နေပြည်တော် ဇူလိုင် ၉
ပြည်ထောင်စုလွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းများအတွက် စက်ဘီးများလှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင် က ကျေးဇူးတင်စကားပြောကြားပြီး စက်ဘီးများလှူဒါန်းပေးသော Nandar Khant Trading Co.,ltd အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများအတွက် စက်ဘီးများကို တာဝန်ရှိသူများက မဲဖောက်ပေးခဲ့သည်။
အမျိုးသားလွှတ်တော်