဲအရ နှစ်နိုင်ငံအကျိုးတူ ဆောင်ရွက်ရေးကိစ္စများအတွက် အစဉ်အမြဲ လမ်းဖွင့်ကြိုဆိုလျက်ရှိကြောင်းသာ ဆွေးနွေးခဲ့ရပြီး အသေးစိတ် ညှိနှိုင်းမှုများ မပြုခဲ့ရပါ ကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။