တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး
၁၂ ရက်မြောက်နေ့ အစီအစဉ်
[ ၃ - ၇ - ၂၀၂၆ ] ( သောကြာနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၂ ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ်ကြေညာခြင်း။
၄။ အစည်းအဝေးမတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးမောင်စိန်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃)၏ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဆောင်ရွက်မှုရပ်တန့်လျက်ရှိသော ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း၊
( ခ ) နန်းဝိုးစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ မိုင်(၂၀) အောက်ရွာ ပန်မော်မှ ဖာလိတ်၊ ပန်မုံ၊ ကျူရှို၊ ခမ်းမိုက်ဆော့၊ လွယ်သိုး၊ ပျက်ကန့်၊ ရှမ်းကုန်းဆာအထိ မြေသားလူသွားလမ်းအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆိုင်ကယ်များ သွားလာနိုင်သောလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ဂ) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဟွှေးကျေးရွာအုပ်စုရှိ၊ ဇော်ဂျီ-ကျောက်ဆည်ရေသောက် ဟွှေးစိုက်ပျိုးရေးကွင်း ဧက(၃၂၀)တွင် တောင်သူလယ်သမားများ(၁၂)လရာသီကာလပတ်လုံး ဆန်စပါးသီးနှံနှင့် အခြားသောသီးနှံများ စိုက်ပျိုးထုတ်လုပ်သယ်ယူပို့ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကုန်ထုတ်လမ်းများ ဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊
(ဃ) ဦးစိန်လွင်ဦး၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စပါးအထွက်တိုးပြီး ဝင်ငွေတိုးတက်မှုရရှိစေရန်နှင့် မြို့နယ်၏စပါးအထွက်နှုန်း လျော့ကျမသွားစေရန် ဓာတ်မြေဩဇာကို အစိုးရ၏သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြခြင်း။
၇။ အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌကကြေညာခြင်း။
၈။ ဦးရန်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီ ရရှိခဲ့သည့် လူငယ်များအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန်ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့်လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း -
(က) ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆)
( ခ ) ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)
( ဂ ) ဒေါ်သိင်္ဂီဝင်းရွှေ၊ စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)
(ဃ) ဦးဖေသန့်ဇော်၊ မကွေးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)
( င ) ဦးကြည်လင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)
( စ ) ဦးကျော်ဇင်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)
မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် ( ၈ ) မိနစ်။
၉။ ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့် မသင့်အဆုံးအဖြတ်ရယူခြင်း။
၁၀။ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်းဆုံးဖြတ်ပါက ယင်းအဆိုကိုလက်ခံဆွေးနွေးရန်မရှိကြောင်း ဥက္ကဋ္ဌကကြေညာခြင်း။
(သို့မဟုတ်)
အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌကကြေညာခြင်း။
၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၃ ရက်မြောက်နေ့ အစည်းအဝေးဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကိုကြေညာခြင်း။