Share this

လွှတ်တော်အခွင့်အရေးကော်မတီတွင် အဖွဲ့ဝင်အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

အမိန့်ကြော်ငြာစာများ

အမျိုးသားလွှတ်တော်၏ (၂၆-၃-၂၀၂၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၆) ဖြင့် ဖွဲ့စည်းခဲ့သည့် လွှတ်တော်အခွင့်အရေးကော်မတီ၌ အဖွဲ့ဝင်များအဖြစ် ပဲခူးတိုင်းဒေသကြီး  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးရဲမြင့်ထွန်း အစား မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဒေါက်တာဗညားအောင်မိုး အားလည်းကောင်း၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးအောင်မင်းနိုင် အစား တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးယုနိုင် အားလည်းကောင်း အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။