တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) စိုင်းဝင်းခိုင်
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း
လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါခင်ဗျာ-
ကျွန်တော်ကတော့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ စိုင်းဝင်းခိုင် ဖြစ်ပါတယ်ခင်ဗျာ။
လွတ်တော်ဆိုင်ရာဥပဒေပုဒ်မ-၉ ပုဒ်မခွဲ(ဃ)အရ နိင်ငံသားများ၏ မူလအခွင့်အရေးများရရှိခံစားနိုင်ရေးကို ရှေးရှုလျက် ယင်းဥပဒေပုဒ်မ-၁၀ ပုဒ်မခွဲ(ဂ)အရ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား အောက်ပါကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းအပ်ပါသည်။
၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးများ ပါတီမှတ်ပုံတင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်ရှိ ပါတီဝင်စာရင်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲနှင့် မြို့နယ်လဝကဦးစီးဌာနတို့မှ စိစစ်ရာတွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ထပ်သည်ဆိုကာ ပါတီဝင်စာရင်းပယ်ဖျက်ခံရခြင်း၊ မဲစာရင်းပယ်ဖျက်ခံရခြင်းများ ရှိခဲ့ပါသည်။
(နမူနာစာရင်းပူးတွဲတင်ပြအပ်ပါသည်)
ထို့ပြင် ယခုအခါ လဝကမှ UID Card များ ထုတ်ပေးရာတွင်လည်း ဖော်ပြပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ထပ်သည့်သူများအနက် နောက်ကျမှ UID Card သွားလုပ်သူများက UID Card လုပ်မရသည့် ပြဿနာများ ကြုံတွေ့နေရပါသည်။ ထိုပြဿနာများကို မြို့နယ်လဝကရုံးများသို့ သွားရောက်ပြောဆိုသည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်အသစ် ပြန်လုပ်ပေး၍ ကတ်အသစ်လုပ်ပေးရန် ညွှန်ကြားချက်ရှိကြောင်း ဖြေကြားပါသည်။
ဖော်ပြပါ ကတ်ပြားနံပါတ်ထပ်သူအများစုတို့ နံပါတ်အသစ်ရယူလျှင် မိမိမူလနံပါတ်ဖြင့် ဆောင်ရွက်ထားသော အိမ်ဂရန်/ယာဉ်/ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ စာချုပ်စာတမ်းများ/ ပတ်စပို့စာအုပ်များ/ မှတ်တမ်းမှတ်ရာများအားလုံး တရားမဝင်ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် နံပါတ်သစ်ကတ်ပြားအသစ်မလုပ်ရဲကြဘဲ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေရပါသည်။ UID Card လုပ်မရသဖြင့် ယခုအခါ ပို၍ပင် အခက်တွေ့ကာ ကြီးမားသော နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေကြရပါသည်။
သို့ဖြစ်၍ အောက်ပါမေးခွန်းများကို ပြည်သူလူထုများ၏ကိုယ်စား မေးမြန်းအပ်ပါသည်။
(က) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ အဘယ်ကြောင့်ထပ်သည့်ကိစ္စ ဖြစ်ပေါ်ရပါသနည်း။
(ခ) ထိုကဲ့သို့ထပ်နေသည့် ကတ်ပြားအမှတ် ဦးစွာရရှိသူအား မည်ကဲ့သို့စိစစ်၍ ၎င်း၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ကာကွယ်စောင့်ရှောက်ပေးနိုင်မည်နည်း။
(ဂ) မသမာမှုကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ထပ်ရသည်ကို စိစစ်တွေ့ရှိပါက မည်သို့အရေးယူဆောင်ရွက်ပေးမည်နည်း။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) စိုင်းဝင်းခိုင် မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်
၁။ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၊ စိုင်းဝင်းခိုင်မှ “နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ၊ အဘယ်ကြောင့် ထပ်သည့်ကိစ္စဖြစ်ပေါ်ရပါသနည်း။ ထိုကဲ့သို့ ထပ်နေသည့်ကတ်ပြားအမှတ် ဦးစွာရရှိသူအား မည်ကဲ့သို့စိစစ်၍ ၎င်း၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်မည်နည်း၊ မသမာမှုကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ထပ်ရသည်ကို စိစစ်တွေ့ရှိပါက မည်သို့အရေးယူဆောင်ရွက်ပေးမည်တို့ကို သိရှိလိုကြောင်း” ကြယ်ပွင့်ပြမေးခွန်း မေးမြန်းလာပါသည်။
