နေပြည်တော်၊ ဇူလိုင် ၁၀
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၆)ကို ၁၀-၇-၂၀၂၆ ရက်နေ့ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-20) အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ကော်မတီဝင်များက တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကာလအတွင်းတွင် တင်သွင်းမေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများ၊ အဆိုများနှင့်စပ်လျဉ်း၍ ကော်မတီက ဖွဲ့စည်းပေးထားသည့် သက်ဆိုင်ရာအဖွဲ့များက ကတိဖြစ်/မဖြစ်ကို ဆွေးနွေးတင်ပြပြီး ကော်မတီက အတည်ပြုဆုံးဖြတ်ပါသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် မူဝါဒများချမှတ်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို (၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မတီဝင်များနှင့် ကော်မတီရုံးမှ တာဝန်ရှိသူဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။