Share this

ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ အများပြည်သူများအား ရေဖြန့်ဝေပေးရာတွင် လျှပ်စစ်မီးအသုံးပြုနေရပြီး လျှပ်စစ်မီတာခသည် (၁)ယူနစ်လျှင်(၅၀၀)ကျပ် ဖြစ်သွားသည့်အတွက် ရေဖြန့်ဝေမှုမှရသည့်ဝင်ငွေနှင့် လျှပ်စစ်မီတာခမမျှတဘဲ လစဉ်လိုငွေပြနေသဖြင့် လျှပ်စစ်မီးနှင့် ဆိုလာစနစ်တွဲဖက်အသုံးပြုနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, July 24, 2026 - 15:15
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Sein Shwe Min

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်() မှ ဦးစိန်ရွှေမင်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

မင်းဘူးမြို့သည် ရပ်ကွက်(၄)ခုရှိပြီး၊ အိမ်ခြေ(၅,၅၃၂)အိမ်နှင့် လူဦးရေ(၃၀,၅၀၃)ဦးရှိပါသည်။ စာသင်တိုက်၊ ဓမ္မရိပ်သာစသည့်အပါအဝင် ဘုန်းကြီးကျောင်း(၈၀)ခန့်ရှိပါသည်။ မင်းဘူးမြို့သည် ဧရာဝတီမြစ်ကမ်းမှာရှိသော်လည်း ဘူမိသဘောအရ ရေတွင်းတူးရခက်ပါသည်။ ရှားရှားပါးပါးတူးလို့ရပါကလည်း ရေပူတွေနှင့် ရေငံသာထွက်ကြပါသည်။ သို့အတွက် သုံးမရပါ။

မင်းဘူးမြို့ကို ကျောက်တန်းဘက်ရှိ စိမ့်တွင်း (၅) တွင်း၊ တာဘိုင်စခန်းနေရာတွင် ရေတွင်း (၂) တွင်းနှင့် ဧရာဝတီမြစ်မှ ပွန်းတင်စနစ်ဖြင့် (၁)တွင်းတို့ဖြင့် အိမ်ခြေ (၅,၅၃၂) အိမ်များသို့ အိမ်သွယ်ရေတိုင် (၃,၉၄၅) တိုင်ဖြင့် ရေဖြန့်ဝေပေးလျှက်ရှိပါသည်။

မင်းဘူးမြို့ရှိပြည်သူများ ရေလုံလောက်စွာရရှိနိုင်ရန် တစ်ရက် ရေလိုအပ်ချက် (၁၀.၆၇)သိန်းဂါလံရှိပြီး၊ လက်ရှိအားဖြင့် တစ်ရက်ကို (၈.၂) သိန်းဂါလံကို (၂) ရက်ခြား တစ်ကြိမ်ပေးဝေနေပါသည်။ လူဦးရေ၏ (၇၁%)ကို ဖြန့်ဝေပေးထားပါသည်။ မင်းဘူးမြို့၏မြေမျက်နှာပြင်အနေအထားအရ ရေတွင်းများမှ ရေလှောင်ကန်များသို့ တစ်ရက်တာရေပေးဝေနိုင်ရေး (၂၄) နာရီပတ်လုံး (၂)ရက် မောင်းတင်မှ တစ်ရက်စာဖြန့်ဝေနိုင်သည့် ရေပမာဏရပါသည်။

ရေဖြန့်ဝေရာတွင် ရေတွင်းမှ လှောင်ကန်သို့ ရေစုတ်ယူခြင်းနှင့် တွန်းတင်ပေးခြင်းတို့ကို လျှပ်စစ်မီးအသုံးပြုပါသည်။ ယခုအခါ လျှပ်စစ်မီတာခသည် (၁)ယူနစ်လျှင် (၅၀၀) ကျပ် ဖြစ်သွားသည့်အတွက် လစဉ်ရငွေနှင့် ကုန်ငွေမမျှတဘဲ လိုငွေပြလျက်ရှိပါသည်။

