တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး
ဒုတိယနေ့ အစီအစဉ်
[ ၃ - ၆ - ၂၀၂၆ ] ( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ဒုတိယနေ့ အစည်းအဝေး အစီအစဉ်ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ဆိုလာဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာခ လျှော့ပေါ့ကောက်ခံရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း၊
( ခ ) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၇)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်းလေးရွာဖြစ်သော ဆီဆုံဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ် ကျေးရွာများအား လျှပ်စစ်မီး သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးဇော်ဇော်မြင့်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် (၂၄)နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ဓာတ်အားပြင်ပစနစ် (OFF Grid)ဖြင့် နေစွမ်းအင်သုံးစီမံကိန်း (Solar Power Project) ကဲ့သို့ စီမံကိန်းတစ်ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးဇော်ဇော်မြင့်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လမ်းမီးများအား နေရောင်ခြည်စွမ်းအင်သုံး (Solar Power System) ဖြင့် လျှပ်စစ်မီး တပ်ဆင် ပေးသွားနိုင်ရေး အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း များဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း များဆိုင်ရာကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည် စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အမျိုးသား လွှတ်တော်သို့ တင်ပြခြင်း။
၉။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။
၁၀။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။
၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။
၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ရပ်နားကြောင်းနှင့် တတိယနေ့အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။