ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးဒုတိယနေ့မှတ်တမ်း ၁၃၇၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်( ၂၀၁၇ ခုနှစ်၊ မေလ ၁၉ ရက် )[သောကြာနေ့] အချိန်၊ ၁၀း၀၀။ နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဥ်ကို ၁၀း၀၀ နာရီအချိန်၌ စတင်ကျင်းပ ပါသည်။ [အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်း က ဆောင်ရွက်ပြီး၊ အခမ်းအနားမှူး အဖြစ် ဦးလွင်ဦး၊ ညွှန်ကြားရေးမှူးချုပ် အမျိုးသားလွှတ်တော်ရုံးက ဆောင်ရွက်ပါသည်။]အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်းအချိန်၊ ၁၀း၀၀။ အခမ်းအနားမှူး။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ယခုအချိန်က စပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးရဲ့ ဒုတိယနေ့ အစီအစဉ် စတင်ပါတော့မယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ကြွရောက်လာပါပြီခင်ဗျား။အချိန်၊ ၁၀း၀၀။ ဥက္ကဋ္ဌ။ ။ အားလုံး မင်္ဂလာပါ။ [အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌ အတွက် သတ်မှတ်ထားသည့် စင်မြင့်ပေါ်သို့ ကြွရောက်နေရာယူပါသည်။] အခမ်းအနားမှူး။ ။ အားလုံးထိုင်နိုင်ကြပါပြီခင်ဗျား။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက်အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း အချိန်၊ ၁၀း၀၁။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ လွှတ်တော်အခွင့်အရေး ကော်မတီရဲ့ တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၂၂၄)ဦးရှိပြီး ဒီကနေ့ အစည်းအဝေးကို (၁၉၈)ဦး တက်ရောက်ပါတယ်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ရဲ့ (၈၈.၃၉)ရာခိုင်နှုန်းရှိပြီး တက်ရောက်တဲ့ ကိုယ်စားလှယ်ဦးရေဟာ အစည်းအဝေး အထမြောက်ရန် လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံထက်ကျော်လွန်တဲ့အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နဲ့ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နဲ့ ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနဲ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာ ပါတယ်။ (သြဘာသံများ)အစည်းအဝေး အစီအစဉ် ဖြန့်ဝေထားကြောင်း တင်ပြခြင်းအချိန်၊ ၁၀း၀၁။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄ အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ရဲ့ ဒုတိယနေ့ အစီအစဉ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အတိုင်း ကျင်းပပါမယ်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းအချိန်၊ ၁၀း၀၂။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၄)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(က)အရ ခွင့်ပန်ကြားလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအတွက် အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကသော်လည်းကောင်း ခွင့်ပန်ကြားရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အစည်းအဝေး မတက်ရောက်နိုင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် ခွင့်ပန်ကြားဖို့ ဖြစ်ပါတယ်။အချိန်၊ ၁၀း၀၃။ ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)။ ။ လေးစားအပ် ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ ၁၉-၅-၂၀၁၇ ရက်နေ့မှာ အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များရဲ့ကိုယ်စား စစ်ကိုင်းတိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ကျွန်တော် ဦးမောင်မောင်လတ် က ခွင့်ပန် ကြားသွားမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] မှတ်တမ်းတင်ခြင်း ယနေ့ အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များမှာ ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးခင်အောင်မြင့်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၊ ကျန်းမာရေး။ ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၊ ကိုယ်တိုင် ဆောင်ရွက်ရန်။ ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၊ ကျန်းမာရေး။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၊ ကိုယ်တိုင်ဆောင်ရွက်ရန်နှင့် ဦးစခင်ဇော်လင်း၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၊ အလုပ်ရုံဆွေးနွေးပွဲတို့ ဖြစ်ကြပါတယ်။ ယခင်က ခွင့်ပန်ကြားသဖြင့် လွှတ်တော်က ခွင့်ပြုထားသူ(၁၉)ဦးနှင့် ယနေ့ ခွင့်ပန်ကြားသူ (၇)ဦးဖြစ်ပြီး၊ စုစုပေါင်းခွင့်ပန်ကြားသူ(၂၆)ဦး ဖြစ်ပါတယ်။ ခွင့်မဲ့ပျက်ကွက်သူ မရှိပါကြောင်းနှင့် ယနေ့ ခွင့်ပန်ကြားသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်က ခွင့်အဖြစ် သတ်မှတ် ပေးနိုင်ပါရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ လေးစားစွာ တင်ပြအပ်ပါတယ် ခင်ဗျား။အချိန်၊ ၁၀း၀၅။ ဥက္ကဋ္ဌ။ ။ ယခု ခွင့်ပန်ကြားချက်များကို ခွင့်ပြုဖို့ လွှတ်တော်က သဘောတူပါသလား ခင်ဗျား။ [သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သေဘာတူပါသည်။] သဘောတူတဲ့အတွက် ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်းကြေညာ ပါတယ်။ (သြဘာသံများ)အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အြေခအနေကို မှတ်တမ်းတင်ခြင်းအချိန်၊ ၁၀း၀၅။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို တက်ရောက်ခွင့်ရှိတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၂၄)ဦး၊ ယခင်ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ (၁၉)ဦး၊ ယနေ့ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ (၇)ဦးဖြစ်၍ အမျိုးသားလွှတ်တော်က စုစုပေါင်းခွင့်ပြုထားသူ(၂၆)ဦး ဖြစ်ပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိပါ။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ)အရ ယခု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှု အခြေအနေ တင်ပြချက်ကို လွှတ်တော်ရဲ့ အတည်ပြုချက် ရယူပါမယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှု အြေခအနေ တင်ြပချက်ကို လွှတ်တော်က အတည်ပြုပါသလားခင်ဗျား။ [သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က အတည်ပြုပါသည်။] ဥက္ကဋ္ဌ။ ။ လွှတ်တော်က အတည်ပြုတဲ့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို အမျိုးသားလွှတ်တော်က အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။(သြဘာသံများ)ကြယ်ပွင့်ပြထားသည့်မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၀င်များက ဖြေကြားခြင်းအချိန်၊ ၁၀း၀၆။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၅)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားတဲ့ ကြယ်ပွင့်ပြထားတဲ့ မေးခွန်းတွေကို မေးမြန််းခြင်းနဲ့ ဖြေကြားခြင်း အစီအစဉ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယခု လွှတ်တော်ကိုယ်စားလှယ်(၄)ဦး မေးမြန်းတဲ့ မေးခွန်းများဟာ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး တစ်ဦးတည်းက ဖြေကြားမယ့် မေးခွန်းများ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များက သက်ဆိုင်ရာ မေးခွန်းတွေကို တစ်ဆက်တည်း မေးမြန်းပြီးမှ ပြည်ထောင်စု ဝန်ကြီးက တစ်ခုချင်း ဖြေကြားပေးဖို့ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ တိုက်ခန်းနှင့် လမ်းများကို မည်သည့် အဖွဲ့အစည်းက တာဝန်ယူ စီမံခန့်ခွဲနေမှုကို သိရှိလိုခြင်းနှင့် သောက်သုံးရေ မလုံလောက်ခြင်း၊ လမ်းများပေါ်တွင် ရေအိုင်များ ဖြစ်ပေါ်နေခြင်း၊ အမှိုက်များ မရှင်းလင်းခြင်း စသည့် အခြားလိုအပ်ချက်များအား မည်သည့်အချိန်တွင် ဖြေရှင်း ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်းအချိန်၊ ၁၀း၀၇။ ဥက္ကဋ္ဌ။ ။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ တိုက်ခန်းနှင့် လမ်းများကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူ စီမံခန့်ခွဲနေမှုကို သိရှိလိုခြင်းနှင့် သောက်သုံးရေ မလုံလောက်ခြင်း၊ လမ်းများပေါ်တွင် ရေအိုင်များ ဖြစ်ပေါ်နေခြင်း၊ အမှိုက်များ မရှင်းလင်းခြင်း စသည့် အခြားလိုအပ်ချက်များအား မည်သည့်အချိန်တွင် ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] မေးမြန်းခြင်း အချိန်၊ ၁၀း၀၇။ ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ အားလုံးကို မင်္ဂလာရှိတဲ့နေ့တစ်နေ့ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်ြဖစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ် အတွင်းမှာ ယုဇနဥယျာဉ်မြို့တော်ဆိုတာ ရှိပါတယ်။ အဲဒီ ယုဇနဥယျာဉ်မြို့တော်မှာ တိုက်ခန်းပေါင်း တစ်သောင်းခွဲလောက်ရှိပြီးတော့ လူဦးရေအားဖြင့် ငါးသောင်းကျော် နေထိုင်လျက်ရှိပါတယ်။ အဲဒီ ယုဇနဥယျာဉ်မြို့တော်ကြီးကို ၁၉၉၇ ခုနှစ် လောက်က ယုဇနကုမ္ပဏီနဲ့ အိုးအိမ်ဦးစီးဌာနတို့ကနေ တရားဝင်စာချုပ်ချုပ်ဆိုပြီးတော့ စတင်ပြီးတော့ မြို့တည်ခဲ့ပါတယ်။ နောက်ပိုင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီကလည်း အရင်းအနှီးများ ထည့်ဝင်ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ယုဇနဥယျာဉ် မြို့တော်ကြီးရဲ့ ပိုင်ရှင်(၃)ဦးဖြစ်နေပြီးတော့ ယုဇနကုမ္ပဏီရယ်၊ အိုးအိမ်ဦးစီးဌာနရယ်၊ စည်ပင်သာယာ ရေးအဖွဲ့တို့က မြို့တော်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ဘယ်သူကပိုင်ပြီးတော့ ဘယ်လိုစီမံခန့်ခွဲနေတယ်၊ ဘယ်သူ့မှာ တာဝန်နဲ့ အခွင့်အရေးတွေ ဘယ်လိုရှိတယ်၊ ဘယ်လိုရပိုင်ခွင့်တွေ သူတို့မှာရှိနေတယ် ဆိုတဲ့ ဟာကို ဘယ်လိုစာချုပ်တွေ ချုပ်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ နေထိုင်သူများရော၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များရော၊ မြို့နယ်အုပ်ချုပ်တဲ့ တာဝန်ရှိတဲ့သူတွေရော မသိရှိခဲ့ကြပါဘူး။ သို့သော်လည်း ဒီနေ့ အဲဒီ ယုဇနဥယျာဉ်မြို့တော်ကြီးမှာနေထိုင်ကြတဲ့ ကျွန်တော့်ရဲ့မဲဆန္ဒရှင် ပြည်သူများဟာ ရေမြောင်းကြီးငယ်တွေ ပိတ်နေတဲ့အတွက် အရင့်အရင်နှစ်တွေကလိုပဲ ရေတွေ လမ််းမှာ ဖုံးလွှမ်းနေတဲ့ဟာကိုဖြတ်ပြီးတော့ ကျွန်တော်တို့ ကျောင်းသွား၊ ရုံးသွား သွားလာနေတဲ့ဒုက္ခ ကျွန်တော်တို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြောင်းရှင်းပေးဖို့ စည်ပင်သာယာက ဆောင်ရွက်နေပေမယ့်လည်း သူက ပြောပါတယ်။ ကုမ္ပဏီကနေပြီးတော့ ဒီတိုက်ခန်းတွေကို စည်ပင်ကို တရားဝင် လွှဲပြောင်းပေးအပ်ထားတာ မရှိတဲ့အတွက် စည်ပင်မှာ တာဝန်မရှိဘူးလို့ ပြောပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ လျှပ်စစ်မီးမှာလည်း မီးတိုင်တွေ၊ မီးလုံးတွေ ကျွန်တော်တို့ ပျက်စီး လို့ သွားပြောရင် ကုမ္ပဏီပိုင်ပစ္စည်းများဖြစ်ပြီးတော့ ကုမ္ပဏီကနေပြီးတော့ ကျွန်တော်တို့ တရားဝင် လွှဲပြောင်းအပ်နှံမှု မရှိတဲ့အတွက် YESB အနေနဲ့ မလုပ်ဆောင်ပေးပါလို့ လူထုတွေ့ဆုံပွဲမှာကို အတိအလင်း ပြောကြားခဲ့ပါတယ်။ အဲဒီတော့ ဘယ်သူ့မှာ တာဝန်ရှိလို့ ဘယ်သူ့မှာ တာဝန်ခံမှန်းမသိတဲ့ ပြည်သူတွေဟာ ကိုယ့်ဟာကိုယ်ပဲလုပ်နေရတဲ့ဒုက္ခတွေပဲ ခံစားနေရပါတယ်။ ဒီအတိုင်းပဲ။ လမ်းများ ပြုပြင် တဲ့နေရာမှာလည်း ဒီအတိုင်းပါပဲ။ တိုက်တွေပြုပြင်တဲ့နေရာမှာလည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ကုမ္ပဏီ သွားပြောတော့ ကုမ္ပဏီက ဘီးခွန်၊ လမ်းခွန်ကို သူမကောက်တဲ့အတွက် သူမလုပ်ပေးဘူးပြောပါတယ်။ တိုက်တွေလည်း နေထိုင်တဲ့လူတွေက ကိုယ့်ဟာကိုယ်ပဲ လုပ်ပိုင်ခွင့် ရှိ/မရှိ မေးစရာလူမရှိဘဲ ကိုယ်တိုင်ပဲ ကျွန်တော်တို့ ကိုယ့်သဘောနဲ့ကိုယ် ပြင်ဆင်နေရတဲ့ဘဝရောက်ပါတယ်။ သောက်သုံးရေကိစ္စ၊ အမှိုက် ကိစ္စတွေမှာလည်း ဒီအတိုင်းပါပဲ။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် ကျွန်တော်တို့ ပြည်သူတွေဟာ စည်ပင်သွားပြောရင် စည်ပင်ကနေပြီးတော့ ကုမ္ပဏီက မလွှဲေသးလို့ ပြောတယ်။ ဒီအတိုင်းပဲ။ ကုမ္ပဏီသွားပြောပြန်တော့လည်း ကုမ္ပဏီကလည်း အကြောင်း အမျိုးမျိိုးပြပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ စျေးရုံကြီးနဲ့ မြေအကျယ်ကြီးလုပ်ထားပေမယ့် စျေးရုံကြီး ကလည်း ပြိုတော့မယ်။ ကျွန်တော်တို့ ဘယ်သူမှလည်း စျေးရောင်းမယ့်သူ စျေးမှာမရှိဘဲနဲ့ ရပ်ကွက်ထဲ လမ်းဘေးတွေမှာပဲ စျေးရောင်းနေကြပါတယ်။ အဲဒီတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘယ်သူ့မှာ တာဝန်ရှိပြီးတော့ ဘယ်သူက တာဝန်ခံပြီး ဖြေရှင်းပေးမှာလဲ။ ဘယ်တော့ ဖြေရှင်းပေးမှာလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေကနေပြီးတော့ အင်မတန် ဒုက္ခခံစားရင်းနဲ့ မျှော်လင့်နေကြရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေကိုယ်စား ကျွန်တော်ကနေပြီးတော့ ဒီကိစ္စတွေကို ဘယ်သူ့မှာ တာဝန်ရှိပြီးတော့ ဘယ်သူက ဘယ်တော့ဖြေရှင်းပေးမယ်ဆိုတာကို ကျွန်တော်တို့ လေးလေးစားစားနဲ့ မေးမြန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းစံပြကျေးရွာ၊ ကျိုက္ခမီကားလမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ရုံးဝင်းအတွင်း တည်ရှိသော ကျောက်မှုန့်နှင့် ကတ္တရာချက်လုပ်ြခင်းမှ ထွက်ရှိလာသော