Share this

ပြည်ထောင်စုလွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းများအတွက် စက်ဘီးများလှူဒါန်း

သတင်းနှင့် ပြန်ကြားရေး

နေပြည်တော် ဇူလိုင် ၉

ပြည်ထောင်စုလွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းများအတွက် စက်ဘီးများလှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံအစည်းအဝေးခန်းမ၌  ကျင်းပသည်။ ဦးစွာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးJeng Phang နော်တောင် (ခ) ဦးနော်တောင် က ကျေးဇူးတင်စကားပြောကြားပြီး စက်ဘီးများလှူဒါန်းပေးသော Nandar Khant Trading Co.,ltd အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများအတွက် စက်ဘီးများကို တာဝန်ရှိသူများက မဲဖောက်ပေးခဲ့သည်။

အမျိုးသားလွှတ်တော်