၂။ မြန်မာနိုင်ငံသားဥပဒေနှင့် နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ၁၉၈၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံသားအရည်အချင်းပြည့်မီသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိပါသည်။ ထိုသို့ ထုတ်ပေးရာတွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအကြောင်းအရာများကို နိုင်ငံသား၏ ကိုယ်ရေးမှတ်တမ်း (ပုံစံ နိုင်-၂) ဖြည့်စွက်ရေးသွင်းပြီးမှ (ပုံစံ နိုင်-၄) မှတ်ပုံတင်စာအုပ်ဖြင့် နံပါတ်ပေး၍ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် လူတစ်ဦးလျှင် နိုင်ငံသားနံပါတ်တစ်ခုသာ ရှိရမည်ဖြစ်ပါသည်။
၃။ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် Paper စနစ်/ Manual စနစ်ဖြင့် ဆောင်ရွက်ရပါသည်။ နိုင်ငံသားလုပ်ငန်းအား စတင်ဆောင်ရွက်ချိန်တွင် အသက်(၁၂) နှစ်အထက်ရှိသူများသည် အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြားကိုင်ဆောင်ထားသူများ ဖြစ်ပါသည်။
၄။ ၁၉၉၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင် မဲပေးရမည်ဖြစ်၍ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး၌ အထူးစီမံချက်ဖြင့် အသက်(၁၈) နှစ်ပြည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရပါသည်။ သို့ဖြစ်ပါ၍ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်နိုင်ရန် မိမိဝန်ထမ်းအင်အားလုံလောက်မှုမရှိသဖြင့် လုပ်အားပေးများစွာဖြင့် ဆောင်ရွက်ခဲ့ရခြင်း၊ ရွေးကောက်ပွဲအမီ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကိုသာ ဦးတည်ခဲ့ရသဖြင့် Paper စနစ်ဖြင့် ဆောင်ရွက်ရခြင်းကြောင့် မှားယွင်းမှုအချို့ ရှိခဲ့ရပါတယ်။
၅။ ၂၀၂၂ ခုနှစ်တွင် အီလက်ထရောနှစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ကွပ်ကဲမှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ နိုင်ငံသားနံပါတ်ပေးသည့် နိုင်-၄ မှတ်တမ်းများအား e-ID Biographic Registration System Software ဖြင့် Server အတွင်းသို့ ထည့်သွင်းခြင်းဆောင်ရွက်ခဲ့ရာ နိုင်ငံသားနံပါတ်ထပ်နေမှုများကို စိစစ်တွေ့ရှိခဲ့ပါသည်။
၆။ နိုင်ငံသားနံပါတ်တစ်ခုတည်းဖြင့် လူပုဂ္ဂိုလ်နှစ်ဦးအား နံပါတ်ထပ်၍ ထုတ်ပေးထားခြင်းကြောင့် ကာယကံရှင်များမှလည်း အဆိုပါနိုင်ငံသားနံပါတ်ဖြင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး တို့တွင် အသုံးပြုထားသဖြင့် အခက်အခဲမရှိစေရန်အတွက် ထုတ်ပေးထားသည့် နိုင်ငံသားနံပါတ်များအား ရုံးလက်ခံနိုင်ငံသားကိုယ်ရေးမှတ်တမ်းဖြင့် ပြန်လည်စိစစ်ခြင်း၊ သဘောရိုးဖြင့်မှားယွင်း၍ ထုတ်ပေးထားခြင်းဟုတ်မဟုတ် စစ်ဆေးခြင်း၊ ထုတ်ပေးထားသူများသည် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအရည်အချင်းအရ အထောက်အထားခိုင်မာစွာဖြင့် ထုတ်ပေးခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းမှ မရိုးဖြောင့်သောနည်းဖြင့် ထုတ်ပေးထားခြင်းရှိ/ မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
၇။ ဖြေရှင်းဆောင်ရွက်ပေးရာတွင် နိုင်ငံသားနံပါတ်တစ်ခုတည်းဖြင့် ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများသည် မှန်ကန်စွာထုတ်ပေးထားသော ကတ်ပြားများဖြစ်ပါက နံပါတ်ပေးသည့်စာအုပ်တွင် ဖော်ပြထားသူ အတည်ပြုပေးပြီး ကျန်တစ်ဦးအား နံပါတ်အသစ်ဖြင့်လည်းကောင်း၊ နံပါတ်ပေးသည့် စာအုပ်တွင် နှစ်ဦးစလုံးအား နိုင်ငံသားနံပါတ်တူညီစွာ မှတ်တမ်းသွင်းထားပါက နံပါတ်ထပ်နေသူနှစ်ဦးအား တွေ့ဆုံညှိနှိုင်း၍ စောစွာထုတ်ယူသူအား အတည်ပြုပြီး ကျန်တစ်ဦးအား နိုင်ငံသားနံပါတ်အသစ်ရယူစေခြင်းဖြင့်လည်းကောင်း၊ နိုင်ငံသားနံပါတ်ကို အတည်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် တစ်ဦးမှာ ယင်းနိုင်ငံသားနံပါတ်ဖြင့် ဘွဲ့လက်မှတ်၊ ဝန်ထမ်းပင်စင်စာအုပ်များတွင် အသုံးပြုထား၍ ကျန်တစ်ဦးမှာ အသုံးမပြုပါက ယင်းပုဂ္ဂိုလ်အား နံပါတ်အသစ်ထုတ်ပေးပြီး ယခင်နိုင်ငံသားနံပါတ်အဟောင်းကို ပညာရေး၊ စီးပွားရေး၊ ရုံးဌာနများနှင့်ဆက်စပ်သည့်နေရာများတွင် သုံးစွဲထားပါက အခက်အခဲမရှိစေရန်အတွက် နံပါတ်အသစ်ဖြင့်ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ နောက်ကျောတွင် ယခင်ကိုင်ဆောင်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဟုရေးသွင်း၍ မူလနံပါတ်အား ဖော်ပြပေးပြီး မြို့နယ်ဦးစီးမှ အတည်ပြုလက်မှတ်ရေးထိုးပေးပါသည်။
၈။ နိုင်ငံသားနံပါတ်ထပ်နေသူနှစ်ဦးတွင် တစ်ဦးအား မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်ပေးထားသည်ကို စိစစ်တွေ့ရှိပါက မှန်ကန်မှုရှိသူကိုသာ အတည်ပြုပြီး နိုင်ငံသား၊ အရည်အချင်း၊ မရှိသူကို ထုတ်ပေးထားသည့် ပါဝင်ပတ်သက်သူဝန်ထမ်းများ သို့မဟုတ် ပါဝင်ပတ်သက် ဆက်စပ်သူများအားဖော်ထုတ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူအပြစ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ အရာထမ်း(၃၀) ဦး၊ အမှုထမ်း(၄၈) ဦး၊ ပေါင်း(၇၈) ဦးတို့အား အရေးယူဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု၊ အိမ်ထောင်စုလူဦးရေးစာရင်းအတု၊ ပြုလုပ်ကိုင်ဆောင်သူနှင့် ဆောင်ရွက်ပေးခဲ့သော ပွဲစားများအား အရေးယူဆောင်ရွက်ခဲ့မှုအနေဖြင့် (၁၀၁) ဦးရှိပြီး (၃၂) ဦးအား ပြစ်ဒဏ်ချမှတ်၍ ကျန်(၆၉) ဦးအား တရားစွဲဆို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။
၉။ ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းလာသည့် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တူ/ထပ်နေသည့် ပါတီဝင်(၃၂) ဦးနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အမှတ်စဉ်(၁) ဦးစိုင်းသန်းကျော်မှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲ ယင်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်အမှန်မှာ ၁၃/နခန(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါကြောင်း အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ခ) အမှတ်စဉ်(၂) ဦးစိုင်းထွန်းကျော်သည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်း ဖြစ်နိုင်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့်ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊
(ဂ) အမှတ်စဉ်(၃) ဒေါ်နန်းအေးခမ်းမှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲ ယင်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် အမှန်မှာ ၁၃/မဆတ(နိင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အား ရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့်အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဃ) အမှတ်စဉ်(၄) ဦးစိုင်းအိုက်ထွန်းသည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်း ဖြစ်နိုင်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊
(င) အမှတ်စဉ်(၅) ဦးစိုင်းသန်းညွှန့်မှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲ ယင်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် အမှန်မှာ ၁၃/နခန(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အား ရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(စ) အမှတ်စဉ်(၆) ဦးစိုင်းအောင်ထွန်းမှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲ ယင်း၏နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/ကမန(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အား ရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဆ) အမှတ်စဉ်(၇) ဦးစိုင်းညွှန့်သည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်းဖြစ်နိုင်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့်ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
(ဇ) အမှတ်စဉ်(၈) မကိုသည် အခြားသူ၏နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်းဖြစ်နိုင်သောကြောင့် နမ့်ခမ်းမြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊
(ဈ) အမှတ်စဉ်(၉) ဒေါ်နန်းယုန်သည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်းဖြစ်နိင်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
(ည) အမှတ်စဉ်(၁၀) ဦးစိုင်းသိန်းမြင့်မှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲ ယင်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဋ) အမှတ်စဉ်(၁၁) ဦးစိုင်းအိုက်ပန်သည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်းဖြစ်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
(ဌ) အမှတ်စဉ်(၁၂) ဦးစိုင်းကျော်သိန်းမှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲ ယင်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဍ) အမှတ်စဉ်(၁၃) ဒေါ်နန်းဆွေ ၁၃/မဆတ(နိုင်)****** သည် မှန်ကန်မှုရှိပါကြောင်း၊ (ပြင်ဆင်ပြီးဖြစ်ပါသည်။)
(ဎ) အမှတ်စဉ်(၁၄) ဒေါ်နန်းအောင်ခင်မှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲ ယင်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်နေသောကြောင့် ပါတီအင်အား ရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဏ) အမှတ်စဉ်(၁၅) ဦးစိုင်းထီးဆိုင်အိုက်စိုင်းသည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်း ဖြစ်နိုင်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
(တ) အမှတ်စဉ်(၁၆) ဦးစိုင်းယီကမ်သည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်းဖြစ်နိုင်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
(ထ) အမှတ်စဉ်(၁၇) ဦးစိုင်းအောင်ပွင့်သည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်းဖြစ်နိုင်သောကြောင့်မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊
(ဒ) အမှတ်စဉ်(၁၈) ဒေါ်နမ်းခမ်းဌေးသည် အခြားသူ၏နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်းဖြစ်နိုင်သောကြောင့်မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊
(ဓ) အမှတ်စဉ်(၁၉) ဦးစိုင်းအိုက်မွန်မှာ နိုင်နံပတ်တူခြင်းမဟုတ်ဘဲ ယင်း၏နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(န) အမှတ်စဉ်(၂၀) ဦးစိုင်းမောင်မှာ နိုင်နံပတ်တူခြင်းမဟုတ်ဘဲယင်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟုယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ပ) အမှတ်စဉ်(၂၁) ဦးစိုင်းလုံခမ်းမှာ နိုင်နံပတ်တူခြင်းမဟုတ်ဘဲယင်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မမတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဖ) အမှတ်စဉ်(၂၂) ဦးစိုင်းဆမ်မှာ နိုင်နံပတ်တူခြင်းမဟုတ်ဘဲယင်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့်ပါတီဝင် အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟုယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဗ) အမှတ်စဉ်(၂၃) ဒေါ်နန်းမြအောင်မှာ နိုင်နံပတ်တူခြင်းမဟုတ်ဘဲ ယင်း၏နိုင်ငံသား စိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟုယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဘ) အမှတ်စဉ်(၂၄) ဒေါ်နန်းမေသက်ဆွေသည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပတ်ထပ်နေခြင်းဖြစ်နိုင်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊
(မ) အမှတ်စဉ်(၂၅) ဦးစိုင်းအိုက်ထွန်း ၁/မညန(နိုင်)****** သည်မှတ်တမ်းများအရ အိုက်ထွန်း ဖြစ်ပါကြောင်း၊ ပါတီဝင်ရိုက်သွင်းရာတွင် “စိုင်း” ပါဝင်သဖြင့် အမည်လွဲဖော်ပြခြင်းဖြစ်ပါကြောင်း၊
(ယ) အမှတ်စဉ်(၂၆) ဒေါ်နန်းခင်းဝင်းနွယ်သည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်းဖြစ်သောကြောင့် ကျောက်မဲမြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
(ရ) အမှတ်စဉ်(၂၇) မအေးပွဲ ၁၃/နခန(နိုင်)၀၀၂၀၆၃၀ ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/နခတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟု ယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(လ) အမှတ်စဉ်(၂၈) ဒေါ်နန်းရွှေအိမ်မှာ နိုင်နံပတ်တူခြင်းမဟုတ်ဘဲယင်း၏နိုင်ငံသား စိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့်ပါတီဝင် အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟုယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဝ) အမှတ်စဉ်(၂၉) မယေ့လားမှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲယင်း၏နိုင်ငံသား စိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟုယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(သ) အမှတ်စဉ်(၃၀) ဒေါ်နန်းလှမေမှာ နိုင်နံပါတ်တူခြင်းမဟုတ်ဘဲ ယင်း၏နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟုယူဆရပါသဖြင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဟ) အမှတ်စဉ်(၃၁) ဒေါ်နန်းအေးပွဲမှာ နိုင်နံပတ်တူခြင်းမဟုတ်ဘဲ ယင်း၏နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန်မှာ ၁၃/မဆတ(နိုင်)****** ဖြစ်သောကြောင့် ပါတီဝင်အင်အားရိုက်သွင်းရာတွင် မှားယွင်းရိုက်သွင်းသည်ဟုယူဆရပါသဖြင့် အမျိုးသားမှတ်ပုံ တင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။
(ဠ) အမှတ်စဉ်(၃၂) ဒေါ်နန်းထွမ်းခေါင်သည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ဖြစ်နေ၍ နိုင်နံပါတ်ထပ်နေခြင်း ဖြစ်နိုင်သောကြောင့် မူဆယ်မြို့နယ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
၁၀။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များအား ယခင်ကစာရွက်အခြေပြု (Paper Base)စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခဲ့ရသဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြားမှ နိုင်ငံသားစိစစ်ရေးကတ်ပြားသို့ ကာလတိုအတွင်း အထူးစီမံချက်ဖြင့် နေ့စားလရှင်း လုပ်အားပေးများ ခေါ်ယူအသုံးပြုခဲ့ရသဖြင့် နိုင်ငံသားနံပါတ်ထပ်နေသူ အနည်းငယ်ရှိနိုင်ပါသည်။ အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အသေးစိတ်အားသက်ဆိုင်ရာမြို့နယ်ရုံးများသို့ ညွှန်ကြားထားရှိပြီး Social Media များမှတစ်ဆင့် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ပေးလျက်ရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စည်းရုံးရေးနယ်မြေများတွင် နိုင်ငံသားနံပါတ်ထပ်သူများတွေ့ရှိပါက အိမ်ထောင်စုစာရင်း နေရပ်လိပ်စာတွင်ပါဝင်သော သက်ဆိုင်ရာ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့ စေလွှတ်ဆောင်ရွက်ရေးလမ်းညွှန်ပေးနိုင်ပါရန် ဖြေကြားအပ်ပါသည်။