အခိုးအငွေ့များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်စေသဖြင့် နိုင်လွန်ကတ္တရာ ချက်လုပ်ခြင်းအား ရပ်တန့်ရန််နှင့် အမြန်ဆုံးပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းအချိန်၊ ၁၀း၁၁။ ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင် က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းစံပြကျေးရွာ၊ ကျိုက္ခမီကားလမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ရုံးဝင်းအတွင်း တည်ရှိသော ကျောက်မှုန့်နှင့် ကတ္တရာချက်လုပ်ြခင်းမှ ထွက်ရှိလာသော အခိုးအငွေ့များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်စေသဖြင့် နိုင်လွန်ကတ္တရာ ချက်လုပ်ခြင်းလုပ်ငန်းအား ရပ်တန့်ရန််နှင့် အမြန်ဆုံး ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းတဲဲ့့ မေးခွန်းကို မေးမြန်းဖို့ ဖြစ်ပါတယ်။အချိန်၊ ၁၀း၁၁။ ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)။ ။ ယနေ့ကြွရောက်လာကြတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး မင်္ဂလာပါ။ ကျွန်မက မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် ဖြစ်ပါတယ်။ ကျွန်မရဲ့မဲဆန္ဒနယ်မြေထဲမှာရှိတဲ့ မော်လမြိုင်မြို့၊ ကြာအင်းစံပြ ကျေးရွာဟာ အိမ်ခြေ(၄၃၀)၊ အိမ်ထောင်စုပေါင်း(၄၈၁)စုနဲ့ လူဦးရေ(၁၈၉၂)ဦး နေထိုင်လျက်ရှိပြီးတော့ အဲဒီရွာရဲ့ထိပ်မှာ ကြာအင်းကျေးရွာ မူလွန်ကျောင်းတစ်ကျောင်းတည်ရှိပါတယ်။ အဲဒီကျောင်းမှာ ကျောင်းသား စုစုပေါင်း(၄၀၀)လောက်ရှိပြီးတော့ ဆရာ၊ ဆရာမပေါင်း (၁၈)ယောက်နဲ့ စာသင်ကြား လျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်] မေးမြန်းခြင်း အဲဒီ ကြာအင်းကျေးရွာ မူလွန်ကျောင်းတည်ရှိတဲ့ကျောင်းဝင်းနဲ့ မွန်ပြည်နယ် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် စက်မှုရုံးဝင်းဟာ ကျွန်မတို့ ဝင်းနှစ်ဝင်းရဲ့ကြားမှာ (၁၀)ပေ လမ်းတစ်ခု သာြခားပါတယ်။ အဲဒီ ဆောက်လုပ်ရေးယန္တရားဝင်းအတွင်းမှာ လမ်းဦးစီးဌာနကပိုင်တဲ့ နိုင်လွန် ကတ္တရာချက်စက်ဟာ နေ့တိုင်း လည်ပတ်လျက်ရှိပါတယ်။ အဲဒီလိုလည်ပတ်မှုကြောင့် စက်ကနေထွက် လာတဲ့ ဆူညံသံတွေ၊ မီးခိုးငွေ့တွေ၊ ကျောက်အမှုန့်တွေနဲ့ ကတ္တရာညှော်နံ့တွေဟာ ကျွန်မတို့ ဒီရွာ အတွင်းမှာ လေထုကနေပြီးတော့ ပျံ့နှံ့နေတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ မူလွန်ကျောင်းဝင်းနဲ့ ဆောက်လုပ်ရေးယန္တရားဝင်းဟာ ကျွန်မ အထက်က တင်ပြသလို (၁၀)ပေလောက်ပဲ၊ (၁၀)ပေကွာလမ်းလေးတစ်ခုသာခြားတဲ့အတွက် အဲဒီ ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေဟာ နေ့တိုင်း ဒီစက်ရဲ့ဆူညံသံနဲ့ ဒီစက်ကနေ ထွက်လာတဲ့ ကတ္တရာညှော်နံ့တွေ ကျောက်မှုန့်တွေကို နေ့စဥ် ရှူရှိုက်နေရတဲ့အနေအထားမှာရှိပြီးတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲဒီလိုပါပဲ ရွာထဲမှာဆောက်လုပ်ထားတဲ့ လူနေအိမ်များမှာလည်းပဲ ကျွန်မတို့ ဒီကျေးရွာမှာ နေတဲ့ သက်ကြီးရွယ်အိုတွေဟာ ဒီကျောက်မှုန့်နဲ့ ကတ္တရာညှော်နံ့တွေကို နေ့တိုင်းရှူရှိုက်နေရတာဟာ (၃)နှစ်လောက် ရှိပြီဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့ ကလေးတွေ၊ သက်ကြီးရွယ်အို တွေရဲ့ ကျန်းမာရေးဟာ ကျွန်မတို့ ထိခိုက်လာစေပါတယ်။ ဒါကြောင့်မို့လို့ ကျေးရွာမှာနေတဲ့ ရပ်မိရပ်ဖ ကနေပြီးတော့ ဆောက်လုပ်ရေးပိုင် နိုင်လွန်ကတ္တရာချက်စက်ကို ရပ်တန့်ပေးဖို့ ကျေးရွာကနေ ဝေးတဲ့နေရာကို ရွှေ့ပြောင်းပေးဖို့ ဆိုပြီးတော့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတာရှိပါတယ်။ နောက်ဆုံး ကျွန်မတို့ ဒီမော်လမြိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှာ ကျွန်မတို့ ဒီ ကြာအင်းကျေးရွာနေ ရပ်မိရပ်ဖတွေနဲ့ ဆောက်လုပ်ရေးဘက်မှ တာဝန်ရှိသူတွေ ညှိနှိုင်းတဲ့အခါမှာ လောလောဆယ်တော့ ကျွန်မတို့ မရွှေ့နိုင်သေးဘူး။ ဒီ မော်လမြိုင်နဲ့ ချောင်းဆုံကြား ကျွန်မတို့ အခု တည်ဆောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားမှာ ကျွန်မတို့ နိုင်လွန်ကတ္တရာလမ်း ခင်းဖို့ရှိတဲ့အတွက် အဲဒီတံတားပြီးရင် ရွှေ့ပေးပါ့မယ်ဆုိပြီးတော့ မတ်လ ၃၁ ရက်နေ့ကို ရွှေ့ဖို့အတွက် ရက်ချိန်းပေးထား ခဲ့တာ ရှိပါတယ်။ ဒါပေမယ့််လည်း အခု ဗိုလ်ချုပ်အောင်ဆန်းတံတားလည်း ဖွင့်ပြီးသွားပါပြီ။ ဒါပေမဲ့ အခုချိန်ထိ စက်ရုံကို မရွှေ့နိုင်သေးတဲ့အတွက် ကျွန်မတို့ မေးတဲ့အခါကျတော့ မော်လမြိုင်မြို့ပေါ် မှာရှိတဲ့ လမ်းကြီး(၄)လမ်းကို ကျွန်မတို့ နိုင်လွန်ကတ္တရာလမ်း ခင်းဖို့ရှိတယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒီမြို့ကြီးတွေရဲ့ အဓိကကျတဲ့ လမ်းတွေကို အဆင့်မီ နိုင်လွန် ကတ္တရာခင်းတာဟာ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တယ်ဆိုတာကို ကျွန်မတို့ ပြည်သူများ အနေနဲ့ နားလည်သော်လည်းပဲ၊ ကျန်းမာရေးကလည်းပဲ အရေးကြီးတဲ့ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အဲဒါ ကြောင့်မို့လို့ ဒီစက်ရုံကနေပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒီသဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ပြည်သူ တွေကနေပြီးတော့ နှစ်ရှည်လများ ခံစားရတဲ့အခါကျတော့ သူတို့အနေနဲ့လည်း ကျန်းမာရေးအတွက် ကို တော်တော်စိတ်ပူနေကြတာ ရှိပါတယ်။ အထူးသဖြင့် ဒီ ကတ္တရာချက်စက်က ထွက်လာတဲ့ အမှုန် တွေ၊ အငွေ့တွေကို နေ့တိုင်း ရှူရှိုက်နေရတဲ့အတွက် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေ၊ နောက် အခုခေတ်မှာ လူတွေ အကြောက်ဆုံးဖြစ်တဲ့ ကင်ဆာရောဂါတွေ ခံစားရရှိနိုင်တယ်ဆိုတာလည်း ကျွန်မတို့ ဆေးပညာမှာ ဖတ်ရှုရတာရှိပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် ဒီ ကြာအင်းကျေးရွာမှာရှိတဲ့ ဒီနိုင်လွန်ကတ္တရာချက်စက်ရုံ လက်ရှိ လည်ပတ်တာနဲ့ပတ်သက် ပြီးတော့ Power Point နဲ့ တင်ပြခွင့်ပြုဖို့လည်း ဥက္ကဋ္ဌကြီးဆီမှာ တောင်းခံအပ်ပါတယ်ရှင်။ ဥက္ကဋ္ဌ။ ။ Power Point နဲ့ဆိုတော့ ခင်ဗျား အချိန်ကုန်နေပြီ။ လိုရင်းပဲ မေးလိုက်တော့။ ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)။ ။ ဟုတ်ကဲ့။ (၁)မိနစ်ပါပဲ။ အဲဒါက စက်တည်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ ဒါကတော့ စက်ရုံဝင်း ဖြစ်ပါတယ်။ ဒါက ကျောက်မှုန်တွေ ကျွန်မတို့ ပုံထားတာဖြစ်ပါတယ်။ ဒါက စက်ရုံဝင်းကို ကျွန်မတို့ အဝေးကနေရိုက်ထားခြင်း ဖြစ်ပါတယ်။ ဒါက မူလွန်ကျောင်း ဖြစ်ပါတယ်။ ဒါက မူလွန်ကျောင်း တည်ရှိတဲ့ပုံစံ ဖြစ်ပါတယ်။ ဒါက စက်လည်ပတ်တဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ အခိုးအငွေ့တွေကို ကျွန်မတို့ ရုိက်ထားတဲ့ပုံ ဖြစ်ပါတယ်။ ဒီအငွေ့တွေဟာ ကျောင်းဘက်ရှိတဲ့ နေရာရယ်။ နောက်ကပ်လျက် သတင်းစာတုိက်ဘက်ကို အခိုးအငွေ့တွေ ပျံ့လွှင့် နေတာ ဆိုတာကို ပုံမှာပါတဲ့အတိုင်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌ။ ။ အချိန်စေ့သွားပြီ။ လမ်းဦးစီးဌာန၊ မော်လမြိုင်ခရိုင်မှ တည်ဆောက်လည်ပတ်လျက်ရှိသော နိုင်လွန်ကတ္တရာခင်းစက် တည်နေရာြပြေမပုံ (က) AC Plant လုပ်ငန်းနေရာအဆုံးနှှင့် အ.မ.က (မူလွန်ကျောင်း)အထိ အကွာအဝေး ပေ ၁၀၀၀ တည်နေရာြပြေမပုံ (က-၁)၂၀၁၇ ခုနှစ်] မေးမြန်းခြင်း နိုင်လွန်ကတ္တရာဖျော်စက်အား မီးခိုးခေါင်းတိုင် မြှင့်တင်ထားပုံ (က-၂) အမျိုးသားလွှတ်တော် [မေလ ၁၉ ရက်ချင်းပြည်နယ်ရှိ မတူပီမြို့၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့များတွင် မြို့အင်္ဂါရပ်နှင့် ညီညွတ်မှုရှိအောင် မြို့ပေါ်ရှိ လမ်းများအား ကတ္တရာလမ်း တိုးချဲ့ခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း အချိန်၊ ၁၀း၁၇။ ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် က ချင်းပြည်နယ်ရှိ မတူပီမြို့၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့များတွင် မြို့အင်္ဂါရပ်နှင့် ညီညွတ်မှုရှိအောင် မြို့ပေါ်ရှိ လမ်းများအား ကတ္တရာလမ်း တိုးချဲ့ခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါတယ်။အချိန်၊ ၁၀း၁၇။ ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အခု ကြယ်ပွင့်ပြမေးမယ့် မေးခွန်းကတော့ ချင်းပြည်နယ်ရှိ မတူပီမြို့၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့များကို မြို့အင်္ဂါရပ်နှင့် ညီညွတ်အောင် မြို့ပေါ်လမ်း စုစုပေါင်း (၆)မိုင်အား ကတ္တရာလမ်း ခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်ပြီးတော့မှ မေးမြန်းသွားမှာ ဖြစ် ပါတယ်။ Power Point ပြသခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မတူပီမြို့၊ ရေဇွာမြို့များတွင် ကတ္တရာလမ်း နည်းပါးသည့်အတွက် မိုးရာသီတွင် ဗွက်တွေထူထပ်ပြီး နွေရာသီမှာ ဖုန်တွေတထောင်း ထောင်းထနေသည့်အတွက် မြို့ပေါ်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရာ အဆင်မပြေ ဖြစ်နေပါတယ်။ လိုင်လင်းပီမြို့ သည်လည်း ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြို့အဆင့် သို့ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပေမယ့် ကတ္တရာလမ်းခင်းထားခြင်း လုံးဝ မရှိသေးပါ။ ချင်းပြည်နယ်တွင် အင်မတန်မှ မိုးများသောဒေသဖြစ်၍ မိုးရာသီတွင်လည်း ဗွက်တွေထူထပ်ပြီးတော့မှ တောင်ပေါ်လမ်း ဖြစ်တဲ့အတွက် လမ်းကလည်း ချော်နေတယ်။ ေနာက် ကျောင်းသွား၊ ကျောင်းပြန်၊ ရုံးသွား၊ ရုံးပြန်နဲ့ သက်ကြီးရွယ်အိုများလည်း မကြာခဏဆိုသလို ချော်လဲနေပါတယ်။ အထက်ပါမေးခွန်းနဲ့ ပတ်သက်၍ ဘာကြောင့် (၆)မိုင်လေးကို ပြည်ထောင်စုအဆင့်မှာ တင်ပြလဲဆိုတော့ ကတ္တရာလမ်းဟာ အင်မတန်မှ ကုန်ကျစရိတ်များတယ်လို့ သိရပါတယ်။ ဆောက်လုပ်ရေးဌာနက ပြောပြချက်အရဆိုရင် (၁၂)ပေ အကျယ် ကတ္တရာလမ်း(၁)မိုင်က ကျပ်သိန်းပေါင်း(၁၅၀၀)ကျော် ကုန်ကျတယ်လို့ သိရပါတယ်။ ကျွန်တော် အခုတင်ပြထားတဲ့ စုစုပေါင်း(၆)မိုင်ဟာ ဆိုလို့ရှိရင် ကျပ်သိန်းပေါင်း တစ်သောင်းကျော်ခန့် ကုန်ကျမှာ ဖြစ်တဲ့အတွက် ဒီလောက်များတဲ့ ငွေကြေးပမာဏဟာ မြို့နယ်စည်ပင်သာယာရေးဘတ်ဂျက်ဖြင့့် လုံးဝလုံလောက်မည်မဟုတ်သလို ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့်လည်း လုံလောက်မယ့် အနေအထား မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်] မေးမြန်းခြင်း ဥက္ကဋ္ဌကြီးခင်ဗျား။ မတူပီမြို့တွင် မြို့အင်္ဂါရပ်နဲ့ညီညွတ်အောင် လည်မြို့လမ်း (၂)ဖာလုံ၊ ဆာခေါင်းလမ်း (၃)ဖာလုံ၊ ေသာင်ဇခုပ်လမ်း (၃)ဖာလုံ၊ ငလားလမ်း (၂)ဖာလုံ၊ ဒုတိယ ဟားခါးလမ်း (၂)ဖာလုံ၊ ဗိုလ်တိုက်ချွန်းလမ်း (၂)ဖာလုံ၊ အ.ထ.က(၁)လမ်း (၁)ဖာလုံ၊ ဘုံတလာခန်းမလမ်း (၁)ဖာလုံ စုစုပေါင်း(၂)မိုင် ကတ္တရာခင်းရန် လိုအပ်မည်ဖြစ်ပါတယ်။ ရေဇွာမြို့ဟာလည်း ယနေ့အထိ ကတ္တရာလမ်း စုစုပေါင်း(၁)မိုင်ခွဲခန့်သာ ရှိနေပါသေးတယ်။ ယခုအခါ မြို့ဧရိယာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်ြဖစ်တဲ့အတွက် ရေဇွာမီးသတ်စခန်းသို့သွားသော ရွာမလမ်း (၃)ဖာလုံ၊ ဖဲရဲလမ်း (၃)ဖာလုံ၊ ဟားခါး-မတူပီလမ်းဆုံမှ ZBA ရုံးအထိ (၁)မိုင်နဲ့ (၂)ဖာလုံ၊ စုစုပေါင်း(၂)မိုင်ခန့် ကတ္တရာ လမ်းခင်းပေးရန် လိုအပ်မယ်ဖြစ်ပါတယ်။ လိုင်လင်းပီမြို့သည်လည်း မြို့သစ် ဖြစ်သည့်အားလျော်စွာ မြို့အင်္ဂါရပ်နေနဲ့ညီညွတ်အောင် မြို့ပေါ်ကတ္တရာလမ်းများ ခင်းပေးရန် လိုအပ်လာပါပြီ။ လိုင်လင်းပီမြို့တွင် စုစုပေါင်း(၂)မိုင်ခန့် ကတ္တလမ်းခင်းပေးရန် လိုအပ်မည်ဖြစ်ပါတယ်။ ကျွန်တော်ဒီ Power Point ထဲမှာ ပြထားတဲ့ဟာက တောင်ပေါ်မြို့လေးတွေက အဆောက်အအုံလေးတွေနဲ့ သာသာယာယာလေးတော့ ရှိနေပါပြီ။ လမ်းများ ကိုသာ ကတ္တရာခင်းေပးရန် လိုအပ်နေပါသည်။ သို့ဖြစ်ပါ၍ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင််ရာသို့ လေးစားစွာ မေးမြန်းလိုတာက တော့ ချင်းပြည်နယ်ရှိ မတူပီမြို့၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့များကို မြို့အင်္ဂါရပ်နှင့် ညီညွတ်အောင် မြို့ပေါ်လမ်း စုစုပေါင်း(၆)မိုင်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ကတ္တရာ ခင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်််ဆင့် သက်ဆိုင်ရာသို့ လေးစားစွာ မေးမြန်းတင်ပြခြင်း ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မတူပီမြို့မှ ရပ်ကွက်တစ်ခု၏ မြင်ကွင်းပုံ (ခ) ရေဇွာမြို့မှ ရပ်ကွက်တစ်ခုကို တွေ့မြင်ရသော မြင်ကွင်းပုံ (ခ-၁) အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် လိုင်လင်းပီမြို့ကို Google Earth မှ တွေ့မြင်ရသော မြင်ကွင်းပုံ (ခ-၂) ၂၀၁၇ ခုနှစ်] မေးမြန်းခြင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရက ဝန်ကြီးဌာနအလိုက် ခွင့်ပြုခဲ့သော တည်ဆောက် ပြုပြင်လုပ်ငန်းများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရများ၊ ဌာနဆိုင်ရာ များအနေဖြင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဒေသ၏အမှန်စျေးနှုန်းများဖြင့် ပြန်လည်တွက်ချက်၍ တင်ဒါ ချပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း အချိန်၊ ၁၀း၂၁။ ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင် က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရက ဝန်ကြီးဌာနအလိုက် ခွင့်ပြုခဲ့သော တည်ဆောက် ပြုပြင်လုပ်ငန်းများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရများ၊ ဌာနဆိုင်ရာ များအနေဖြင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဒေသ၏အမှန်စျေးနှုန်းများဖြင့် ပြန်လည် တွက်ချက်၍ တင်ဒါချပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါတယ်။အချိန်၊ ၁၀း၂၂။ ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပေါင်း မင်္ဂလာပါ။ ကျွန်တော် မေးမြန်းမယ့် မေးခွန်းကတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် အစိုးရက ဝန်ကြီးဌာနအလိုက် ခွင့်ပြုခဲ့သော တည်ဆောက်ပြုပြင် လုပ်ငန်းများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရများ၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဒေသ၏အမှန်စျေးနှုန်းများဖြင့် ပြန်လည် တွက်ချက်၍ တင်ဒါချပေးရန် အစီအစဉ် ရှိ/မရှိ ဖြစ်ပါတယ်။ မေးမြန်းလိုတဲ့ အကြောင်းပြချက်ကတော့ ဒီမေးခွန်းကို ဘာကြောင့် မေးရလဲဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေဟာ နှစ်စဥ် ပေါ်ပေါက်လျက်ရှိပါတယ်ခင်ဗျား။ မကုန်သင့်သည့် နေရာမှာမကုန်အောင် အလေအလွင့်နည်းအောင် စိစိစစ်စစ်ဖြင့် တည်ဆောက်ပြီး တည်ဆောက်ရေး လုပ်ငန်းတွေ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်လျှင် တိုင်းပြည်ရဲ့ကုန်ကျငွေ သက်သာတဲ့ အကျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဘာကြောင့်ပြောရသလဲဆိုရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်း ဒေသကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းများရဲ့ မူလခွင့်ပြုငွေ လုပ်ငန်းတွက်ချက်မှုများကို ြပန််လည် ပြင်ဆင် တွက်ချက်၍ တင်ဒါခေါ်ယူခဲ့တဲ့အတွက်ကြောင့် သိန်းပေါင်း(၁၀၀၀၀)တိတိ ပိုလျှံငွေအဖြစ် ရရှိခဲ့သလို ကျွန်တော်ရဲ့ မဲဆန္ဒနယ်အတွင်းမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့် ရင်ပြင် တည်ဆောက်ရေး လုပ်ငန်းအတွက် အင်ဂျင်နီယာရဲ့ တွက်ချက်မှုအရ သိန်း(၂၀၀)ကုန်ကျမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက ဦးစီးဦးဆောင် ပြုလုပ်တဲ့အခါမှာ (၁၆၅)သိန်းသာ ကုန်ကျပြီးတယ်ဆို (၃၅)သိန်း သက်သာခွင့်ရရှိစေခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်များ စိစစ်ရာမှာလည်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးရဲ့ ငွေလုံးငွေရင်း တောင်းခံမှု၌ မန္တလေး တရားလွှတ်တော်ရုံးနဲ့ မော်လမြိုင် တရား လွှတ်တော်ရုံးများ တည်ဆောက်ရာမှာ တစ်ရုံးလျှင် လုပ်ငန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း(၇၇၀၀)နှုန်း တောင်းခံထားခြင်းအပေါ် ပြန်လည် သုံးသပ်မယ်ဆိုပါက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စာသင်ကျောင်း အတော်များများဟာ အကာမရှိ မြေကြီးပြင်မှာ စာသင်နေရတဲ့ကျောင်းတွေ၊ မိုးကျပြီဆိုလျှင် လှည်း မပြောနဲ့ လူတောင် မြို့ရောက်အောင် အနိုင်နိုင်သွားရတဲ့လမ်းတွေ ပြည့်နေပါတယ်။ တရားလွှတ်တော် ရုံးနဲ့၊ တရားရုံးတွေ တည်ဆောက်ခြင်းဟာ အာဆီယံစံနှုန်းနှင့်ညီရန်ဟု သက်ဆိုင်ရာက ပြောကြားပါတယ်။ ဒါပေမဲ့ အောက်ခြေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ကျေးလက်နဲ့ မြို့ပြလမ်းတွေကောင်းမှ လူမှုဘဝ ကောင်းမယ်ဟု ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ခံယူထားပါတယ်။ အပေါ်ယံရွှေမှုန်ကြဲ အထဲက နွားေချးခဲပဲ ဆိုရင် ဒါက တိုင်းပြည်တိုးတက်ဖို့အတွက် ဆုတ်ယုတ်တဲ့လမ်းကို ဦးတည် နေတယ်လို့ ခံယူထားပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် လေးစားအပ်သော ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုသည်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံတော်အစိုးရက ဝန်ကြီးဌာနအလိုက် ခွင့်ပြုထားတဲ့ တည်ဆောက်ပြုပြင် လုပ်ငန်းများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနဲ့ ဌာနဆိုင်ရာများအနေနဲ့ လုပ်ငန်းတစ်ခုချင်း အလိုက် ဒေသ၏အမှန်စျေးနှုန်းများဖြင့် ြပန်လည်တွက်ချက်၍ တင်ဒါချပေးရန် အစီအစဥ် ရှိ/မရှိ လေးစားစွာ မေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ အချိန်၊ ၁၀း၂၅။ ဥက္ကဋ္ဌ။ ။ မေးခွန်းများနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက တစ်ခုချင်း ဖြေကြားပေးဖို့ ဖြစ်ပါတယ်။ဖြေကြားချက်အချိန်၊ ၁၀း၂၅။ ဦးဝင်းခိုင် (ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)။ ။ လေးစားအပ်ပါ သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ြပည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး က မေးမြန်း ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်လို့ခေါ်တဲ့ (၉၂) ရပ်ကွက်နဲ့ (၉၄)ရပ်ကွက်အတွင်းမှာရှိတဲ့ အိုးအိမ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နဲ့ ယုဇနကုမ္ပဏီ တို့အနက်က မည်သည့်အဖွဲ့အစည်း တစ်ခုချင်းစီအနေနဲ့ မည်သည့်တိုက်ခန်း၊ မည်သည့်လမ်းများကို တာဝန်ယူ စီမံခန့်ခွဲရန် တာဝန်ရှိသည်ကို သိရှိလိုခြင်းနဲ့ သောက်သုံးရေ မလုံလောက်မှု၊ လမ်းများပေါ် တွင် ရေများအိုင်နေမှု၊ အမှိုက်သရိုက်များ မရှင်းလင်းမှု၊ အခြားလိုအပ်သောကိစ္စများကို တာဝန်ရှိသူ တို့မှ မည်သို့ ဖြေရှင်းဆောင်ရွက်မည်၊ မည်သည့်အချိန်မှာ စတင်ဆောင်ရွက်မည်၊ မည်သည့် အချိန်တွင် ပြေလည်သွားမည် စသည်တို့ကို သိရှိလိုပါကြောင်းနဲ့ စပ်လျဥ်းတဲ့ မေးခွန်းအား ပထမဆုံး ရှင်းလင်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ မြေတိုင်းရပ်ကွက်(၉၂)၊ (၉၄)တို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ယုဇနဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းြပီးတော့ ယုဇနဥယျာဥ်မြို့တော် အိမ်ရာ စီမံကိန်းကို ၁၉၉၈ ခုနှစ်က စတင်ြပီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၀ ပြည့် နှစ်မှာ ယုဇနဥယျာဥ်မြို့တော် အိမ်ရာစီမံကိန်း၌ မပြီးပြတ်သေးဘဲရှိနေတဲ့ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရာတွင် အမြန်ပြီးပြတ်စေရန် နိုင်ငံတော်ကနေပြီးတော့ ပံ့ပိုးကူညီတဲ့အနေနဲ့ ဒဂုံဆိပ်ကမ်းမြို့ ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်် (DSCDC)ကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့တော်စည်ပင် သာယာရေးကော်မတီနဲ့ ယုဇနဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ဖက်စပ်ကုမ္ပဏီ ဖွဲ့စည်း တည်ထောင်ပြီးတော့ အရင်းအနှီး ထည့်ဝင်ဆောင်ရွက်ခဲ့ပါတယ်။ ယုဇနဥယျာဥ်မြို့တော်စီမံကိန်းဟာ ဆိုရင် ယုဇနဆောက်လုပ်ရေးကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဖြင့် တိုက်(၆၀၃)လုံး၊ အိမ်ခန်းပေါင်း (၉၁၉၄)ခန်း ဆောက်လုပ်ပြီးစီးခဲ့ပြီးတော့ ဖက်စပ်ကုမ္ပဏီ (DSCDC)အနေနဲ့ တိုက်(၁၄၇)လုံး၊ အိမ်ခန်းပေါင်း (၂၄၄၆)ခန်း ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ၂၂-၅-၂၀၀၈ ရက်နေ့တွင် ကျင်းပတဲ့ ဖက်စပ်ကုမ္ပဏီဒါရိုက်တာ အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖက်စပ်ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းပေးရန်နှင့် ရောင်းချခြင်း မပြုရသေးသော လက်ကျန်တိုက်ခန်း (၁၃၈၁)ခန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက (၄၆၀)ခန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက (၄၆၁)ခန်း၊ ယုဇနဆောက်လုပ်ရေး ကုမ္ပဏီက (၄၆၀ + ၉၁၉၄= ၉၆၅၄)ခန်း ခွဲဝေရယူကာ အများပြည်သူအသီးသီးသို့ ရောင်းချခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းများအနက် ပထမမေးခွန်းဖြစ်တဲ့ အိုးအိမ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ယုဇနကုမ္ပဏီနဲ့ မည်သည့်အဖွဲ့အစည်း တစ်ခုချင်း အနေနဲ့ မည်သည့်တိုက်ခန်းများကို တာဝန်ယူ စီမံခန့်ခွဲတာဝန်ယူသည်ကို သိရှိလိုခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရမယ်ဆိုရင် အိုးအိမ်ဦးစီးဌာန စီမံကိန်းတစ်ခုလုံးရဲ့ အိမ်ခန်းများရဲ့(၄.၃၅) ရာခိုင်နှုန်း၊ စည်ပင်သာယာရေးအဖွဲ့ စီမံကိန်းတစ်ခုလုံးရဲ့ အိမ်ခန်းများရဲ့(၄.၃၆)ရာခိုင်နှုန်းနဲ့ ယုဇန ကုမ္ပဏီမှ စီမံကိန်းတစ်ခုလုံး၏ အိမ်ခန်းများရဲ့(၉၁.၂၉)ရာခိုင်နှုန်းတို့ကို စီမံခန့်ခွဲကြပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ယုဇန ဥယျာဥ်မြို့တော်ရှိ အိမ်ခန်းများကို အများပြည်သူသို့ ရောင်းချရာမှာ အိမ်ခန်းပိုင်အဖြစ် အပြီးအပြတ် ရောင်းချခြင်းဖြစ်ပြီးတော့ စုပေါင်းနေထိုင်ကြသော အိမ်ရာအမျိုးအစားဖြစ်သဖြင့် အိမ်ရာစည်ပင် သာယာဝပြောရေးလုပ်ငန်းများဖြစ်တဲ့ အမှိုက်စွန့်ပစ်ရေး၊ လျှပ်စစ်နှင့် ရေသန့် သက်ဆိုင်ရာပြင်ဆင် ထိန်းသိမ်းရေးများကို အိမ်ရာတွင်နေထိုင်သူ တိုက်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ထားသော အိမ်ရာစီမံခန့်ခွဲရေးကော်မတီ၊ တိုက်ကော်မတီများမှ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ စုပေါင်းအိမ်ရာအဆောက်အအုံများ စီမံ ခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၉၇)ကို ပြဋ္ဌာန်းပေးခြင်းဖြင့် အိမ်ရာများ သန့်ရှင်းသာယာရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေပေးဝေစနစ်နဲ့ လျှပ်စစ်ဓာတ်အားစနစ် ပြင်ဆင် ထိန်းသိမ်းရေးတို့ကို နေထိုင်သူများ၏ အချိုးကျ စုပေါင်းထည့်ဝင်ငွေဖြင့် ဆောင်ရွက်သွားနိုင်ရန် စီစဥ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ခန်းများကို အခန်းပိုင်ရှင်များလက်သို့ လွှဲပြောင်းပေးအပ်စဥ်က အိမ်ရာစီမံခန့်ခွဲရေးကော်မတီ၊ တိုက်သာယာရေးကော်မတီတို့အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးလည်း ဖြစ်ပါတယ်။ ညွှန်ကြားချက်အမှတ် (၁/၉၇)ကို လွှတ်တော်ကိုယ်စားလှယ်ကြီးအား လေ့လာသိရှိနိုင်ရန်လည်း မိတ္တူပေးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် သောက်သုံးရေ မလုံလောက်မှု၊ လမ်းများပေါ်တွင် ရေများအိုင်မှု၊ အမှိုက်သရိုက်များ မရှင်း လင်းမှုနှင့် အခြားလိုအပ်သောကိစ္စရပ်များဆိုင်ရာ မေးခွန်းအား ဖြေကြားရပါလျှင် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရန်ပုံငွေနဲ့ ငမိုးရိပ် ရေပေးရေးစီမံကိန်းအဆင့်(၂) ကနေပြီးတော့ လက်မ(၂၀)ရေပိုက်လိုင်းနဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) ယုဇနဥယျာဥ်မြို့တော်သို့ သွယ်ယူနိုင်ခဲ့ပြီးတော့ ဂါလန်(၃)သိန်းဆံ့တဲ့ ရေလှောင်ကန်ကို တည်ဆောက်ပေးပြီးတော့ ရေတွန်းစက် များဖြင့် ရေကောင်းရေသန့် ပေးဝေခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီလမှာ နောက်ထပ် ဂါလန် (၃)သိန်းဆံ့တဲ့ ရေလှောင်ကန်တစ်ခု ပြီးစီးခဲ့ပြီးတော့ တစ်နေ့ ရေဂါလန် (၆)သိန်း ပေးဝေလျက် ရှိပါတယ်။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ မိမိတို့ဌာနအနေနဲ့ ယုဇနဥယျာဥ်မြို့တော်အိမ်ရာ ရေစီးရေလာ ကောင်းမွန်စေရေး၊ လမ်းများပေါ်တွင် ရေကြီးရေလျှံ မဖြစ်စေရေးအတွက် စနစ်တကျ ကွင်းဆင်းတိုင်းတာပြီးတော့ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် သိန်းပေါင်း(၁၃၈၈.၅၆၉) ကုန်ကျခံပြီးတော့ ရွှေလီ လမ်းဘေးအုတ်ရေမြောင်း(၄၆၂၆)ပေ တည်ဆောက် ပေးခြင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ်သိန်းပေါင်း(၄၉၅၁.၀၁၉)ကုန်ကျခံပြီးတော့ Box Culvert (၆၈)စင်းနဲ့ အုတ်ရေမြောင်းများ တည်ဆောက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ယုဇန ဥယျာဥ်မြို့တော်အိမ်ရာဝင်းအတွင်း လမ်းများကောင်းမွန်စေရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ကျပ်သိန်းပေါင်း(၁၄၃၆၇.