အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီသည် (၈-၇-၂၀၂၆) ရက်၊ ဗုဒ္ဓဟူးနေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) ၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ နိုင်ငံတော်အတွင်းဖွဲ့စည်းထားရှိသော အစိုးရမဟုတ်သောပြည်တွင်းအသင်းအဖွဲ့များ(NGOs)၊ အစိုးရမဟုတ်သောနိုင်ငံတကာအသင်းအဖွဲ့များ(INGOs) မှတ်ပုံတင်ခြင်းဆိုင်ရာ ဆောင်ရွက်ပုံအဆင့်ဆင့်နှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါ်မီမီကျော်ထွန်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးသိန်း နှင့်တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၅:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။