Share this

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးဒုတိယနေ့ အစီအစဉ်

Tuesday, March 31, 2026 - 10:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးပထမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

 

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော

ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့

အစည်းအဝေး ဒုတိယနေ့ အစီအစဉ်

[  ၃၁  -  ၃  - ၂၀၂၆ ] ( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။

၅။ ဒုတိယသမ္မတလောင်းများ အမည်စာရင်း ကြေညာခြင်း။ 

၆။ ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းရာ၌  (၂)ဦး ရှိသဖြင့် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ခြင်း။

၇။ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ပုဂ္ဂိုလ်၏ အမည်ကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်ကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြမည်ဖြစ်ကြောင်း ကြေညာခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာခြင်း။