၈၁၇) အကုန်အကျခံပြီးတော့ ကျွန်းရွှေဝါလမ်း၊ ပုဏ္ဏမီလမ်း၊ ရွှေလီ လမ်း၊ ပိတောက်လမ်း၊ သီဟိုဠ်လမ်း၊ အောင်သပြေလမ်းနဲ့ အောင်သပြေလမ်းသွယ်တို့ကို (၂၂)ပေ အကျယ်၊ (၁၂)ပေလက်မထု ကွန်ကရစ်လမ်းခင်းပေးခြင်း၊ Box Culvert (၁၅)စင်းနဲ့ အုတ်ရေမြောင်း များ တည်ဆောင်ပေးခြင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီးတော့လည်း လမ်းနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက်ကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ သောက်သုံးရေ အလုံအလောက်ရရှိရေး၊ အမှိုက်သိမ်းစနစ်နဲ့ အမှိုက်သိမ်းယာဥ်များဖြင့် အမှိုက်သယ်ယူစွန့်ပစ်ရေးကို ယုဇနဥယျာဥ်မြို့တော်အိမ်ရာ စီမံခန့်ခွဲရေးကော်မတီနဲ့ တိုက်သာယာရေးကော်မတီတို့ကနေပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနနဲ့ ဆက်သွယ်ပြီးတော့ သတ်မှတ်ထားတဲ့ စည်ပင်သာယာနည်းဥပဒေ By-Law များနဲ့အညီ နေ့စဥ်၊ အပတ်စဥ် ပုံမှန် ဆောင်ရွက်ရန် လိုအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ယုဇန ဥယျာဥ်မြို့တော် သာယာလှပရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သော မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ YESC မှ တာဝန်ရှိသူများ၊ ယုဇနကုမ္ပဏီမှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ပထမအကြိမ်ညှိနှိုင်းအစည်းအဝေး ကို ၈-၂-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ လည်း ဆက်လက်ဆောင်ရွက်သွားမယ့် ယုဇနဥယျာဥ်မြို့တော်သာယာဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ အစည်းအဝေးများမှာလည်း လာရောက်အကြံပြု ဆွေးနွေးဖို့လည်း ဖိတ်ကြားလိုပါတယ်။ ယုဇနဥယျာဥ် မြို့တော် ဖွံ့ဖြိုးသာယာရေးလုပ်ငန်းစဥ်များအား စီမံခန့်ခွဲမှုဆိုင်ရာပြဿနာ၊ အဖီအဆွယ်များထုတ်၍ ကျူးကျော်ထားတဲ့ပြဿနာ၊ လမ်းနယ်များအတွင်းရှိ ကျူးကျော်ပြဿနာ၊ နေထိုင်သူများရဲ့ စည်းကမ်း မလိုက်နာမှု အစရှိတဲ့ ပြဿနာရပ်များကြောင့် ကိုင်တွယ်ဆောင်ရွက်ဖို့ အလွန်ခက်ခဲ ရှုပ်ထွေးလျက် ရှိပါတယ်။ ယုဇနဥယျာဥ်စီမံကိန်းပုံစံကို ရေးဆွဲအကောင်အထည်ဖော်စဥ်ကလည်း Planning ဆိုင်ရာ အားနည်းချက်များနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်၊ အားနည်းချက်များလည်း ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အခုဆိုရင် ယုဇနဥယျာဥ်အိမ်ရာရှိ အိမ်ခန်းများရဲ့ သက်တမ်းဟာလည်း (၁၈)နှစ်ခန့် ရှိပြီဖြစ်ပါတယ်။ နေထိုင်သူများရဲ့ တိုက်ပိုင်ဆိုင်မှုစနစ်နဲ့ ရောင်းချ ထားခြင်းဖြစ်သောကြောင့် နေထိုင်သူအများစုရဲ့ သဘောတူညီချက်နဲ့ နေထိုင်သူများအတွက် လိုအပ်ချက် များဖြစ်တဲ့ Public Amenities များ၊ Community Center များ၊ ကျောင်း၊ ဆေးပေးခန်းစတဲ့ Social Infrastructure များ၊ Shop House အဆင့်မီစျေး စသည့် စီးပွားရေးဆိုင်ရာနေရာအဆောက်အအုံများ အားလုံး ပြည့်စုံပါဝင်တဲ့ Master Plan တစ်ခုကို စနစ်တကျ ပြန်လည်ရေးဆွဲပြီးတော့ Redevelopment လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် ယုဇနဥယျာဥ်မြို့တော်နေ ပြည်သူများရဲ့ လူနေမှုအဆင့်ကို မြှင့်တင်နိုင် တဲ့နည်းလမ်းရှိကြောင်းလည်း တင်ပြလိုပါတယ်။ မိမိဌာနအနေနဲ့လည်း Redevelopment လုပ်ငန်း စဥ်များကို ဆောင်ရွက်မယ်ဆိုရင် လိုအပ်တဲ့နည်းပညာအကူအညီများ ပေးသွားမှာဖြစ်ပါတယ်။ အချုပ်အားဖြင့် တင်ပြရမယ်ဆိုရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်း ထားတဲ့ တိုက်ခန်းများနှင့်လမ်းများစီမံခန့်ခွဲမှု၊ သောက်သုံးရေလုံလောက်စွာပေးဝေရေးနဲ့ လမ်းများပေါ်တွင် ရေမလျှံအောင်၊ ရေမြောင်းများပိတ်ဆို့စေတဲ့အမှိုက်များ ရှင်းလင်းရေးကိစ္စများသည် နေထိုင်သူ ပြည်သူ များအားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သောကိစ္စဖြစ်ပြီးတော့ သက်ဆိုင်ရာအစိုးရဌာနများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပြီးတော့ ပြည်သူများအား စည်းရုံးဆောင်ရွက်သွားရမှာ ဖြစ်ပါ ကြောင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော့်အနေနဲ့ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် မှ မေးမြန်းထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်း စံပြကျေးရွာ ကျိုက္ခမီကားလမ်းပေါ်မှာရှိတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနရုံးဝင်းအတွင်းမှာ တည်ရှိတဲ့ ကျောက်မှုန့်နဲ့ ကတ္တရာချက်လုပ်ခြင်းမှ ထွက်ရှိလာတဲ့ အခိုးအငွေ့များ၊ ကျောက်မှုန့်များ ကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို ထိခိုက်စေသဖြင့် နိုင်လွန်ကတ္တရာ ချက်လုပ်ခြင်းအား ရပ်တန့်ရန်နှင့် အမြန်ဆုံးပြောင်းရွှေ့ပေးရန် အစီအစဥ် ရှိ/မရှိနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဆက်လက် ရှင်းလင်းဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ Power Point ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ လမ်းဦးစီးဌာန၊ မော်လမြိုင်ခရိုင်မှ တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ လမ်းများတွင် နိုင်လွန်ကတ္တရာ (Asphalt Concrete) ခင်းခြင်း ဆောင်ရွက်ရန်အတွက် ရွှေ့ပြောင်းနိုင်လွန်ကတ္တရာ ဖျော်စက် (Mobile Asphalt Concrete Plant) တစ်ခုကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက စတင် ပြီးတော့ မော်လမြိုင်မြို့မှ (၇)မိုင် (၄)ဖာလုံ ကွာဝေးတဲ့ ကြာအင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်- ထားဝယ်-မြိတ် လမ်းဘေးမှာရှိတဲ့ လမ်းဦးစီးဌာနပိုင် မြေဧရိယာ(၂၁.၂၆)ဧကပေါ်မှာ တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။ ဖျော်စက်နေရာနဲ့ပတ်သက်ပြီးတော့ ဖြစ်စဥ်အကျဥ်းချုပ်ကို ဦးစွာ တင်ပြလိုပါ တယ်။ ၎င်းမြေနေရာကို လမ်းဦးစီးဌာနအနေနဲ့ ၁၉၆၇ ခုနှစ်က စတင်ပြီးတော့ ရန်ကုန်-မော်လမြိုင်- ထားဝယ်-မြိတ်လမ်းရဲ့ ရှေ့တန်းစခန်းရုံး မြေနေရာအဖြစ် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီးတော့ ကြာအင်း ကျေးရွာအပြင်ဘက် လူနေအိမ်ြေခများမှ ဝေးတဲ့နေရာမှာ တည်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျေးရွာ မြေများကို တိုးချဲ့လာတဲ့အတွက် ယခုလက်ရှိအခြေအနေမှာ ဖျော်စက်ဝင်းမြေနေရာရဲ့ မြောက်ဘက် (၅၅၀)ပေအကွာမှာဆိုရင် ကြာအင်းရွာ အဝင်လမ်းမကြီးနဲ့ ရော်ဘာစိုက်ပျိုးရေးခြံ၊ အရှေ့ဘက် ပေ(၆၂၀) အကွာမှာဆိုရင် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ် လမ်းမကြီးနဲ့ စက်မှုလယ်ယာစခန်း၊ တောင်ဘက် ပေ(၁၂၂၀)အကွာမှာဆိုရင် အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီရုံးနဲ့ ကိုယ်ပွား သတင်းစာတိုက်၊ အနောက်ဘက် ပေ(၁၀၀၀)အကွာမှာတော့ ကြာအင်းကျေးရွာ မူလတန်းလွန်ကျောင်း တို့ တည်ရှိကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသကဲ့သို့ မူလတန်းလွန်ကျောင်းဝင်းနဲ့ ဖျော်စက် ဝင်းဟာဆိုရင် (၁၀)ပေကျယ် လမ်းငယ်တစ်ခုသာခြားထားတယ် ဆိုပေမယ့်လည်း ကျောင်းအဆောက် အဦနှင့် ဖျော်စက်ရဲ့အကွာအဝေးကို အဖြောင့်တိုင်းပါက ပေ(၁၀၀၀)ခန့် ကွာဝေးတဲ့အပြင် ဖျော်စက်ရဲ့ ကျောင်းနဲ့ အဆောက်အဦကြားမှာလည်း ၎င်းလမ်းငယ်အပြင် တောအုပ်ငယ်လေးတစ်ခုပါ ခြားနား လျက်ရှိပါကြောင်းလည်း တွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံတစ်ဝန်း လုံးမှာရှိတဲ့ အဓိကလမ်းမကြီးများကို နိုင်လွန်ကတ္တရာလမ်းအဆင့်သို့ ရောက်ရှိအောင် ရည်မှန်းချက် ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှာဆိုလျှင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းမှာဆိုလျှင် အဆိုပါ နိုင်လွန်ကတ္တရာဖျော်စက်ကို အသုံးပြုပြီးတော့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မော်လမြိုင်-ကျိုက်မရောလမ်း၊ မော်လမြိုင် မြို့ပတ်လမ်း၊ မော်လမြိုင် မြို့ရှောင်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)ချဥ်းကပ်လမ်းနဲ့ တံတားပေါ် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း စုစုပေါင်း(၁၄)မိုင် (၆)ဖာလုံအပြင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ အပ်ငွေလုပ်ငန်းဖြစ်တဲ့ မော်လမြိုင် အောက်လမ်းမကြီး (၃)မိုင် (၆)ဖာလုံကို (၃၆)ပေအကျယ် နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာလည်း မော်လမြိုင် မြို့ပတ်လမ်းမှာ (၂၄)ပေအကျယ် (၃)မိုင် (၂)ဖာလုံကို နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ရန် ကျန်ပါသေးတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း ဥက္ကဋ္ဌကြီးခင်ဗျား။ ကတ္တရာဖျော်စက်ကို ချက်ခြင်းရပ်ဆိုင်းလိုက်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ရန် လျာထားပြီးဖြစ်တဲ့ လုပ်ငန်းများကို ရပ်တန့်လိုက်ရ မှာ ဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိခိုက်နစ်နာနိုင်ပါတယ််။ ဒါကြောင့်မို့လို့ မော်လမြိုင်မြို့ပတ်လမ်း (၃)မိုင် (၂)ဖာလုံကို (၂၄)ပေအကျယ် နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးတဲ့အချိန်အထိ နိုင်လွန်ကတ္တရာဖျော်စက်ကို ဆက်လက်အသုံးပြုသွားမှာ ဖြစ်ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၎င်းလုပ်ငန်း ပြီးစီးချိန်မှာတော့ ရန်ကုန်-မော်လမြိုင်- ထားဝယ်-မြိတ်လမ်း နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဖျော်စက်ကိုလည်း ပြောင်းရွှေ့တည်ဆောက်ရန် လျာထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီးတော့ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန် မှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ မေးမြန်းထားတဲ့ ချင်းပြည်နယ်ရှိ မတူပီ၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့တွင် မြို့အင်္ဂါရပ်နဲ့ ညီညွတ်မှုရှိအောင် မြို့ပေါ်ရှိလမ်းများအား ကတ္တရာလမ်း တိုးချဲ့ ခင်းရန် အစီအစဥ် ရှိ/မရှိ သိလိုခြင်းနဲ့ စပ်လျဥ်းတဲ့ မေးခွန်းအား ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ကိုယ်စား ရှင်းလင်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်မှာရှိတဲ့ မတူပီမြို့တွင်းလမ်းများ အနက် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းများဖြစ်တဲ့ မင်းတပ်-မတူပီလမ်း၊ မတူပီမြို့တွင်းအပိုင်း (၁)မိုင်၊ ဗိုလ်ချုပ်လမ်း(၆)ဖာလုံနဲ့ ဗိုလ်တိုက်ချွန်းလမ်း(၇)ဖာလုံတို့သည် ကတ္တရာလမ်းများ ဖြစ်ခဲ့ကြပြီး လမ်းဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မင်းတပ်-မတူပီလမ်း၊ မတူပီမြို့တွင်းလမ်းအပိုင်း(၁)မိုင် အား ပြည်နယ်ရန်ပုံငွေကျပ် သန်းပေါင်း(၈၁.၉၁)နဲ့ လမ်းမျက်နှာပြင် အနိမ့်အမြင့် ညှိပြီးတော့ ကတ္တရာ ရေပိတ်လွှာလောင်းခြင်း၊ ဗိုလ်ချုပ်လမ်း(၆)ဖာလုံအား ပြည်နယ်ရန်ပုံငွေကျပ် သန်းပေါင်း(၈၂.၀၀)နဲ့ မူလ(၁၂)ပေအကျယ် ကတ္တရာလမ်းကနေပြီးတော့ (၁၈)ပေအကျယ်ကတ္တရာလမ်းသို့ (၆)ပေအကျယ် ကတ္တရာလမ်း တိုးချဲ့ခင်းခြင်း၊ လိုင်လင်းပီမြို့ရှိ ရေဇွာ-လိုင်လင်းပီလမ်း မိုင်တိုင် (၅၃/၀)ကနေ(၅၅/၀) အထိ (၂)မိုင်လမ်းအပိုင်းအား ပြည်နယ်ရန်ပုံငွေကျပ် သန်းပေါင်း(၁၅၀)နဲ့ အမာခံလမ်းခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါတယ်။ ရေဇွာမြို့ရှိ ဟားခါး-မတူပီလမ်း မိုင်တိုင်(၁၀၅/၀)ကနေပြီးတော့ (၁၀၆/၆)အထိ (၁)မိုင် (၆)ဖာလုံ လမ်းအပိုင်းသည် (၁၂)ပေအကျယ် ကတ္တရာလမ်းခင်းပြီး ဖြစ်ပါတယ်။ မတူပီမြို့နယ် စည်ပင် သာယာရေးအဖွဲ့အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ စုစုပေါင်း ပြည်နယ်ရန်ပုံငွေကျပ်သန်းပေါင်း (၇၆.၅)သန်းနှင့် မတူပီမြို့တွင်းလမ်းအပိုင်းများဖြစ်တဲ့ ဆာခေါင်းလမ်းတွင် မူလလမ်းအရှည်(၂၁၇၂) ပေအနက် (၁၃၂၀)ပေအရှည်အား လေမျိုကုမ္ပဏီမှလည်းကောင်း၊ လည်မြိုလမ်းတွင် မူလလမ်း အရှည်(၄၂၂၄)ပေအနက်ကနေပြီးတော့ (၁၉၈၀)ပေအား မတူပီသားများကုမ္ပဏီမှလည်းကောင်း၊ ငလား (အ.မ.က)ကျောင်းလမ်းအရှည် (၁၈၀၀)ပေအား Netvilla Lian ကုမ္ပဏီမှ (၁၂)ပေအကျယ် ကျောက်ချောလမ်းအဖြစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ မတူပီလမ်းအပိုင်းများတွင် ပြည်နယ်ရန်ပုံငွေကျပ် သန်းပေါင်း(၇၂.၇၇၅)နှင့် ဗိုလ်တိုက်ချွန်းလမ်း (၇)ဖာလုံနဲ့ (၅)ဖာလုံအား (၁၂)ပေအကျယ် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ ကျပ်သန်းပေါင်း(၈၂)သန်းဖြင့် မင်းတပ်-မတူပီလမ်း မိုင်တိုင်(၉၁/၇)မှ (၉၃/၁) အတွင်း (၉၈၄)ပေနဲ့ မတူပီလမ်းအတွင်းပိုင်း မိုင်တိုင်(၁၈၀/၅) ကနေပြီးတော့ (၁၀၁/၇)အတွင်း (၂၂၉၆)ပေ၊ စုစုပေါင်း(၃၂၈၀)ပေအား အုတ်စီရေမြောင်း တည်ဆောက်ခြင်း သန်းပေါင်း(၃၆၀)အနက် လိုင်လင်းပီမြို့မှာရှိတဲ့ ရေဇွာ-လိုင်လင်းပီလမ်း မိုင်တိုင် (၅၃/၀)ကနေပြီးတော့ (၅၅/၀)အထိ (၂)မိုင် အား ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရေဇွာမြို့နဲ့ လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့များမှ ရေဇွာမြို့တွင်းလမ်းဖြစ်တဲ့ ဖဲရဲလမ်း(၁)မိုင် (၂)ဖာလုံအား ပြည်နယ်ရန်ပုံငွေကျပ် သန်း(၂၀)နဲ့ လမ်းတာ ချဲ့ခြင်း၊ လိုင်လင်းပီလမ်း မြို့တွင်းလမ်း ပြည်နယ်ရန်ပုံငွေကျပ်သန်း(၃၀)နဲ့ လမ်းတာချဲ့ခြင်း၊ လမ်းဖောက်ခြင်းလုပ်ငန်းနဲ့ ကျောက်ချောလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်မှာရှိတဲ့ မတူပီ-ရေဇွာနဲ့ လိုင်လင်းပီမြို့တွင်းလမ်းအပိုင်း များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ကတ္တရာလမ်းခင်းပေးခြင်း၊ ခင်းပေးရန်ကျန်တဲ့ လိုင်လင်းပီ မြို့ရှိ ရေဇွာ-လိုင်လင်းပီလမ်း မိုင်တိုင်(၅၃/၀)ကနေ (၅၅/၀)အထိ (၂)မိုင် အမာခံကျောက်လမ်းအပိုင်း ကိုတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းနှင့် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကတ္တရာလမ်း အဆင့်သို့ တိုးမြှင့် ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ အတွက်ကတော့ အစီအစဥ် မရှိသေးပါကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားအပ်ပါတယ်။ ဆက်လက်ပြီးတော့ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာပိုင်လမ်းများ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှုအား အနည်းငယ် ဖြည့်စွက် တင်ပြလိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ် ရန်ပုံငွေနဲ့ နိုင်ငံခြားချေးငွေ စုစုပေါင်း ကျပ်သန်းပေါင်း(၈၃၇၇၀)နဲ့ ကတ္တရာလမ်းသစ်ခင်းခြင်း၊ သံကူ ကွန်ကရစ် ရေထုတ်ပြွန်များတည်ဆောက်ခြင်း၊ မြေကာနံရံများတည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်း များတည်ဆောက်ခြင်း စတဲ့ လမ်းအဆင့်မြှင့်တင်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေနဲ့ နိုင်ငံခြားချေးငွေ စုစုပေါင်း ကျပ် သန်းပေါင်း(၈၂၁၆၂)နဲ့ ချင်းပြည်နယ်လမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် လမ်းများရဲ့ အရေးပါမှုအခြေအနေအပေါ် ဦးစားပေးအစီအစဥ်နဲ့ ရွေးချယ်လျက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီးတော့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင် မှ မေးမြန်းထားတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရ က ဝန်ကြီးဌာနအလိုက် ခွင့်ပြုခဲ့တဲ့ တည်ဆောက်ပြုပြင် လုပ်ငန်းများအပေါ် သက်ဆိုင်ရာ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အလိုက်အစိုးရများ၊ ဌာနဆိုင်ရာများအနေနဲ့ လုပ်ငန်းတစ်ခုချင်းအလိုက် ဒေသ၏ အမှန်စျေးနှုန်းများဖြင့် ပြန်လည်တွက်ချက်၍ တင်ဒါ ချပေးရန် အစီအစဥ် ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဥ်းတဲ့ မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မယ့်လုပ်ငန်းများအား ရန်ပုံငွေ တောင်းခံတဲ့အခါမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကြိုတင်ပြုစုရေးဆွဲ တင်ပြရသဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တင်ဒါအောင်မြင်ခဲ့တဲ့ ပစ္စည်း၊ သယ်ယူပို့ဆောင်ရေး စျေးနှုန်းများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးထားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်စျေးနှုန်းကြီးကြပ်ရေးကော်မတီမှ စိစစ် အတည်ပြုထားတဲ့ ဒေသပေါက်စျေး နှုန်းများကို အြေခခံပြီးတော့ တည်ဆောက်ရေးလုပ်ငန်းများအလိုက် သတ်မှတ်ထားသော ဒီဇိုင်း၊ စံချိန် စံညွှန်းများနဲ့အညီ ခန့်မှန်းခြေစာရင်းများ ရေးဆွဲတွက်ချက်ပြီးတော့ တင်ပြတောင်းခံရပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရန်ပုံငွေ ခွင့်ပြုချက်ရရှိပြီး တည်ဆောက်ပြုပြင်လုပ်ငန်းများ ဆောင်ရွက်မယ်ဆိုပါက တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း သယ်ယူပို့ဆောင်ရေးစရိတ်များအား တင်ဒါ ခေါ်ယူဆောင်ရွက်ရ ပါမယ်။ ထိုသို့ ဆောင်ရွက်ရာမှာဆိုရင် ၁၀-၄-၂၀၁၇ ရက်နေ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် အမှတ် (၁/၂၀၁၇)ပါ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင် များမှ တင်သွင်းသည့် တင်ဒါစျေးနှုန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန် ပေးအပ်ထားတဲ့ တင်ဒါ စိစစ်ရွေးချယ်ရေးကော်မတီမှ ပစ္စည်းအမျိုးအစားတို့၏ စံချိန်စံညွှန်းများကို စနစ်တကျ သတ်မှတ်ပြီးတော့ အဆိုပါ သတ်မှတ်ချက်များ ပြည့်မီပြီး စျေးနှုန်းအနည်းဆုံးပေးသည့် တင်ဒါတင်သွင်းသူကို စိစစ်ရွေးချယ်ကာ ပစ္စည်းတင်ဒါ အောင်မြင်စျေးနှုန်းများအား တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီးတော့ အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။ အတည်ပြုချက်ရရှိတဲ့ တင်ဒါအောင်မြင်စျေးနှုန်းများ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသစျေးနှုန်းကြီးကြပ်ရေးကော်မတီမှ အတည်ပြုထားတဲ့ လုပ်အားခ၊ သယ်ယူပို့ဆောင်ရေးနှုန်းထားများနှင့် ဆောင်ရွက်မည့်လုပ်ငန်းအလိုက် မူလ သတ်မှတ်ခွင့်ပြုထားတဲ့ ဒီဇိုင်း၊ စံချိန်စံညွှန်းများနှင့်အညီ ခန့်မှန်းခြေစာရင်းများအား ပြန်လည် ပြင်ဆင်ရေးဆွဲပြီးတော့ ရရှိသောလုပ်ငန်းတန်ဖိုး ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနအဖွဲ့အစည်းများမှဆောင်ရွက်ခြင်းနှင့် လုပ်ငန်းတင်ဒါ စနစ်ဖြင့်ဆောင်ရွက်ခြင်းဟူ၍ ပုံစံ(၂)မျိုးဖြင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဌာနအဖွဲ့အစည်းများမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းသုံးပစ္စည်းများအား နှစ်အလိုက် သတ်မှတ်ထားသော တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ခွင့်ပြုစျေးနှုန်းများကို အခြေခံပြီးတော့ Open Tender စနစ်ဖြင့် ဆောင်ရွက်ပါတယ်။ လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်တဲ့လုပ်ငန်းများအား တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက်ရရှိပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းပေး ထားတဲ့ တင်ဒါ ရွေးချယ်ရေးကော်မတီကနေပြီးတော့ ဆောင်ရွက်မယ့်လုပ်ငန်း အမျိုးအစားအလိုက် မူလ သတ်မှတ်ခွင့်ပြုထားတဲ့ ဒီဇိုင်း၊ စံချိန်စံညွှန်းနှင့်အညီ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းဆောင်ရွက် ရာတွင် လိုက်နာကျင့်သုံးရမယ့် လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လုပ်ငန်းစဥ်များအား စိစစ်ရွေးချယ် ပြီးတော့ တင်ဒါစနစ်နဲ့ လုပ်ငန်းဆောင်ရွက်ခွင့်ပြုလျက်ရှိပါတယ်။ နှစ်အလိုက် ပစ္စည်းတင်ဒါစျေးနှုန်းများ မတူညီသကဲ့သို့ လက်ရှိ ဘဏ္ဍာနှစ်အတွင်းမှာပင် တင်ဒါခေါ်ယူတဲ့အကြိမ်အလိုက် တင်ဒါအောင်မြင် သည့် စျေးနှုန်းများလည်း တူညီမှုမရှိပါ။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် ယခင်နှစ်ထက် စျေးနှုန်းနည်းသည့်ပစ္စည်းများ ရှိသကဲ့သို့ စျေးနှုန်းမြင့်လာသည့်ပစ္စည်းများ လည်း ရှိပါတယ်။ မူလတင်ဒါ ခေါ်ယူစဥ်ကပင် ခွင့်ပြုဒေသပေါက်စျေးအား အခြေခံစိစစ်ပြီး ခေါ်ယူခဲ့ခြင်း ဖြစ်တဲ့အတွက် တင်ဒါပိုလျှံငွေများ ဖြစ်ပေါ်လာပါကလည်း သတ်မှတ်ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထပ်မံ၍ ဆောင်ရွက်ရန်လိုအပ်သောလုပ်ငန်းများကို ဦးစားပေး အစီအစဥ်ဖြင့် စိစစ် ဆောင်ရွက်လျက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့မှ သတ်မှတ် အတည်ပြုထားသော ဒေသပေါက်စျေးနှုန်းများနှင့့်အညီ လုပ်ငန်းတန်ဖိုးအား စိစစ် တွက်ချက်လျက် တင်ဒါခေါ်ယူခြင်း ဆောင်ရွက်မည်ဖြစ်ပြီးတော့ အချို့လုပ်ငန်းများအား အထက် ဖော်ပြပါ လုပ်ငန်းအစီအစဥ်အတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူ ဆုံးဖြတ်ချက်ဖြင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဥက္ကဋ္ဌ။ ။ လိုရင်းမေး။ လိုရင်းမေး။ ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)။ ။ ဟုတ်ကဲ့။ ဝန်ကြီးခင်ဗျား။ စောစောက ဝန်ကြီးဖြေသွားတဲ့အထဲမှာ ယုဇနဥယျာဥ်မြို့တော် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် ဖို့နဲ့ ဝန်ကြီးဌာနက ကူညီမယ်လို့ ပါ ပါတယ်။ အဲဒီတော့ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မြို့နယ်အဆင့် ကနေပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၊ ကျွန်တော်တို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနတို့ နောက်တစ်ခါ ယုဇနကုမ္ပဏီတို့၊ နောက်တစ်ခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ဆောင်ရွက်ရမှာ အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီ ပြန်လည် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်လုပ်ဖို့လား။ ဒါမှမဟုတ် ပြည်ထောင်စု ဝန်ကြီးဌာနကနေပြီးတော့ ဦးဆောင်ပြီးတော့ ဒီပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်သင့်ပါသလား ဆိုတဲ့ဟာကို ဖြေကြားပေးစေလိုပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ ဦးဝင်းခိုင် (ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)။ ။ လေးစားရပါသော ဥက္ကဋ္ဌကြီးနဲ့ ထပ်ဆင့်မေးခွန်း မေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်ကြီးခင်ဗျား။ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ခုနတင်ပြတဲ့အထဲမှာ ပါတဲ့အထဲမှာ ပြန်လည်ပြီးတော့ လက်ရှိ ယုဇန ဥယျာဥ်မြို့တော်ရဲ့ အခြေအနေကတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တော်တော်လေး ကို အခက်အခဲတွေ ရှိပါတယ်။ ခုနပြောတဲ့အခက်အခဲတွေ အားလုံးကလည်း အမှန်ပဲဖြစ်ပါတယ်။ လူဦးရေ(၅၀၀၀၀)လည်း အမှန်တကယ်ပဲ ဒုက္ခရောက်ပါတယ်။ ဒါကြောင့်မို့လို့ ဖြေရှင်းတဲ့အခါမှာ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် လတ်တလောတွေ့ကြုံနေတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ ကျွန်တော်တို့ဌာနနဲ့ရော၊ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ရော၊ ရန်ကုန်တိုင်းအစိုးရနဲ့ရော ကျွန်တော်တို့ ညှိနှိုင်း ပြီးတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ဖြေရှင်းပေးပါမယ်။ ၂၀၁၇ ခုနှစ်] မေးမြန်းခြင်း နောက်တစ်ခုကတော့ ပြန်လည် Redevelopment ပေါ့နော်။ Master Plan ဆွဲပြီး Redevelopment လုပ်တဲ့ဟာလည်း ကျွန်တော်တို့အနေနဲ့ အကြံတစ်ခုအနေနဲ့ ပေးထားတာရှိပါ တယ်။ ဒီကိစ္စကတော့ လက်ရှိ ယုဇနဥယျာဥ်အိမ်ရာမှာနေထိုင်တဲ့ ပုဂ္ဂိုလ်များအားလုံးက ပိုင်ရှင်တွေ ဖြစ်ပါတယ်။ ပိုင်ရှင်တွေဖြစ်တဲ့အတွက်၊ လက်ရှိ သူတို့ပိုင်ရှင်တွေဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်လည်း သူတို့မှာ ရှိပါတယ်။ ဒီဟာပေါ်မှာ သူတို့အားလုံး သဘောတူတယ်ဆိုရင် ကျွန်တော်တို့က အလားတူ Redevelopment Plan တွေနဲ့ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီမှာနေတဲ့ ပိုင်ရှင်၊ အခန်းရှင်၊ တိုက်ခန်းပိုင်ရှင်တွေက အားလုံး သဘောတူမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ခုနပြောတဲ့ Redevelopment ကိစ္စကို ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ပူးပေါင်းပြီးတော့၊ တိုင်ပင်ပြီးတော့ ဆောင်ရွက်ပေး မယ်လို့ ပြောကြားခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်သွား မည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအချိန်၊ ၁၀း၅၁။ ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဆောင်ရွက် သွားမယ့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါတယ်။အချိန်၊ ၁၀း၅၂။ ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)။ ။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါလို့ ကျွန်တော့်အနေနဲ့ နှုတ်ဆက် ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း ဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်သွားမယ့် ကိုယ်ဝန် ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေးအစီအစဥ်နှင့် သက်ကြီးရွယ်အိုများအား ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက် နေမှုအား သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ မေးခွန်း မေးမြန်းသွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် ဆောင်ရွက်ရမည့်ဒေသ(၃)ခုအနက် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ရေးနဲ့ သက်ကြီးရွယ်အိုများအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဥ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းစဥ် အကျိုးခံစားခွင့် ငွေကြေးအဖြစ် (၁)လလျှင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အတွက်(၁၅၀၀၀ ကျပ် x ၃၃ လ = ၄၉၅၀၀၀)ကျပ်ဖြင့် အသက်(၉၀)နှစ်အထက် ဘိုးဘွားတစ်ဦး အတွက်(၁၀၀၀၀ ကျပ် x ၁၂ လ + ၁၂၀၀၀၀)ကျပ်ဖြင့် ၂၀၁၇-၂၀၁၈ ရက်နေ့မှစ၍ နှစ်စဥ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပြည်သူ့ဆေးရုံ၌ ပြသခြင်းမရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အမည်စာရင်းပေးသွင်းခြင်း၊ စာရင်းလက်ခံ ကောက်ခံခြင်းလုပ်ငန်းများကိုလည်းကောင်း၊ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား အမည် စာရင်းပေးသွင်းခြင်း၊ ကောက်ခံခြင်းလုပ်ငန်းများကို မည်သည့်ဌာနဆိုင်ရာမှ တာဝန်ယူ ဆောင်ရွက်သွား မည်ကို သိရှိလိုပါသည်။ ဘိုးဘွားရိပ်သာ၌ နေထိုင်သော ဘိုးဘွားများအား မှတ်ပုံတင်ထုတ်ပေးသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား သိရှိလိုပါသည်။ အထက်ပါအကြောင်းအရာများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအစည်းအဝေး၌ ၅-၃-၂၀၁၇ ရက်နေ့တွင် ညှိနှိုင်းခဲ့ရာ ရခိုင်၊ နာဂ၊ ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အားလုံး ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲတွင် ရခိုင် ပြည်နယ်အား ငွေကြေးထောက်ပံ့ပေးရေးကိစ္စနှင့်ပတ်သက်ပြီး မောင်တော၊ ဘူးသီးတောင် အပါအဝင် အခြားမြို့နယ်ရှိ ဘင်္ဂါလီများအား နိုင်ငံတော်ဘတ်ဂျက်မှ ထောက်ပံ့ပေးမည့်ကိစ္စကို ရခိုင်လွှတ်တော် ကိုယ်စားလှယ်များအားလုံး သဘောမတူ ကန့်ကွက်ခဲ့ကြပါသည်။ ဝန်ကြီးမှ စဥ်းစားပေးမည်ဟုလည်း ကတိပေး ပြောကြားခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က WFA မှ တင်ပြထားသော ဘင်္ဂါလီ လူဦးရေ(၅၀၀၀)ကျော်အား ထည့်သွင်း ပြောကြားခဲ့သည်မှာ မူဝါဒနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရ ပါသည်။ မောင်တောခရိုင်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကိုယ်ဝန်ဆောင်မိခင် လူဦးရေစုစုပေါင်း (၁၉၆၆၈)ဦးရှိပြီး တိုင်းရင်းသားလူဦးရေမှာ(၁၀၄၃)ဦး၊ ဟိန္ဒူမှာ(၈၃)ဦး၊ ဘင်္ဂါလီမှာ(၁၈၅၄၂)ဦး ဘင်္ဂါလီလူဦးရေနှင့် တိုင်းရင်းသားလူဦးရေမှာ(၁၇.