Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ အစီအစဉ်(၁၀-၇-၂၀၂၆)

Friday, July 10, 2026 - 10:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး 

၁၅ ရက်မြောက်နေ့ အစီအစဉ်

[ ၁၀ - ၇ - ၂၀၂၆ ] ( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၅ ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေးမတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်နွယ်နွယ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း အမျိုးသားအားကစား အဆင့်အတန်းမြှင့်တင်ရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၂၀ x ၉၀ x ၃၆) ပေ အတိုင်းအတာရှိသော(က)အဆင့် အားကစားရုံ တည်ဆောက်ပေးရန်၊ ဝန်ထမ်းများအတွက် နေထိုင်ရေး အဆင်ပြေစေမည့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန်နှင့် မြို့နယ်တင်းနစ်ကွင်း ဘေးပတ်ပတ်လည်ကို ခြံစည်းရိုးအုတ်တံတိုင်းကာရံပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ခ ) ဦးထွန်းအောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်သည် (၈-၁၁-၂၀၂၃)ခုနှစ်မှစတင်၍ စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ထီးချိုင့်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်(၇)ဆောင်သည် စစ်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေပါသဖြင့် အလျင်အမြန်ပြုပြင်ပေးရန် လိုအပ်နေပါသောကြောင့် အစိုးရအနေဖြင့် အကြီးစားပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် ပြုပြင်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊

( ဂ ) ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၃၀ x ၃၀ x ၂၄)‌ပေ RCC နှစ်ထပ် ကျောင်းဆောင်သစ်(၁)ဆောင်၊ ကဘင်းချောင်း အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် (၁၃၀x၃၀x၂၄)‌ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်(၁)ဆောင်၊ မိုင်းသွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၂၀x၃၀x၁၂)‌ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်(၁)ဆောင်တို့ကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း။

၆။ ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များ စနစ်တကျကောက်ခံရရှိရေးနှင့်ပြည်သူများ၊ အစိုးရဌာနများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သောအစီအမံများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း - 

(က) ဒေါ်ကျင်သိန်း၊ ဧရာဝတီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၉ )

( ခ )  ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၄ )

( ဂ ) ဦးကျော်ဇင်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၈ )

(ဃ) ဦးတင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၈ )

( င ) ဦးစောသွင်၊ မကွေးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၉ )

( စ ) ဦးဇော်ဇော်မြင့်၊ ရခိုင်ပြည်နယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)

(ဆ) ဒေါ်ကျော့ယဉ်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃)

( ဇ ) ဒေါက်တာခိုင်ခိုင်ဆု၊ ရခိုင်ပြည်နယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၆ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။