
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးစောမိုးမြင့် |
| ၃။ | အခြားအမည်ရှိလျှင် | - | ဆင်မြူရယ် |
| ၄။ | လူမျိုး/ဘာသာ | - | ကရင်/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၂/အစန(နိုင်) ၀၄၄၂၇၁ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၂-၀၁-၁၉၄၇ / (၇၁) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | တောင်ငူမြို့ |
| ၈။ | ပညာအရည်အချင်း | - | ဘီအီး၊ သတ္တုတွင်းအင်ဂျင်နီယာ(ဘွဲ့) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အထွေထွေမန်နေဂျာ(ငြိမ်း)၊ သတ္တုတွင်းဝန်ကြီးဌာန |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးစောလုံ (ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်စောမြတ် (ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | နော်ဘေဘီသန်း၊ ၁၂/အစန(နိုင်) ၀၄၄၂၅၆ |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) ဒေါက်တာနော်သဇင်မိုးမြင့်၊ ၃/ဘအန(နိုင်) ၀၀၂၆၉၇၊ ကထိက၊ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန် (၂) ဒေါက်တာနော်သစ္စာမိုးမြင့်၊ ၉/ပဥလ(နိုင်) ၀၀၄၅၉၇၊ Health Informative Manager, Ballarat Hospital, Victoria,Australia. |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ၁၉၇၂၊ နိဗ္ဗာန်လမ်းမကြီး၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ် |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁) |
အ.ထ.က (၄) တောင်ငူမြို့တွင် သူငယ်တန်းမှ ဒသမတန်းအထိလည်းကောင်း၊ စက်မှုတက္ကသိုလ် ရန်ကုန်တွင် ဘီအီးဘွဲ့ကိုလည်းကောင်း ပညာသင်ကြားခဲ့ပါသည်။၁၉၇၁-၇၉ တွင် သီပေါမြို့၊ ဂေါဒန်ကျောက်သတ္တုတွင်း မန်နေဂျာအဖြစ် လည်းကောင်း၊ ၁၉၇၉-၈၆ တွင် ကလေးဝမြို့၊ ကျောက်မီးသွေးသတ္တုတွင်း မန်နေဂျာအဖြစ်လည်းကောင်း၊ ၁၉၈၆-၉၃ တွင် ရန်ကုန်မြို့၊ အမှတ်(၃) သတ္တုတွင်းလုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၄- ၂၀၀၉ တွင် ပြင်ဦးလွင်မြို့၊ သံနှင့်သံမဏိစက်ရုံ၊ အထွေထွေမန်နေဂျာ အဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။
မြန်မာ့အစိမ်းရောင်ကွန်ယက်တွင် ပညာရှင်အဖြစ်လည်းကောင်း၊ မြန်မာ နိုင်ငံ ငလျင်ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ ဖောင်းတောရွာ၊ မဟာဆုတောင်းပြည့် နှီးဘုရားကြီးတွင် ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
၁၉၈၉ ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်နှင့် ပြည်သူ့ဝန်ထမ်းတံဆိပ်ကိုလည်းကောင်း၊ ၁၉၉၀ခုနှစ်တွင်နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်ကိုလည်းကောင်း၊ ၂၀၀၀ပြည့်နှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် စီမံထူးချွန် (ဒုတိယအဆင့်)ကို လည်းကောင်း ရရှိခဲ့ပါသည်။
မှတ်ချက်