Share this

ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင်အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း

အမိန့်ကြော်ငြာစာများ

အမျိုးသားလွှတ်တော်၏ (၂၆-၃-၂၀၂၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၆) ဖြင့် ဖွဲ့စည်းခဲ့သည့် ဥပဒေကြမ်းကော်မတီ၌ အဖွဲ့ဝင်အဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးလှသိန်း အစား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း အားလည်းကောင်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရှားရယ် အစား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးပြုံးချို အားလည်းကောင်း အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။