အမျိုးသားလွှတ်တော်၏ (၂၂-၆-၂၀၂၆)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၂၆) ဖြင့် ဖွဲ့စည်းခဲ့သည့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေယျာဝင်း အစား ဗိုလ်မှူး ဇော်မင်းသိန်း အား အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။