နေပြည်တော်၊ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် တပ်မတော်သား အမျိုးသားလွှတ်တော်လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကျော်သူရအေး က ငွေကျပ် သိန်း (၂၀) ကို လှူဒါန်းခဲ့ပြီး အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးလှသိန်း က အလှူငွေအား လက်ခံခဲ့သည်။
အဆိုပါ အလှူငွေပေးအပ်ပွဲသို့ အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးလှသိန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်တင့် နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်ချူပ်ကျော်သူရအေး၊ ဗိုလ်မှူးချုပ်လှမျိုး တို့ တက်ရောက်ခဲ့ကြသည်။