ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
၁၁ ရက်မြောက်နေ့ အစီအစဉ်
[ ၂၅ - ၈ - ၂၀၂၀ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၁ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ “အမြင့်” မြို့ဟောင်းသည် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းအမျိုးမျိုးတို့အား နေရာအတည်တကျ ဂုဏ်ယူပြသထားရှိနိုင်ရန် အမြင့်မြို့ဟောင်း ယဉ်ကျေးမှုပြတိုက် အဆောက်အဦတစ်လုံး ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အမြင့်မြို့ဟောင်း၏ အထိမ်းအမှတ် မင်းလက်ဝါး၏ ရုပ်ထုပုံတော် စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာရှိ ဆယ်ပလာ ကျန်းမာရေးဌာန(ခွဲ) ဝန်ထမ်းအိမ်ရာအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာအုပ်စု၊ သစ်တော ကျေးရွာအား ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမည်ပေါက်ကျေးရွာအဖြစ် ပြင်ဆင်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတောင်ကျေးရွာအုပ်စု၊ ငလှမ်းပြင်ကျေးရွာအုပ်စု၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ နွားရုံတောင်ကျေးရွာတို့အား မူလအမည်မှန် ဖြစ်သည့် စည်တောင်ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာအုပ်စု၊ စံဂိုးတောင် ကျေးရွာအုပ်စု၊ အောင်ဇေယျ ကျေးရွာအဖြစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ယနေ့အချိန်တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသော ပုံနှိပ်မီဒီယာများ ဈေးကွက်တွင် အရှုံးပေါ်ကာ ဆက်လက်ထုတ်ဝေရန် မတတ်နိုင်တော့ဘဲ တစ်စောင်ပြီး တစ်စောင် ပိတ်သိမ်း ရပ်စဲ နေကြရပါသဖြင့် ပုံနှိပ်မီဒီယာလောက ပြန်လည်ထူမတ်လာစေရန်အတွက် မည်သို့ ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးများတွင် ဦးစီးအရာရှိ ရာထူးအဆင့်ရှိ ဝန်ထမ်းများနှင့် ခရိုင်ရုံးများတွင် လက်ထောက်ညွှန်ကြားရေးမှူး ရာထူး အဆင့်ရှိ ပုဂ္ဂိုလ်များ တာဝန်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဆ) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မောင်တော မြို့နယ်၊ (ဒု)ချီးရားတန်း ကျေးရွာအုပ်စုအတွင်း ဗောဓိကုန်း လျှိုပိတ် ဆည်ငယ် တည်ဆောက်ရာ၌ ဗောဓိကုန်းကျေးရွာ နှင့် ကံသာယာ ကျေးရွာတို့မှ သိမ်းဆည်းရာတွင် ပါဝင်သော လယ်ယာမြေနှင့် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ လျော်ကြေး၊ နှစ်ရှည်ပင် အတွက် နစ်နာကြေး မြေပြန်လည်အစားထိုး ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဇ ) ဦးတင်ဝေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်ရပ်ကွက်၊ စက်မှုဇုန်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံများအား အပြီးအပိုင်ပိတ်သိမ်းရန် အစီအစဉ် ရှိ/မရှိ နှင့် နှစ်စဉ် နိုင်ငံတော်သို့ အခွန်မည်မျှ ထမ်းဆောင် နေရသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက် ပေးပို့လာခြင်းကို အသိပေးတင်ပြခြင်း။
၇။ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ၏ (၁-၃-၂၀၁၈) ရက်နေ့မှ (၃၀-၇-၂၀၂၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာကို အောက်ပါလွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-
-ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)
၈။ တောင်သူလယ်သမားရေးရာကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။
၉။ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမား ဆိုင်ရာကော်မတီ၏ (၁-၃-၂၀၁၈) ရက်နေ့မှ (၁၃-၇-၂၀၂၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အောက်ပါလွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-
-ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)
၁၀။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော် ၏ အတည်ပြုချက် ရယူခြင်း။
၁၁။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေးထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းခြင်း။
၁၂။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၁၃။ အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၂၀) ကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။
၁၄။ အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၁၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၂ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။