ရေသုံးစွဲမှုအတွက် ရေခွန်အဖြစ် (၁)ယူနစ်လျှင် (၁၃၀၀)ကျပ်ကောက်ခံပါသည်။ အိမ်သွယ်ရေတိုင် (၃,၉၄၅)တိုင်အတွက်သာ ရေခွန်ကောက်ခံရရှိသော်လည်း စာသင်တိုက်၊ သီလရှင်ကျောင်း၊ ဓမ္မရိပ်သာများအပါအဝင် ဘုန်းကြီးကျောင်း (၈၀)ကျော်ကိုမူ လှူဒါန်းထားရပါသည်။ သို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဏာနှစ်က ရေခွန်ရငွေ စုစုပေါင်း (၅,၇၉၈.၃၂၄)သိန်းဖြစ်ပြီး၊ မီတာခအနေဖြင့် (၁)ယူနစ် (၅၀၀) ကျပ်ဖြင့် (၈,၅၉၈.၈၆၉)သိန်းကျပါသည်။ လိုငွေအနေဖြင့် (၂,၈၀၀.၅၄၅)သိန်း ဖြစ်ပါသည်။ လစဉ် သိန်း(၂၀၀)ကျော် လိုငွေပြနေသည့်သဘောဖြစ်ပါသည်။

အထက်ပါလိုငွေပြနေမှုကို မဖြေရှင်းနိုင်ပါက လက်ရှိရေခွန် (၁) ယူနစ်လျှင်(၁၃၀၀) ကောက်ခံနေခြင်းမှ ရေခွန်ဈေးတက်ရပါလိမ့်မည်။ လက်ရှိ ကောက်ခံသည့်နှုန်းထားသည်ပင် ရေသုံးစွဲသူများအနေဖြင့် တစ်အိမ်လျှင် လစဉ်ပျမ်းမျှ (၂၀,၀၀၀)ကျပ်ဝန်းကျင်ကျပါသည်။ ရေဖိုးတစ်ခုအတွက် အိမ်တစ်အိမ် လစဉ်(၂၀,၀၀၀)ကျော် ကုန်ကျမှုသည် ယခုလိုခက်ခဲကြပ်တည်းနေကြချိန်မှာ အတော်များသည့်ပမာဏဖြစ်ပါသည်။ ဒါကို မကုစားနိုင်ပါက ရေခွန်တိုးကောက်ရပါတော့မည်။

ရေခွန်ရရှိငွေနှင့် မီတာခနှိုင်းယှဉ်ပြီး လိုငွေပြနေမှုကိုဖြေရှင်းနိုင်ရန် မီတာခလျော့ကျစေရန်အတွက် လျှပ်စစ်မီးနှင့် ဆိုလာစနစ်တွဲဖက်သုံးစွဲနိုင်မှ ဖြစ်ပါမည်။

သို့ဖြစ်ပါ၍ မင်းဘူးမြို့ ရေပေးဝေရေအတွက် လျှပ်စစ်မီးသုံးစွဲနေရသည့်နေရာမှာ မီတာခလျော့ချနိုင်ရန် လျှပ်စစ်မီးနှင့် ဆိုလာစနစ်တွဲဖက်အသုံးပြုနိုင်ရေး ဆိုလာစနစ်တပ်ဆင်ပေးနိုင်ခြင်း အစီအစဉ် ရှိ/ မရှိ သိရှိလိုပါသဖြင့် လေးစားစွာ မေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်() မှ ဦးစိန်ရွှေမင်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်()ဦးစိန်ရွှေမင်းမေးမြန်းသည့်မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ အများပြည်သူများအားရေဖြန့်ဝေပေးရာတွင် လျှပ်စစ်မီးအသုံးပြုနေရပြီး လျှပ်စစ်မီတာခသည် တစ်ယူနစ်လျှင် ၅၀၀ ကျပ် ဖြစ်သွားသည့်အတွက် ရေဖြန့်ဝေမှုမှရသည့် ဝင်ငွေနှင့် လျှပ်စစ်မီတာခမမျှတဘဲ လစဉ်လိုငွေပြနေပါသဖြင့် လျှပ်စစ်မီးနှင့် ဆိုလာစနစ်တွဲဖက်အသုံးပြုနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကျွန်တော် ဒုတိယဝန်ကြီး ဦးအေးကျော်က ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရပ်ကွက်()ခုသို့ ရေဖြန့်ဝေပေးလျက်ရှိသည့် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မင်းဘူးရေပေးဝေရေး (မြစ်ရေတင်)စက်ရုံတွင် ၁၁/.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေထရန်စဖော်မာ (၂) လုံးနှင့် ကျောက်တန်းရေတင်စက်ရုံတွင် ၃၁၅ ကေဗွီအေ ထရန်စဖော်မာ (၂) လုံးတို့ဖြင့် ဓာတ်အားရယူသုံးစွဲလျက်ရှိပါတယ်။ အဆိုပါစက်ရုံများသို့ ၃၃/၁၁ ကေဗွီ၊ ၂ဝ အမ်ဗွီအေ မင်းဘူးဓာတ်အားခွဲရုံမှ  ၁၁ ကေဗွီ ကျောက်တန်းရေတင်သီးခြားဖီဒါဖြင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။

