Share this

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း

အမိန့်ကြော်ငြာစာများ

၁။အမျိုးသားလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆၊ ၁၀၇ နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

၂။ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။

၃။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီအမည်ပြင်ဆင်ခြင်းနှင့် ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုးတာဝန်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။