ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တတိယနေ့ အစီအစဉ်
[ ၁၅ - ၇ - ၂၀၂၀ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် တတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ် အတွင်း တိုက်ပွဲရှောင်စခန်းများတွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထား သည့် ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ရောဂါကာကွယ်ရေးအတွက် မည်သည့် အစီအမံများထားရှိပြီး တိုက်ပွဲရှောင်များ အဆင်ပြေစေရေး၊ စားဝတ်နေရေးအတွက် မည်သို့ဆောင်ရွက်ပေးထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စုနှင့် မင်းပြင် ကျေးရွာအုပ်စု၊ ပြင်ရှည် - ကုလာဘာ ကျေးရွာချင်းဆက်လမ်းပေါ်တွင်ရှိသော တံတား(၃)စင်းအား ဘတ်ဂျက်သတ်မှတ်နှစ်အတွင်း မပြီးစီးသည့်ကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်နှင့် မတူပီခရိုင်ကို ဆက်သွယ်သော မင်းတပ် - မတူပီ ခရိုင်လမ်းမကြီးအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းတာချဲ့ရန် ကျန်ရှိနေသော (၁၆/၃)မိုင်အား (၃၄)ပေ တာချဲ့ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်း အပြီးသတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ရှိ မုံရွာ - အရာတော် - ရွှေဘိုလမ်းမှ (မကျီးစောက်ကျေးရွာမှ ဆင်တလည်ကျေးရွာအထိ) လမ်းအရှည် ၉ မိုင် ၄ ဖာလုံ၊ လမ်းအကျယ် ၃၅ ပေ ရှိသောလမ်းတွင် ၄ မိုင် ၀.၅ ဖာလုံကို မြေလမ်းမှ ကျောက်လမ်းအဖြစ်သို့လည်းကောင်း၊ ၄ မိုင် ၇ ဖာလုံကို ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ်သို့လည်းကောင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးရဲမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ လူနေထူထပ်သော ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အမှိုက်စွန့်ပစ်ရန် နေရာ အခက်အခဲများ တစ်နေ့တခြား ကြီးထွားလာမှုကို ပုဂ္ဂလိကလုပ်ငန်းကြီး များအား တစ်ပိုင်တစ်နိုင် အမှိုက်မီးရှို့ဖျက်ဆီးစက် (Incinerator)များ အသုံးပြုစေရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာ၊ ကွင်းအမှတ်(၅၂၂)၊ (၅၂၃) သီးနှံစိုက်ဧရိယာ (၁၆၉)ဧကသည် မြေစာရင်း မြေပုံထွက်ရှိထားသော်လည်း စားကျက်မြေ ပယ်ဖျက်ခြင်းကို ဆိုင်းငံ့ ထားသောကြောင့်လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်း ၁၉၉၄ ခုနှစ် ကတည်းက ပါဝင်သွားခဲ့ပြီး ဖြစ်သောကြောင့် လည်းကောင်း မြို့မြေ သို့မဟုတ် ရွာမြေအဖြစ် သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၈။ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်း နှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်/မသင့် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။