Share this

ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ရွာသာ-အခြေခံပညာမူလတန်းကျောင်းသည် ခြကိုက်၍ ပျက်စီးနေပါသဖြင့် စာသင်ဆောင်အသစ် (၁) ‌ဆောင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

Monday, June 8, 2026 - 13:55
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Sein Shwe Min

 

တတိယအကြိမ်အမျိုးသားလွှတ်တော်

ဒုတိယပုံမှန် အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)  ဦးစိန်ရွှေမင်း ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

ရိုသေလေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုအဆင့်ဝင်များအားလုံး မင်္ဂလာပါလို့ ဦးစွာပဏမနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)ဦးစိန်ရွှေမင်း ရဲ့ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ရွာသာ-အခြေခံပညာမူလတန်းကျောင်းသည် ခြကိုက်၍ ပျက်စီးနေပါသဖြင့် စာသင်ဆောင်အသစ် (၁) ‌ဆောင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန့်နှင့်စပ်လျဉ်း၍-

- မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ရွာသာ-အခြေခံပညာမူလတန်းကျောင်းတွင်

- စာသင်ဆောင် (၂) ဆောင်၊

- စာသင်ခန်း (၇) ခန်း၊

- တန်းခွဲ (၆) ခုရှိပြီး မူဆင့်သင်ကျောင်းသားဦးရေ (၁၆၄) ဦး တက်ရောက် ပညာသင်ယူလျက်ရှိပါတယ်။

- ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ (၁၂၀×၃၀) ပေ  အုတ်ညှပ် (၁) ထပ် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၂၀ × ၃၀) ပေ RCC (၁) ထပ်အတွက် ခွင့်ပြုရန်ပုံငွေကျပ် (၃၄၂.၀၀၀) သန်းအား ရရှိထားပြီး ဖြစ်ပါတယ်။

- ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် (၁)ထပ်‌ ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းများအား နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်း‌ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်‌ရေးအတွက် တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။