၇)ရာခိုင်နှုန်းကျော် ကွာဟနေပါသည်။ လူဦးရေ ခြိမ်းခြောက်မှုဖြစ်သလို လူဦးရေပေါက်ဖွားနှုန်း တိုးမြင့်ရာရောက်သည့်အတွက် ဒေသခံတိုင်းရင်းသားများ စိုးရိမ်ကြောင့်ကြမှု ရှိပါသည်။ နယ်မြေဆုံးရှုံးမှုလည်း ဖြစ်နိုင်ပါသည်။ မောင်တောမြို့လူဦးရေမှာ ကယား ပြည်နယ်လူဦးရေနဲ့ တူညီပါသည်။ အခြားတိုင်းရင်းသားများအပေါ် လျစ်လျူရှုထားရာရောက်သလို ရှိနေ ပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား(၁၃၅)မျိုးအား ထည့်သွင်း စဥ်းစားစေချင်ပါသည်။ ဘင်္ဂါလီ လူမျိုးအစား အခြားတိုင်းရင်းသား(၁၃၅)မျိုးထဲမှ ပေးသင့်သည့်ဒေသမှ အစားထိုးပေးရန် တိုင်းရင်းသားများ ကိုယ်စား တင်ပြ မေးမြန်းရခြင်းဖြစ်ပါသည်။ အားလုံး ကျေးဇူးတင်ပါသည်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း အချိန်၊ ၁၀း၅၅။ ဥက္ကဋ္ဌ။ ။ မေးခွန်းနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဖြေကြားပေးဖို့ ဖြစ်ပါတယ်။ဖြေကြားချက်အချိန်၊ ၁၀း၅၆။ ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန် ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း ရဲ့ ကြယ်ပွင့်ပြမေးခွန်း ဖြစ်တဲ့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်သွားမည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဥ်များအား အကောင်အထည်ဖော် ဆောင်ရွက် နေမှုကို သိလိုခြင်းနှင့် စပ်လျဥ်း၍ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဟာ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံ ချက်ပါ လုပ်ငန်း(၈)ခုအနက် ပထမဦးဆုံးလုပ်ငန်းစဥ်ဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဥ်ကို အခုလာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ အနည်းငယ် ရှင်းပြလိုပါတယ်။ ဒီစီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်ဝန်ဆောင်မှသည် ၎င်းကလေးမွေးဖွားပြီး အသက်(၂)နှစ်အထိ ဖြစ်ပါ တယ်။ အဲဒီအထိကာလဟာ လူသားအစ ရက်ပေါင်း(၁၀၀၀)ကာလ ဖြစ်ပါတယ်။ ဒီ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ဒီကာလမှာ အထွဋ်အထိပ် ဖြစ်ပါတယ်။ လူသားတစ်ဦးရဲ့ တစ်သက်တာအတွင်း ဦးနှောက်ဖွံ့ဖြိုးမှုဟာ ဒီကာလမှာပဲ အဆုံးအဖြတ်ပေးပါတယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းမှာ ကလေး ခန္ဓာကိုယ် ပုံမှန်ကြီးထွားရေးနဲ့ ဦးနှောက်ဖွံ့ဖြိုးရေးတို့အတွက် အာဟာရပြည့်ဝဖို့ ဦးတည်တဲ့အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ သားဆက်ခြားနည်းလမ်းများ စနစ်တကျသုံးစွဲရေး အပါအဝင် ကျန်းမာ ရေးနဲ့ညီညွတ်တဲ့ အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေးတို့ပါ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငွေကြေးထောက်ပံ့ခြင်းအပိုင်းသာမကဘဲနဲ့ ပညာပေးအပိုင်းလည်း ပါဝင် မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနဟာ ဦးဆောင်တဲ့ဌာန အဖွဲ့အစည်းဖြစ်ပြီးတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ အစိုးရဌာနများသာမကဘဲနဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ Save the Children နဲ့ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများဖြစ်တဲ့ အသက်မွေးဝမ်းကေြာင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ LIFT-Fund လို့ခေါ် တဲ့ Livelihoods and Food Security Trust Fund အပါအဝင် Stakeholder အားလုံး ပူးပေါင်း ဆောင်ရွက်ရန် အစီအစဥ် ရေးဆွဲထားရှိပါတယ်။ ဒီအစီအစဥ်ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှု အပိုင်းမှာ ယေဘုယျအားဖြင့် ရပ်ရွာလူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း၊ အကျိုးခံစားခွင့် ရှိသူများအား စာရင်းသွင်းခြင်း၊ အဆိုပါ အကျိုးခံစားခွင့်ရှိသူများအား အတည်ပြုခြင်း၊ အကျိုးခံစားခွင့် ရှိသူများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ဆိုပြီးတော့ အဆင့် (၅)ပိုင်းခွဲပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် ဥက္ကဋ္ဌကြီးခင်ဗျား။ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းရဲ့ ပထမအဆင့်အနေနဲ့ ရပ်ရွာ ပြည်သူလူထုကို အသိပေးခြင်းကို ၂၀၁၇ ခုနှစ်၊ မေလအတွင်းမှာ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အကျိုးခံစားခွင့်ရှိသူများ စာရင်းသွင်းခြင်းအဆင့်မှာတော့ ရပ်ကွက်၊ ကျေးရွာကနေပြီးတော့ အစပြုမှာ ဖြစ်ပြီးတော့ လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စာရင်းဇယားရရှိရေးနဲ့ပတ်သက်ပြီး အဓိကအချက်ကတော့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်း စာအုပ် ကိုင်ဆောင်ထားသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းဇယားများ ရယူမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အကျိုးခံစားခွင့်ရှိသူတွေကို မြို့နယ်နဲ့ ခရိုင်အဆင့်မှာရှိတဲ့ လူမှုဝန်ထမ်း တာဝန်ခံကနေပြီးတော့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနကို ပေးပို့ရမှာဖြစ်ပြီးတော့၊ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှနေပြီးတော့ ညွှန်ကြားရေးမှူးဟာ မြို့နယ်နဲ့ ခရိုင်က တင်ပြလာတဲ့ အကျိုးခံစားခွင့် ရှိသူအရေအတွက်အပေါ်မူတည်ပြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်ကို ရန်ပုံငွေ တင်ပြတောင်းခံရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်ကနေပြီးတော့ စီစဥ်ဆောင်ရွက်နေတဲ့ Maternal and Child Cash Transfer (MCCT)လုပ်ငန်းအဖွဲ့မှ ရန်ပုံငွေတောင်းခံလာမှုကို စိစစ်ပြီးတော့ ပြည်နယ်လူမှုဝန်ထမ်းရုံးကို ရန်ပုံငွေ ခွဲဝေချထားပေးမှာ ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများထံကို မြန်မာ့စီးပွားရေးဘဏ်ရဲ့ MCCT အစီအစဥ် ငွေစာရင်းကတစ်ဆင့် လွှဲပြောင်းပေးပို့မှာ ဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများဟာ မြို့နယ်အုပ်ချုပ်ရေးမှူး များထံမှ ထောက်ပံ့ငွေများထုတ်ယူပြီး အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များကို အမြန်ဆုံး ထုတ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပေးအပ်တဲ့အခါမှာ မြို့နယ်အဆင့်မှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းမှ ငွေလက်ခံရရှိမှုသက်သေအဖြစ် လက်မှတ်ရေးထိုးပြီး ငွေလက်ခံရရှိမှု အထောက်အထားအား ရယူသိမ်းဆည်းဖို့ ဖြစ်ပါတယ်။ ဒီလိုတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် မြို့နယ်တွေမှာ လူမှု အဆင့် ၄ ၊ ၅ ဝန်ထမ်းတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှာ တွဲဖက်ခန့်ထား တာဝန် ပေးသွားမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း အလားတူ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားပြီးလို့ရှိရင် ရက်ပေါင်း (၄၅)ရက်အတွင်းမှာ မွေးဖွားသော ကလေးအရေအတွက်အရ ၎င်းတို့ရဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများထံမှာ လာရောက်သတင်းပို့လို့ရှိရင် ကလေးအကျိုးခံစားခွင့်ရှိသူ စာရင်းပုံစံမှာ စာရင်း ပေးသွင်းပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဆိုပါ အကျိုးခံစားခွင့်ရှိသူ ကလေးစာရင်းကိုလည်း ကိုယ်ဝန်ဆောင်မိခင် စာရင်းအသစ်များနှင့်အတူ ပူးတွဲ၍ ယခင်အတိုင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးထံ ပေးပို့ပြီးတော့ ရန်ပုံငွေ တင်ပြတောင်းခံရမှာ ဖြစ်ပါတယ်။ မွေးဖွားခဲ့တဲ့ မိခင် အနေနဲ့ ကလေးအရေအတွက်အလိုက် ထောက်ပံ့ကြေး ခံစားနိုင်မှာဖြစ်ပါတယ်။ အဲဒီလို အကောင် အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ တာဝန်ခံမှုရှိစွာ ဆောင်ရွက်နိုင်ဖို့ အတွက် စီမံခန့်ခွဲမှုအပိုင်းအနေနဲ့ ရပ်ကွက်၊ ကျေးရွာအဆင့်မှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ သားဖွားဆရာမ၊ လူမှုရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ ပါဝင်တဲ့ ကျေးရွာလူမှုကာကွယ် စောင့်ရှောက်ရေးကော်မတီ၊ မြို့နယ်အဆင့်မှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ မြို့နယ်အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့ ပြည်နယ် အဆင့်မှာ လူမှုရေးရာဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များအဖြစ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနဲ့ ဆက်စပ် ဌာနဆိုင်ရာများမှ ပါဝင်မှာဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ ပြည်နယ်လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီမှ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီအဆင့်ဆင့်မှာ သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များက နာယကများအဖြစ် ပါဝင်မှာဖြစ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်မှုရဲ့ အြေခခံအကျဆုံးနဲ့ အကျိုးခံစားခွင့်ရှိသူ ပြည်သူများနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ရပ်ကွက်၊ ကျေးရွာအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းတဲ့နေရာမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖွားဆရာမများမှအပ ကျန်ကော်မတီဝင်များကို ပွင့်လင်းမြင်သာမှုရှိစွာ ရပ်ရွာလူထုက ရွေးချယ်တဲ့သူများကိုသာ ခန့်အပ်မှာဖြစ်ပါတယ်။ ၎င်းတို့အထဲမှ အကျိုးခံစားခွင့်ရှိသူ ပြည်သူများအနေဖြင့် အဆင်မပြေမှုရှိပါက ရပ်ရွာလူထုကိုယ်စား အားထားရသူ၊ အကျိုးခံစားခွင့် ရှိသူက လွယ်ကူစွာ ချဥ်းကပ်၍ ပြောဆိုဆွေးနွေးမှုကို လက်ခံနိုင်တဲ့သူတစ်ဦးကို တိုင်ကြားမှုတာဝန်ခံ အဖြစ် ခန့်အပ်မှာဖြစ်ပြီးတော့ ၎င်းအနေနဲ့ အစီအစဥ် အကောင်အထည်ဖော်မှု လက်စွဲအရ အတိုင်းအတာတစ်ခုအထိ တိုင်ကြားမှုတွေကို ြေဖရှင်းပေးရန် တာဝန်ရှိပြီးတော့ အခြားတိုင်တန်းမှုများ ကိုလည်း လူမှုဝန်ထမ်းဦးစီးဌာနမှ ခန့်အပ်တဲ့ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူများထံ ဆက်လက် တိုင်ကြားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် တိုင်ကြားမှုအမျိုးအစားပေါ်မူတည်ပြီး စီမံခန့်ခွဲမှုအဆင့်လိုက် ြေဖရှင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ နောက်ထပ် အစီအစဥ် တစ်ခုဖြစ်တဲ့ သက်ကြီးပင်စင်ထောက်ပံံ့ရေး အစီအစဥ်ကိုလည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဘိုးအဘွားများအတွက် သက်ကြီးပင်စင်ထောက်ပံ့ပေးဖို့ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေကို တင်ပြတောင်းခံထားပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်အတွက် အသက်(၉၀)နှင့် အထက် အဘိုးအဘွားတွေကို တစ်လကို ငွေကျပ်(၁၀၀၀၀)ထောက်ပံ့ပေးရန် စီစဥ်လျက်ရှိပြီးတော့ ဘိုးဘွားများအတွက် သက်ကြီးပင်စင်ထောက်ပံံ့ပေးရန်အတွက်လည်း လုပ်ငန်းလမ်းညွှန်ရေးဆွဲ ခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ ရပ်ရွာရှိပြည်သူများနဲ့ အကျိုးခံစားခွင့်ရှိသူ ဖြစ်လာမည့်သူတွေကို သတင်းပေးခြင်း၊ စာရင်းသွင်းမှတ်ပုံတင်ခြင်း၊ စိစစ်ခြင်း၊ ထောက်ပံ့ငွေကြေးထုတ်ပေးခြင်း၊ စာရင်းဇယား ပြန်လည်ညှိနှိုင်းခြင်းနဲ့ အကောင်အထည်ဖော်မှုများ စောင့်ကြည့်ကြီးကြပ်ခြင်းအဆင့်များဖြင့် စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် သက်ကြီးပင်စင်ထောက်ပံ့မှုအတွက် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှာ သက်ကြီးပင်စင် လုပ်ငန်းအစီအစဥ်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများကို ရှင်းလင်းတင်ပြတဲ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်များမှ သက်ကြီးပင််စင်ထောက်ပံ့ပေးမှုမှာ ပါဝင်သင့်သူများ မပါဝင်ခြင်းနဲ့ မပါဝင်သင့် သူများ ပါဝင်လာမှုအမှားများ၊ ရပ်ကွက်၊ ကျေးရွာအဆင့်မှာ ဖွဲ့စည်းမည့် လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီ(အဆိုပြု)ဖွဲ့စည်းပုံ၊ သက်ကြီးပင်စင် အြေခခံသဘောတရားများဖြစ်သည့် လူမှန်၊ ငွေပမာဏ မှန်၊ အချိန်မှန် ထောက်ပံ့ပေးနိုင်မှုအတွက် တာဝန်ခံမှု စသည်တို့နဲ့ပတ်သက်ပြီးတော့ မေးခွန်းများ မေးြမန်းခြင်း၊ ဆွေးနွေးညှိနှိုင်းြခင်းများ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးချက်တွေအပေါ်မှာ မူတည် ပြီးတော့ သက်ကြီးပင်စင် ထောက်ပံံ့ရေးလုပ်ငန်းလမ်းညွှန်ကို ရေးဆွဲ အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ ြမန်မာနိုင်ငံမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က စတင်ပြီးတော့ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေနှင့် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဥ်ကို အသက်(၉၀)နှင့်အထက် ဘိုးဘွား တွေကို စတင် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ရန်ပုံငွေအြေခအနေပေါ် မူတည်ပြီးတော့ အသက် ကန့်သတ်ချက်ကို လျှော့ချသွားမှာ ဖြစ်ပါတယ်။ အကျိုးခံစားခွင့်ရှိသူစာရင်း ကောက်ခံတဲ့နေရာမှာ အသက်အထောက်အထားကို ဘိုးဘွားများရဲ့ မှတ်ပုံတင်၊ မှတ်ပုံတင်မရှိရင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆-ဃ)တို့နဲ့ ကျွန်တော်တို ့အသက်အထောက်အထားကို ရယူမှာဖြစ်ပါတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆-ဃ) လုံးဝမရှိသော ဘိုးဘွားများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦး၊ ရပ်ကွက်မှ ယုံကြည်လေးစားရတဲ့ ရပ်မိရပ်ဖ(၂)ဦး၊ ပေါင်း(၃)ဦးက မှတ်ပုံတင်၊ ပုံစံ (၆၆-ဃ)မရှိကြောင်း ထောက်ခံ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးကို တင်ပြရမှာ ဖြစ်ပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက ပြည်နယ်၊ တိုင်း လူမှုရေးဦးစီးမှူးထံ တင်ပြြပီးတော့ ပြည်သူ့ အင်အားဦးစီးဌာနကို ဆက်သွယ်ပြီးတော့ စာရင်းစိစစ်တိုက်ဆိုင်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရရှိလာတဲ့စာရင်းတွေကို လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်ကို စာရင်းပေးပို့ပြီး ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနရဲ့ ဖွဲ့စည်းပုံ ဝန်ထမ်းအနေအထားအရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့်အတူ ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း ၂၀၁၇ ခုနှစ်] ဆွေးနွေးခြင်း လူမှုဝန်ထမ်းဦးစီးဌာနရဲ့ လက်ရှိဖွဲ့စည်းပုံအနေအထားဟာ ခရိုင်အဆင့်မှာပင် (၁၂)ရုံးသာ ရှိပြီး မြို့နယ်အဆင့်တွင် ဖွဲ့စည်းပုံအရ လုံးဝ ခန့်အပ်ထားခြင်း မရှိသေးတဲ့အတွက်ကြောင့် အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား အမည်စာရင်းပေးသွင်းခြင်း၊ ကောက်ခံခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညှိနှိုင်းစာများပေးပို့ပြီးတော့ စာရင်းဇယားများရရှိရေးအတွက် အကူအညီတောင်းခံပြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ ပေးပို့ဖို့ စီစဥ်ဆောင်ရွက်ထားပါတယ်။ တိုင်းဒေသကြီး၊ ခရိုင်နဲ့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတွေမှာ မြို့နယ်အလိုက် စာရင်းဇယားတွေ စုစည်းပြီး လူမှု ဝန်ထမ်းဦးစီးဌာနရုံးချုပ်သို့ တင်ပြဖို့ စီစဥ်ထားရှိပြီးတော့ မူလတင်ပြခဲ့တဲ့ အစီအစဥ်အတိုင်း ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သက်ကြီးဘိုးဘွားများနဲ့ ၎င်းတို့ရဲ့ မိသားစု များမှ အချိန်မရွေး တိုင်တန်းနိုင်တဲ့ လူမှုဝန်ထမ်းဦးစီးဌာန Help Line များကိုလည်း ၀၆၇-၄၀၄၂၂၂ နှင့် ၀၆၇-၄၀၄၉၉၉ တို့ကို ပြည်သူကို အသိပေး တင်ပြထားပြီး ဖြစ်ပါတယ်။ လူမှုရေးပင်စင်ထောက်ပံ့မှုအစီအစဥ်မှာ ကိုယ်စားလှယ်ကြီးမေးတဲ့ ဘိုးဘွားရိပ်သာမှာရှိတဲ့ ဘိုးဘွားများအတွက်တော့ ဘိုးဘွားရိပ်သာ လာအပ်စဥ်ကတည်းက အသက်အထောက်အထားပါရှိပြီး ဖြစ်တဲ့အတွက် အဲဒီ အသက်အထောက်အထားပေါ်မူတည်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ နောက် ကိုယ်စားလှယ်ကြီးမေးခွန်းနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ အစိုးရသစ် စပြီးတော့ တာဝန်ယူတဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့ဟာ ပြတ်သားတဲ့မူဝါဒများကို ချမှတ်ပြီးတော့ ဆောင်ရွက် ထားတာရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ လူတိုင်း အြေခခံ လူ့အခွင့်အရေး ရရှိရေး၊ ဒီမိုကရေစီအဆင့်အတန်းနှင့် ညီညွတ်ရေးနဲ့ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လူမှု အသိုင်းအဝိုင်း ဖော်ဆောင်ရေးဆိုတာကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ နည်းလမ်းတွေကို ရှာဖွေတော့ လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းတွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီတော့ လူမှု ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေမှာ မဟာဗျူဟာစီမံချက်တွေ ချမှတ်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ နိုင်ငံနှင့်အဝန်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း ဒီပုံစံအတိုင်းပဲ ဆောင်ရွက်နေတာရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အထဲမှာမှ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေထဲမှာ ကျွန်တော်တို့ ဒီနှစ်ခုကို ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ အကောင်အထည်ဖော် တာဖြစ်ပါတယ်။ တစ်ခုကတော့ ကျွန်တော်ခုန တင်ြပခဲ့တဲ့အတိုင်း ဖြစ်ပါတယ်။ ဒါကတော့ မိခင်နှင့် Maternal and Child Cash Transfer လို့ခေါ်တဲ့ မိခင်နဲ့ သူကမွေးဖွားတဲ့ကလေး (၂)နှစ်အထိ စောင့်ရှောက်ခြင်းနဲ့ သက်ကြီးရွယ်အိုများကိုပေးတဲ့ လူမှုရေးပင်စင်ထောက်ပံ့ခြင်း(၂)ခု ဖြစ်ပါတယ်။ (၈)ခုထဲမှာ ကျွန်တော်တို့ (၂)ခုကို ဒီနှစ် အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ဟာ လူတိုင်းက လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်ြေမာက်ရေးနှင့် နောက်ပြီးတော့ လူတိုင်း အြေခခံလူ့အခွင့်အရေး ရရှိရေးနဲ့ နောက်ြပီးတော့ ဒီမိုကရေစီအဆင့်အတန်းမြင့်မားရေး၊ နောက်ဆုံးမှာတော့ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုး တက်ရေးကို ဦးတည်သွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Maternal and Child Cash Transfer ဆိုတဲ့ ဒီ ကိုယ်ဝန်ဆောင်မိခင်နဲ့ သူရဲ့မွေးဖွားတဲ့ကလေး(၂)နှစ်အထိ ထောက်ပံ့ခြင်း အစီအစဥ်ဟာ ခုနပြောခဲ့သလိုပဲ ငွေကြေးထောက်ပံံ့ရေးအစီအစဥ် ပါဝင်ပါတယ်။ ဒီငွေကြေးထောက်ပံ့ရေး အစီအစဥ် ကြောင့်မို့လို့ ဒီပြည်နယ်အတွင်းမှာ ငွေကြေးလည်ပတ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီအခါမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့ ပိုပြီးတော့ ရောင်းဝယ်ဖောက်ကားမှုတွေလည်း ပိုကောင်းလာပြီးတော့ ဒီစီးပွားရေးအရ တွက်လို့ရှိရင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုပါတယ်။ အဲဒီတော့ အနာဂတ်နိုင်ငံအတွက်ကိုလည်း ဦးနှောက်ကောင်းတဲ့ ဥာဏ်ရည်ထက်ြမက်တဲ့ လူသားတွေဖြစ်ပေါ်ဖို့ကိုလည်း ကျွန်တော်တို့ ဦးတည်တာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လိုဦးစားပေးပြီးတော့ ဆောင်ရွက်မလဲလို့ စဥ်းစားတော့ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်နယ် ကနေပြီးတော့ စတင်ပြီးတော့ ဆောင်ရွက်တာဟာ သဘာဝကျတယ်၊ လျော်ကန်တယ်လို့ ယူဆပြီးတော့ စာရင်းဇယားများအရ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်များကနေပြီးတော့ စတင်တာဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂဒေသတို့ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ရွေးချယ်ပြီးတော့ ဆောင်ရွက်ခဲ့တာ ြဖစ်ပါတယ်။ ဒါဟာ အားလုံးသော ကျွန်တော်တို့ ပြည်သူများအားလုံးရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတ့ဲအပြင် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ် ဆိုတာကို ြေဖကြားအပ်ပါတယ်။ ကျေးဇူး တင်ပါတယ်။အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်းအချိန်၊ ၁၁း၁၀။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၆) ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ အမျိုးသားလွှတ်တော်သို့ ပေးပို့လာပါတယ်။ အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံ ကြိုတင် ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာကို ကော်မတီက ဖတ်ကြားရှင်းလင်းဖို့ ဖြစ်ပါတယ်။ အချိန်၊ ၁၁း၁၂။ ဒေါ်အုန်းကြည် (အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်ပါသော အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက် ဂါရဝပြုပါတယ်ရှင်။ ကျွန်မကတော့ မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၄)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်အုန်းကြည် ဖြစ်ပါတယ်ရှင်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့တာဝန်ပေးချက်အရ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်မှာ စိစစ်တင်ပြခြင်းအစီရင်ခံစာကို ဖတ်ကြား သွားမှာဖြစ်ပါတယ်။အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၏ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် စိစစ်တင်ပြခြင်း အစီရင်ခံစာ စာအမှတ်၊ ၁/ အမ (ကော်မတီ-၁)၁/၂၀၁၇ - ၁၂၂ ရက်စွဲ၊ ၂၀၁၇ ခုနှစ် ၊ မတ်လ ၁၄ ရက်၁။ ပြည်သူ့လွှတ်တော်က ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို ြပင်ဆင်ချက်များဖြင့် သဘောတူအတည်ပြုပြီး ၇-၃-၂၀၁၇ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ ပေးပို့လာပါသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဥ်း၍ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် မှ ပညာရှင်များနှင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။လေ့လာတွေ့ရှိချက်၂။ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လေ့လာစိစစ်ရာ ပြည်သူ့လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက်များသည် ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့်အပြင် ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် ပြဋ္ဌာန်းချက်များဖြစ်သဖြင့် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်များအတိုင်း ဆက်လက်အတည်ပြုသင့်ပါကြောင်း လေ့လာတွေ့ရှိရပါသည်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက်ကော်မတီ၏ သဘောထားမှတ်ချက် ၃။ သို့ဖြစ်ပါ၍ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ ပညာရှင်များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပြီးဖြစ်ပါသဖြင့် အမျိုးသားလွှတ်တော်က အတည်ပြု ဆောင်ရွက်နိုင်ပါရန် အစီရင်ခံတင်ပြအပ်ပါသည်။အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ။အားလုံးကို ကျေးဇူးတင်ပါတယ်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းအချိန်၊ ၁၁း၁၅။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၇)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်း လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြလက်မှတ်ရေးထိုးပြီး ၂၄-၅-၂၀၁၇ (ဗုဒ္ဓဟူးနေ့) ထက်နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ပါတယ်။ဒေါက်တာစန်းမောင်မောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ်အရေးယူမှု မရှိသလောက် အားနည်းနေခြင်း အပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ်ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ် ရယူခြင်းအချိန်၊ ၁၁း၁၆။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၈) ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင် က မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ်အရေးယူမှု မရှိသလောက် အားနည်းနေခြင်း အပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ်ဖြေရှင်းပေးပါရန်နှင့် စပ်လျဉ်းသည့် အဆိုတစ်ရပ် တင်သွင်း လိုကြောင်း အမျိုးသားလွှတ်တော်သို့ ပေးပို့ထားပါတယ်။ ယခု ဒေါက်တာစန်းမောင်မောင် အဆိုတင်သွင်းဖို့ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] အဆုိတင်သွင်းခြင်း အချိန်၊ ၁၁း၁၆။ ဒေါက်တာစန်းမောင်မောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)။ ။ လေးစားအပ် ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့လိုက်ရပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ်မှ ဒေါက်တာစန်းမောင်မောင် ဖြစ်ပါတယ်။ ကျွန်တော်ဟာ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ ယဥ်ကျေးမှုနှင့် အားကစားကော်မတီရဲ့ အတွင်းရေးမှူး တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်အခု တင်သွင်းမယ့်အဆိုမှာ Power Point သုံးခွင့်ပြုပါရန် နှင့် အချို့စကားလုံးတွေမှာ အင်္ဂလိပ်စကားလုံး သုံးခွင့်ပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော်တင်သွင်းမယ့် အဆိုကတော့ ြမန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာ ကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ်အရေးယူမှုမရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ်ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းလိုပါတယ်။ ရည်ရွယ်ချက်။ ြမန်မာနိုင်ငံရှိ နိုင်ငံသူ၊ နိုင်ငံသားများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ဒီမိုကရေစီ ကြီးဆောင်ရွက်နိုင်ရန်၊ ဒီမိုကရေစီ အသီးအပွင့်များကို ခံစားနိုင်ရန်နှင့် ြမန်မာနိုင်ငံသားများ၏ ပျမ်းမျှ သက်တမ်းပိုရှည်လာစေရန် ရည်ရွယ်ပါတယ်။ ြမန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ရေးဆွဲပြီး ၂၀၀၆ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ မေလ ၄ ရက် နေ့တွင် အာဏာတည်ပါတယ်။ ကမ္ဘာပေါ်တွင် ဆေးလိပ်သုံးစွဲသောက်သုံးနေသူ သန်း(၁၀၀၀)ကျော် ရှိပါတယ်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် တစ်နှစ်လျှင် လူ(၆)သန်းကျော် သေဆုံး နေကြရပါတယ်။ (၆)သန်းထဲမှ (၆၀၀၀၀)ခန့်ဟာ ကိုယ်တိုင်ဆေးလိပ်မသောက်ပဲ သူတစ်ပါး သောက်သုံးသော ဆေးလိပ်ငွေ့ကို တစ်ဆင့်ရှူရင်း ရောဂါရရှိကြပါတယ်။ (၆၀၀၀၀)၏ လေးပုံတစ်ပုံမှာ ကလေးသူငယ်များ ဖြစ်ကြပါတယ်။ အချိန်(၆)စက္ကန့်တိုင်းမှာ ဆေးလိပ်သောက်သူတစ်ဦး သေဆုံးြပီး (၁)မိနစ်တိုင်း တစ်ဆင့်ခံရှူရှိုက်နေသူ အပြစ်မဲ့လူသားတစ်ဦး သေဆုံးနေကြရပါတယ်။ ဆေးလိပ် သောက်ခြင်းသည် စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ပြောင်းဖက်လိပ်၊ ရေပြောင်း၊ ရှိရှား၊ ပွတ်ချွန်း၊ ဘီဒီနဲ့ မီးခိုးမထွက်သော ကွမ်းယာထဲတွင် မြန်မာ့ဆေးရွက်ကြီးများနှင့် ဆေးပေါင်း စသည်တို့ ထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်းတို့ ပါဝင်ပါတယ်။ ဆေးလိပ်သောက်သုံးမှု အြေခအနေမှာ ၂၀၀၉ ခုနှစ်တွင် (၂၉.၇)ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် မှာ (၄၃.