နေပြည်တော်၊ သြဂုတ် ၂၄
ပြည်ထောင်စုလွှတ်တော်နာယက၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥက္ကဋ္ဌ (MPU)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကိုယ်စား ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဂျဲန်ဖန်နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများအား တွေ့ဆုံပြီး၊ တွေ့ဆုံပွဲတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၃၀)ပါအတိုင်း ကျင့်ကြံနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတော်နှင့်ပြည်သူတို့အကျိုးအား ရှေးရှုဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများကို ပြည်ထောင်စုလွှတ်တော်နာယကကိုယ်စား ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဂျဲန်ဖန်နော်တောင် က ဆန်၊ ဆီ ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။