၁။ အမျိုးသားလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄(ဂ)၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄(ဂ)နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ လွှတ်တော်အခွင့်အရေးကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည် -
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။
၃။ ကော်မတီ၏သက်တမ်းသည် အမျိုးသားလွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါကကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။