Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့ အစီအစဉ် (၂၇ - ၇ - ၂၀၂၆)

Monday, July 27, 2026 - 13:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး 

၂၂ ရက်မြောက်နေ့ အစီအစဉ်

[ ၂၇ - ၇ - ၂၀၂၆ ] ( တနင်္လာနေ့ ) နေ့လယ် ၁၃:၃၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၂၂ ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးစိန်ရွှေမင်း၊ မကွေးတိုင်း‌ဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၄)၏ လုံခြုံရေးအရထားရှိသော စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု ပြုလုပ်ရာ၌ လူဖြင့်အားပြုစစ်ဆေးသည်ထက် နည်းပညာသုံး စစ်ဆေးခြင်းမျိုး ပြုလုပ်နိုင်မည်ဆိုပါက တားမြစ်ကုန်ပစ္စည်းများ ဥပဒေနှင့် မလွတ်ကင်းသူများအား ဖော်ထုတ်တားဆီးနိုင်မည်ဖြစ်ပါသဖြင့် လုံခြုံရေးအရထားရှိသည့် စစ်ဆေးရေးဂိတ်များတွင် နည်းပညာမြင့်စက်ကိရိယာများ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလအပိုင်းအခြားတွင် တပ်ဆင်ပေးသွားမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ခ )ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)၏ တောင်သူလယ်သမားများအား စမတ်ကတ် (Smart Card) များ ထုတ်ပေးပြီး သင့်လျော်သော ခွဲတမ်းအလိုက် စက်သုံးဆီ တရားဝင် ဝယ်ယူခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့် MSME လုပ်ငန်းများအားလည်း လိုင်စင်ပါ အချက်အလက်များအလိုက် စမတ်ကတ် (Smart Card) များ ထုတ်ပေးပြီး စက်သုံးဆီဝယ်ယူခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်  ကိုယ်စားလှယ် အမှတ်(၄)၏  ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ (၁၂၀ x ၂၅ x ၁၂)ပေရှိ တစ်ထပ် သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေ ပင်မကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် အစားထိုးကျောင်းဆောင်သစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊

(ဃ) ဒေါက်တာဗညားအောင်မိုး၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ အမျိုးသားပညာရေးဥပဒေအရ တိုင်းရင်းသားတို့၏ စာပေသင်ကြားရေးကို ထိရောက်စွာ သင်ကြားဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသား မူလတန်းပြ ဆရာအဆင့်နှင့် မူလတန်းပြလစာပေးရန်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်  တိုင်းရင်းသား စာပေသင်ကြားရေး တာဝန်ခံများ ခန့်အပ်ထားပေးရန်နှင့် မော်လမြိုင်တက္ကသိုလ်တွင် မွန်စာပေယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခုဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊

(င) ဦးဇော်မင်းထူး၊ ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် နယ်မြေတည်ငြိမ် အေးချမ်းနေပြီ ဖြစ်ပါသဖြင့် ဒေါတမရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒေါတမ အခြေခံပညာ အလယ်တန်းကျောင်း (၂)ကျောင်း၏ နှစ်ထပ်ကျောင်းဆောင်များအား ဆောက်လုပ်ခဲ့ရာ(၄၀%)ခန့်  ပြီးစီးခဲ့ပြီး လွိုင်ကော်မြို့တွင်း၌ သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည့်အတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် (၁၀၀%) ပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း၊

( စ ) ဦးငွေထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စံပယ်ဆောင် (၁၅၀x၃၀x၂၀)ပေ တစ်ထပ် ကျောင်းဆောင်သည် သက်တမ်း(၃၈)နှစ်ကြာပြီဖြစ်၍ ကြံ့ခိုင်တောင့်တင်းမှု အားနည်းနေခြင်း၊ စင်္ကြံအမိုးများ ဆွေးမြေ့ပျက်စီးနေခြင်း၊ မျက်နှာကြက်များ ပေါက်ပြဲပြုတ်ကျပျက်စီးနေခြင်း၊ အုတ်ညှပ်ထားသောသစ်များ ခြစားနေခြင်းတို့ကြောင့် ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းခွင့်ပြုရန်နှင့် ဖျက်သိမ်းခွင့် ရရှိပါက ၎င်းမြေနေရာပေါ်တွင် (၁၅၀x၃၀x၂၀)ပေ RC (၃)ထပ်ဆောင် သို့မဟုတ် (၁၅၀x၃၀x၂၀)ပေ (၂)ထပ်ဆောင် ‌ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း။

၆။ ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း-

(က) ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၄ )

( ခ ) ဦးစောသွင်၊ မကွေးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၉ )

( ဂ ) ဦးသိန်းဇော်၊ ပဲခူးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၈ )

(ဃ) ဦးကျော်ဝင်းဦး၊ ပဲခူးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၆ )

မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် ( ၆ ) မိနစ်။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၂၃ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။