|
အစည်းအဝေးကျင်းပသည့်နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးကြည်ဝင်း |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း |
| ဆောက်လုပ်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ - သင်္ဃန်းကြီး - ပြင်စလူ ကတ္တရာလမ်းသည် (၁-၁၁-၂၀၁၉) ရက်နေ့တွင် ရွေးမြစ်ရေတိုက်စားမှုကြောင့် မိုင်(၂/၆ - ၂/၇)ကြား ကမ်းပါးပြိုကျမှုမှစပြီး (၈-၁၁-၂၀၁၉) ရက်နေ့တွင် ထပ်မံပြိုကျခဲ့ရာမှ လမ်းကြောင်းပြတ်တောက်မှုမဖြစ်စေရေးနှင့် လမ်းတူကြောင်းအသစ်အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် ဆည်မြောင်းဦးစီးဌာနအနေနှင့်လည်း ရေငန်မဝင်ရောက်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၃၉)တွင် ဖတ်ရှုပါ။ |