Share this

Westminster Foundation for Democracy (WFD)၏ အစီအစဉ်ဖြင့် အင်ဒိုနီးရှားသမ္မတနိုင်ငံ အောက်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Alvin Lie က ကော်မတီ၏ လုပ်ငန်းနယ်ပယ်ဆိုင်ရာနှင့် မူဝါဒဆိုင်ရာများ အထောက်အကူပြုရန်အတွက် လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

လှုပ်ရှားမှုများ

ကော်မတီအကြံပေးပုဂ္ဂိုလ်ဖြစ်သော Mr. Alvin Lie နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကော်မတီ၏ လုပ်ငန်းနယ်ပယ်ဆိုင်ရာ နှင့်မူဝါဒဆိုင်ရာများ အထောက်အကူပြုရန်အတွက် (၁၉.၁၁.၂၀၁၉)ရက်နေ့ (၁၂၁၀)နာရီအချိန် တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) အပေါ်ထပ်အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟက အဖွင့်အမှာစကားပြောကြားပြီး အင်ဒိုနီးရှားသမ္မတနိုင်ငံ အောက်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Alvin Lie က ၂၀၁၉ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေအား လက်ရှိ ပြည်သူများကျင့်သုံးနေမှုကို ပြန်လည်သုံးသပ်ရန်အတွက် စုံစမ်းလေ့လာမှုအနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့တို့အား သွားရောက်လေ့လာခဲ့သည့်အပေါ် သုံးသပ်၍ တူးဖော်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ စွန့်ပစ်ပစ္စည်းများ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးတို့အား အဓိကထား အကြံပြုဆွေးနွေးကာ ရှေ့ဆက်လုပ်ဆောင် ရမည့် လုပ်ငန်းစဉ် အစီအစဉ်များကို ပူးပေါင်းညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟက နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို (၁၃၀၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။