Share this

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံး ဝန်ထမ်းမိသားစုများမှ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် စတုတ္ထအကြိမ် လှူဒါန်းခြင်း

လှုပ်ရှားမှုများတွေ့ဆုံမှု

နေပြည်တော်၊ ဩဂုတ် ၂၃

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံး ဝန်ထမ်းမိသားစုများက ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့်ပြည်သူများထံ သွားရောက်တွေ့ဆုံအားပေး၍ ဆန်၊ ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံး ဝန်ထမ်းမိသားစုများက စတုတ္ထအကြိမ်မြောက် ဆန်အိတ် (၁၀၀)၊ စားအုန်းဆီ ၁ လီတာ (၄၄၀)ဘူးအား ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်း ထောက်ပံ့ပြီးစီးမှုမှာ ၂၄ ပြည်ဝင် ဆန်(၄၀၀)အိတ်နှင့် စားအုန်းဆီ ၅၀ သားဘူး (၄၄၀) ဖြစ်ကြောင်း သိရှိရပါသည်။