ကျောက်တန်းရေပေးဝေရေးစက်ရုံရှိ ရေစိမ့်တွင်း () တွင်းမှ တစ်နာရီလျှင် ဂါလံ ၁၁,၅၀၀ နှုန်း တင်ပို့သောရေကို နမ္မဒါရေလှောင်ကန်၊ လိပ်တောင်ရေလှောင်ကန်နှင့်အောင်မြေရေလှောင်ကန်တို့မှ တစ်ဆင့် (၂) ရက်ခြား () ကြိမ် အလှည့်ကျစနစ်ဖြင့် မင်းဘူးမြို့ပေါ် ()ရပ်ကွက်သို့ ရေဖြန့်ဝေပေးလျက်ရှိရာ စုစုပေါင်း ရေမော်တာ(၁၁)လုံး တပ်ဆင်အသုံးပြုလျက်ရှိပြီး တစ်လလျှင် စုစုပေါင်း မီတာယူနစ် ၁၄၀,၀၀၀ ကီလိုဝပ်နာရီခန့် သုံးစွဲလျက်ရှိပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမတိုင်မီ လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းမပြုမီကာလတွင် ကျသင့်သည့် မီတာခစုစုပေါင်းမှာ တစ်လလျှင် သိန်း(၂၅၀)ကျပ်ခန့် ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ်စိုက်ထုတ်ကျခံသုံးစွဲရမှုကို လျှော့ချနိုင်ရန် ကုန်ကျစရိတ်များအား ကာမိသော လျှပ်စစ်ဓာတ်အားခနှုန်းထားများ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ() ရက်မှစတင်၍ ပြင်ဆင်သတ်မှတ်ခဲ့ရာတွင် အိမ်သုံးမဟုတ်သည့်အမျိုးအစားများ (စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/ လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ)အတွက် အလွှာ()လွှာဖြင့် မီတာယူနစ် (၁ မှ ၅,၀၀၀ ယူနစ်ထိ) အား တစ်ယူနစ်လျှင် ၂၅၀ ကျပ်နှုန်း၊ (,၀၀၁ မှ ၂၀,၀၀၀ ယူနစ်ထိ)အား တစ်ယူနစ်လျှင် ၄၀၀ ကျပ်နှုန်း၊ ၂၀,၀၀၁ ယူနစ်နှင့်အထက်အား တစ်ယူနစ်လျှင် ၅ဝဝ ကျပ်နှုန်း ဓာတ်အားခကောက်ခံလျက်ရှိပါတယ်။ ယခုအခါ မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်၌ အများပြည်သူများအား ရေဖြန့်ဝေပေးလျက်ရှိသော ရေမော်တာ(၁၁)လုံး၏ စုစုပေါင်း သုံးစွဲမီတာယူနစ်သည် တစ်လလျှင် ၁၄၀,၀၀၀ ယူနစ်ခန့် အသုံးပြုလျက်ရှိသဖြင့် မီတာခစုစုပေါင်း ကျပ်သိန်း ၇၀၀ ဝန်းကျင်ခန့် ကျသင့်ခြင်းဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပေါင်းစပ်ဖြေကြားချက်အရ ဆိုလာစနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ကျောက်တန်းရေစက်ရုံရှိ (နမ္မဒါရေတွန်းစက်)တွင် ၈၅ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၁၀ သန်းအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ကျောက်တန်းရေစက်ရုံရှိ (လိပ်တောင်ရေတွန်းစက်)တွင် ၈၅ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၁၀ သန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ကျောက်တန်းရေစက်ရုံရှိ (အောင်မြေရေတွန်းစက်)တွင် ၅၆ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၃၃၆ သန်းအား ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ မင်းဘူးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစားပေးအစီအစဉ်ဖြင့် လျာထားတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုယ်စားဖြေကြားအပ်ပါတယ်။