Share this

ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ဆင်ခေါင်း - အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်နေသော စာသင်ခန်း (၆) ခန်းစာအတွက် အဆောက်အဦတစ်ခု ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ” သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

Monday, June 8, 2026 - 13:50
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Sein Shwe Min

 

တတိယအကြိမ်အမျိုးသားလွှတ်တော်

ဒုတိယပုံမှန် အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)  ဦးစိန်ရွှေမင်း၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

ရိုသေလေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုအဆင့်ဝင်များအားလုံး မင်္ဂလာပါလို့ ဦးစွာပဏမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးစိန်ရွှေမင်း ၏ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ဆင်ခေါင်း - အခြေခံပညာ အထက်တန်းကျောင်းတွင် လိုအပ်နေသော စာသင်ခန်း (၆) ခန်းစာအတွက် အဆောက်အဦတစ်ခု ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းနှင့်စပ်လျဉ်း၍-

- မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ဆင်ခေါင်း-အခြေခံပညာအထက်တန်းကျောင်းတွင်

- စာသင်ဆောင် (၆) ဆောင်

- စာသင်ခန်း (၂၀) ခန်း၊ တန်းခွဲ (၁၅) ခုရှိပါတယ်။

- မူဆင့်သင်ကျောင်းသား (၆၆၇) ဦး၊ လယ်ဆင့်သင်ကျောင်းသား (၁၄၄) ဦး၊ ထက်ဆင့်သင်  ကျောင်းသား (၁၀၈) ဦး၊ စုစုပေါင်း (၉၁၉) ဦး တက်‌ရောက်ပညာသင်ကြားလျက်ရှိပါတယ်။

- ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်‌ရေး) ခေါင်းစဉ်အောက်မှ (၉၀×၃၀) ပေ အုတ်ညှပ် (၁) ထပ် အန္တရာယ်ကျောင်းဆောင်အား ဖျက်သိမ်း၍ (၉၀×၃၀) ပေ RCC (၁) ထပ်အတွက် ခွင့်ပြုရန်ပုံငွေကျပ် (၂၅၆.၅၀၀) သန်းအား ရရှိထားပြီး ဖြစ်ပါတယ်။

- ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် (၁) ထပ်ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းများအား နေပြည်တော်ကောင်စီ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊  လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်‌ရေးအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။