၂)ရာခိုင်နှုန်း မြင့်တက််လာပါတယ်။ နှစ်စဥ် စီးကရက်အလိပ်ရေ(၇)သန်းကျော် သုံးစွဲနေ ပါတယ်။ (၁၅)နှစ်အထက် နိုင်ငံလူဦးရေ သန်း(၃၀)ကျော်နဲ့ ထက်ဝက်ခန့်မှာ နေ့စဥ် ဆေးလိပ်ကို စွဲမြဲစွာ သုံးစွဲနေပါတယ်။ ဆေးရွက်ကြီးပါသည့် ကွမ်းစားနှုန်းမှာလည်း အသက်(၁၅)နှစ်အထက် အမျိုးသား(၅၁)ရာခိုင်နှုန်း၊ အမျိုးသမီး(၁၆)ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကွမ်းစားသုံးမှုနိုင်ငံများစာရင်းတွင် ြမန်မာနိုင်ငံသည် ပထမနေရာ၌ ရပ်တည်နေသည်ကို WHO စစ်တမ်းများအရ သိရှိရပါတယ်။ ဒုတိယ အိန္ဒိယနိုင်ငံ၊ တတိယ နီပေါ၊ စတုတ္ထ ဘင်္ဂလားဒေ့ရှ်၊ ပဉ္စမ သီရိလင်္ကာနှင့် ဆဋ္ဌမ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။ ကွမ်းယာတွင် ဆေးပေါင်းထည့်စားခြင်းသည် ခေတ်စားသည်။ ကွမ်းယာဆေးပေါင်းများ သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မှောင်ခိုဝင်ပါတယ်။ (၉၀)ရာခိုင်နှုန်း အခွန်ဆောင်ခြင်းမရှိ၊ အချို့ကို ြမန်မာနိုင်ငံတွင် အတုပြုလုပ်ပါတယ်။ ပူပြင်းသော ဆေး၊ ကာမစိတ် နိုးကြွစေသောဆေး တို့ဖြင့် ပေါင်းစပ်ဖော်စပ်ထားပါတယ်။ ဆေးလိပ်မီးခိုးကို အဝတ်ဖြူပေါ်တွင် မှုတ်ထုတ်သော် အမည်းရောင် အစွန်းအထင်းများကိုကြည့်၍ ဆေးရွက်ကြီး၏ ကြောက်စရာအန္တရာယ်ကို တွေ့နိုင်ပါတယ်။ ဆေးလိပ် ရှူရှိုက်လိုက်စဥ် အဆိပ်ငွေ့များသည် နှာခေါင်း၊ လည်ချောင်း၊ နှလုံးနှင့် နာဗ်ကြောများကို ထိခိုက် စေပါတယ်။ နီကိုတင်းဓာတ်ငွေ့သည် အဆိုးဆုံးပင်ဖြစ်သည်။ ချောင်းဆိုးခြင်း၊ အမောမခံနိုင်ခြင်းနှင့် လူကို ဘိန်းစွဲသကဲ့သို့ စွဲလန်းစေပါတယ်။ ဆေးရွက်ကြီးနဲ့ ဆေးလိပ်တို့ကို မီးခိုတွင် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများ၊ လူကို အန္တရာယ်ဖြစ်စေသော ကတ္တရာ၊ နီကိုတင်း၊ ကာဗွန်မိုေနာက်ဆိုဒ်၊ ဘင်ဇင်း၊ အမိုးနီးယား၊ ဖော်မယ်ဒီဟိုက်၊ လူတီဒင်း၊ ကာဘောလစ်အက်ဆစ်၊ အာဆင်းနစ်၊ ဗင်ဇိုပရင်း၊ မီသိုင်း အယ်ကိုဟော၊ ပရတ်ဆစ်အက်ဆစ် စသော ဓာတ်ပစ္စည်း(၄၀၀၀)ကျော် ပါဝင်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် သူတစ်ပါးထံမှ ဆေးလိပ်ငွေ့ကို တစ်ဆင့်ရှူရှိုက်ခြင်းသည် ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း နှင့် ထပ်တူပင်ဖြစ်ပါတယ်။ လူတီဒင်းနဲ့ ဗင်ဇုိပရင်းသည် ဆေးရွက်ကတ္တရာစေးဒြပ် ဖြစ်ပါတယ်။ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ကော်လီဒင်းသည် အဆိပ်ဖြစ်၍ သွက်ချာပါဒရောဂါဖြစ်ပြီး အသက် ဆုံးရှုံးနိုင်ပါတယ်။ ပရတ်ဆစ်အက်ဆစ် သည် နှစ်အနည်းငယ်အတွင်း သေကြေပျက်စီးနိုင်၏။ ရာဇဝတ် သားများ သေဒဏ်ပေးရာတွင် သုံးပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်း၊ ဆေးပါသော ကွမ်းစား ခြင်းတို့ကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ လေပြွန်ကင်ဆာ၊ အသံအိုး ကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုး၊ နှလုံးသွေးကြောကျဥ်း၊ သွေးကြောပိတ်ခြင်း၊ ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ အဆုတ်ပွခြင်း၊ သွေးတိုး၊ ြေခပုတ်၊ လက်ပုတ်ရောဂါ၊ ပန်းသေပန်းညှိုး ရောဂါဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ခြင်း၊ ကလေးအသေမွေးခြင်း၊ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ မွေးကင်းစကလေး ရုတ်တရက် သေဆုံးခြင်း၊ ကလေးများ ဉာဏ်ရည်နိမ့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ Power Point ကျေးဇူးပြု၍ ပြပေးပါ။ အဲဒါကတော့ ကျွန်တော်တို့ သွေးကြောပိတ်သွားတဲ့ အခါမှာ ခြေမပုတ်သွားတာပါ။ သူတို့ ကုသမယ်ဆိုရင်တော့ သူတို့ြေခကျင်းဝတ်ကနေပြီးတော့ ဖြတ်ရပါမယ်။ အဲဒီကနေပြီးတော့ သိပ်ဆိုးလာရင်တော့ ကျွန်တော်တို့ ပေါင်ထိဖြတ်ရတဲ့ အနေအထား ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ အဆုတ်ပွတာပါ။ ဆေးလိပ်သောက်ပါများတဲ့အခါကျတော့ အဆုတ်မှာ ပိုးဝင်ပြီးတော့ အဆုတ်ပွတာပါ။ ဒါကတော့ လက်သွေးကြောတွေပိတ်ြပီးတော့ လက်တွေ ပုတ်သွားတာပါ။ ဒါလည်းပဲ သွေးကြောပိတ်ြပီးတော့ ဖြတ်မယ်ဆိုလို့ရှိရင် လက်ကောက်ဝတ်၊ နောက် သိပ်ဆိုးလို့ရှိရင် တံတောင်ဆစ်အောက်၊ နောက်ဆိုလို့ရှိရင် လက်မောင်းထိ ြဖတ်ရတဲ့အနေအထား ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ လျှာမှာ ဖြစ်တာပါ။ လျှာနဲ့ခံတွင်းမှာ သူဟာဆိုလို့ရှိရင် အသက် (၁၀)နှစ်ကျော် ကတည်းက ဆေးလိပ်ကို သောက်သုံးလာတာပါ။ အခုဆိုရင် သူက လျှာနဲ့ခံတွင်းမှာ ကင်ဆာဖြစ်ပြီးတော့ မေးရိုးတွေစားြပီးတော့ သွားတွေပါ ကျွတ်ထွက်နေတဲ့ပုံ ဖြစ်ပါတယ်။ ဒါကတော့ လျှာမှာ ကင်ဆာဖြစ်တာပါ။ ဆေးလိပ်တွေ၊ ကွမ်းယာတွေ စားအားကြီးလို့ ဖြစ်တာပါ။ ဒါကတော့ ကျွန်တော်တို့ ဦးနှောက်သွေးကြောတွေမှာ သွားပိတ်လို့ရှိရင် လေဖြတ်ပြီးတော့ ဖြစ်သွားတဲ့ အြေခအနေပြတာပါ။ ဒါကတော့ ကျွန်တော်တို့ ဆေးလိပ်ဗူးခွံတွေမှာလည်း တွေ့မှာပါ။ လျှာကင်ဆာ ြဖစ်တယ်။ နောက်ပြီးတော့ ခံတွင်းကင်ဆာဖြစ်ရာကနေပြီးတော့ မေးရိုးကိုစားသွားတဲ့ပုံ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဥပဒေအရ ပြဋ္ဌာန်းထားတာ လူအများစုဝေးတဲ့ အစည်းအဝေးခန်းမတွေမှာ ဆေးလိပ် လုံးဝမသောက်သုံးရလို့ သတ်မှတ်ထားပေမယ့် ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဆေးလိပ် သောက်သုံးနေတာကို တွေ့ရတာကို ပြပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဆေးလိပ် သောက်သုံးနေတဲ့ပုံ ခုနကပုံကို အသေးစိတ် တင်ပြတာပါ။ ဒါကတော့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုလို့ရှိရင် ဆေးလိပ်ကို တစ်လိပ်ချင်း၊ နှစ်လိပ်ချင်း ရောင်းလို့မရပါဘူး။ ဘူးလိုက်သာ ရောင်းရမယ်ဆိုတာကို ပြတာပါ။ ဒါကတော့ ကျွန်တော်တို့ တကယ်လို့ မိသားစုကျန်းမာပျော်ရွှင်ဖို့ ဆိုလို့ရှိရင် ဆေးလိပ်၊ ကွမ်းနဲ့ အရက်ကို တိုက်ဖျက်စို့ဆိုပြီးတော့ ဆောင်ပုဒ်လေးကို ပြတာပါ။ ကျေးဇူးတင်ပါတယ်။ ၂၀၁၇ ခုနှစ်] အဆုိတင်သွင်းခြင်း မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဥ်လူ(၇၀၀၀၀)ကျော် သေဆုံးကြပါတယ်။ ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တယ်။ ကင်ဆာဖြစ်သူ (၉၀)ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်းနဲ့ ဆေးရွက်ကြီးပါသော ကွမ်းစားခြင်းတို့ကြောင့် ဖြစ်ပါ တယ်။ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးခြင်း၊ ဆေးပါသောကွမ်းစားခြင်းတို့ကြောင့် အရွယ်မတိုင်မီ သေဆုံးကြရပါတယ်။ ထို့ကြောင့် ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သားသမီးများ စားဝတ်နေရေး၊ လူမှုရေး ဒုက္ခများ ခံစားနေရခြင်း၊ အလုပ်လုပ်နိုင်သည့်လူငယ်များ ရောဂါဝေဒနာခံစားနေရခြင်း၊ သေဆုံးခြင်း များကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခြင်း၊ ကုန်ထုတ်စွမ်းအား ကျဆင်းခြင်း၊ ဆေးကုသ စရိတ် ကုန်ကျခြင်းတို့ကြောင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဆေးလိပ်မီးခိုးများ မိမိပတ်ဝန်းကျင်၌ ကင်းရှင်းအောင် ဝိုင်းငြှိမ်းသတ်ဖို့ အချိန်တန်ပါပြီ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟူသော သတိပေးချက်တစ်ခုတည်းဖြင့် မလုံလောက်ပါ။ ဆေးလိပ်မီးခိုး ကင်းစင်ရေးဇုန်များ သတ်မှတ်ပေးသင့်ပြီး ဆေးလိပ်သောက်လျှင် ကင်ဆာဖြစ်မည်။ ဆေးလိပ်သောက်လျှင် အသက်မရှည်နိုင်၊ ဆေးလိပ်သောက်ခြင်းသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကို သနားပါ။ ပတ်ဝန်းကျင်ကို အားနာပါ။ မူးယစ်ဆေး အစ ဆေးလိပ်ကဟု ပညာပေးကြော်ငြာများ နေရာတကာမှာ ချိတ်ဆွဲထားသင့်ပါတယ်။ အရက် သောက်ပြီး အနံ့မထွက်ရအောင် ကွမ်းယာစားခြင်း၊ ဆေးလိပ်သောက်တတ်ကြသည်။ ကွမ်းယာမှာ ဆေးရွက်ကြီးနဲ့ ကွမ်းသီးဟာ ခံတွင်းကင်ဆာဖြစ်စေပါတယ်။ ဆေးလိပ်၊ ကွမ်း၊ အရက်မသုံးစွဲမိစေပါနှင့် မပေါ့နှင့် မကောင်းတဲ့ မသင့်လျော်တဲ့အရာဆိုလျှင် မလုပ်တာအကောင်းဆုံး၊ သို့ရာတွင် ကျောင်းဘေး မှာ ကွမ်းယာဆိုင်များရှိနေတယ်။ ခန္ဓာကိုယ်အလေးချိန်လျှော့ချလျှင် အသက်ရှည်နိုင်မည်ဟုဖော်ပြ ကြ၏။ သို့သော် ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းမစား၊ ဆေးတံမသောက်ခြင်းဖြင့် အသက်ရှည် ရောဂါ ကင်းစွာနေနိုင်ကြောင်း မည်သူရေးခဲ့ဖူးသနည်း။ ဆေးလိပ်သောက်၊ ကွမ်းစား အခွန်ပိုကောက်ထား ဟု ဆိုသော်လည်း မြန်မာနိုင်ငံမှာ ဆေးလိပ်အခွန်ကို (၁၀၀)ရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း (၈၀) ရာခိုင်နှုန်း အခွန်ရှောင်နေကြပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှု တိုက်ဖျက်ရေးအတွက် လိုက်နာကျင့်သုံးရန် ပျက်ကွက်ခဲ့ပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ရန် ပုဒ်မများကို ဥပဒေများပြဋ္ဌာန်း ထားသော်လည်း အရေးယူပိုင်ခွင့်ရှိသူများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဏာပိုင်များကိုယ်တိုင် ယင်းဥပဒေကို ကျင့်သုံး အကောင်အထည်ဖော်မှု လုံးဝမရှိသလောက်ဖြစ်နေသေးပါတယ်။ စီးကရက် လုံးဝမသောက် ရသော အများနဲ့သက်ဆိုင်သောနေရာများ(၁၅)နေရာ၊ သီးသန့်သောက်ရမည့်နေရာပေးခြင်း(၇)နေရာ၊ စီးကရက်၊ ဆေးလိပ်တို့ကို တစ်လိပ်ချင်းမရောင်းချဘဲ ဘူးလိုက်သာ ရောင်းချရန်၊ စီးကရက်သောက်သုံး သူများသည် အန္တရာယ်ကြီးကြောင်း သတိပေးချက်ကို ရောင်းချသည့်ဆိုင်များတွင် ထင်ထင်ရှားရှား ကပ်ထားရန်၊ အသက်(၁၈)နှစ်အောက် ကလေးများကို မရောင်းချရန်၊ ကျောင်းများနှင့် တက္ကသိုလ် ပရဝုဏ်များနှင့် ပေ(၁၀၀)အတွင်း ဆေးလိပ်၊ ကွမ်းယာဆိုင်များ လုံးဝမရှိစေရန် တားမြစ်ချက်၊ ညွှန်ကြားချက်များ ဥပဒေတွင်ပါရှိသော်လည်း သိရှိသူနည်းပါးခြင်း၊ လိုက်နာကျင့်သုံးမှုမရှိခြင်း၊ ကြီးကြပ် အရေးယူမှုမရှိခြင်းတို့ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြည်သူများ ဘက်မှလိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ် အရေးယူမှု မရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ်ဖြေရှင်း ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းအပ်ပါတယ်။ သွေးကြောပိတ်သွားသည့်အခါ ခြေမပုတ်သွားသော ပုံံ (ဂ) လျှာနှင့် ခံတွင်း၌ ကင်ဆာဖြစ်ပေါ်နေပုံ (ဂ-၁)၂၀၁၇ ခုနှစ်] အဆုိတင်သွင်းခြင်း လျှာ ကင်ဆာဖြစ်ပေါ်နေပုံ (ဂ-၂) အချိန်၊ ၁၁း၂၅။ ဥက္ကဋ္ဌ။ ။ အဆိုကို ထောက်ခံမယ့်သူရှိပါက ဖိတ်ခေါ်ပါတယ်။အချိန်၊ ၁၁း၂၅။ ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)။ ။ လေးစားအပ်ပါသော အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) ဒေါက်တာစန်းမောင်မောင် မှ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ်အရေး ယူမှု မရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ်ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်းအဆိုသည် အမှန်တကယ်ဖြစ်ပျက်နေသော အခြေအနေတစ်ရပ်ပင် ဖြစ်ပါတယ်။ ယင်းဥပဒေသည် ၂၀၀၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားပြီးသားဥပဒေလည်း ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ၊ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၅/၂၀၀၆) မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ သို့သော်လည်းပဲ ၎င်းပြဋ္ဌာန်းထားပြီး ဥပဒေအပေါ် ပြည်သူများ လိုက်နာမှု အားနည်းနေသည်ကို အားလုံးသိရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင် တင်သွင်း သော အဆိုကို ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကျန်းမာရေး၊ အားကစားနှင့် ယဥ်ကျေးမှုဆိုင်ရာကော်မတီဝင် ကျွန်တော် ဦးဝှေ့တင်း မှ ထောက်ခံပါကြောင်း တင်ပြ အပ်ပါတယ်ခင်ဗျား။အချိန်၊ ၁၁း၂၆။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ဒေါက်တာစန်းမောင်မောင် တင်သွင်းတဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ အဆိုမှာ မြန်မာ နိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်း ပြီးြဖစ်သော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ်အရေးယူမှု မရှိ သလောက် နည်းပါးနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးပါရန် တိုက်တွန်း ကြောင်း အဆို ဖြစ်ပါတယ်။ ဒါကြောင့် အဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်။ အဆိုကို လက်ခံဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူပါသလားခင်ဗျား။ [သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သေဘာတူပါသည်။] အဆိုကို လက်ခံဆွေးနွေးဖို့ သဘောမတူတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရှိပါသလား ခင်ဗျား။ ဥက္ကဋ္ဌ။ ။ နာမည်က။ ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)။ ။ ဒီအဆိုမှာ ဆိုလို့ရှိရင် ကျွန်တော်တို့အစိုးရကို ကျဥ်းတည်းကျပ်တည်း ရောက်စေတဲ့အဆိုလို့ဘဲဲ ကျွန်တော် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် တင်သွင်းပါတယ်။ ဒါဘာကြောင့်လဲဆိုရင် ယနေ့ ပြည်သူတွေဟာ ပေါ့ပါးတဲ့တာဝန်ဖြစ်တဲ့ အမှိုက်မပစ်ရဘူးတို့၊ ဆိုင်ကယ် ဦးထုပ်ဆောင်းရမယ်ဆိုတဲ့ တာဝန်လေးတွေတောင်ပဲ ကျေပွန်စွာ မထမ်းဆောင်နိုင်ဘူး။ တကယ် ဒီဆေးလိပ်မသောက်ရ၊ ကွမ်းမစားရဆိုတဲ့ ကိစ္စတွေဟာ ဟိုနှစ်ပေါင်း ပရိေစ္ဆဒကြာပြီဖြစ်ပြီး စွဲလာတဲ့ လူတွေအဖို့သော်လည်းကောင်း၊ နောက်တစ်ခါ ဒီ ဆေးလိပ်၊ ကွမ်းယာတွေကို အမှီသဟဲပြုပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ ပြည်သူလူထုအများစုအနေနဲ့သော်လည်းကောင်း ဒါတွေကို ပိတ်ပင်တားဆီး မယ်၊ လုပ်မယ်ဆိုလို့ရှိရင် စီးပွားရေးအရလည်း ထိခိုက်မယ်ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း လက်ရှိ အနေအထားအရ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနမှာပဲဖြစ်ဖြစ်၊ နောက်တစ်ခါ ကျန်းမာရေးဝန်ကြီး ဌာနမှာပဲဖြစ်ဖြစ် ပြည့်စုံတဲ့ ဝန်ထမ်းအင်အား မရှိဘူး။ ဒါတွေကို ထိန်းသိမ်းဖို့ ဝန်ထမ်းအင်အားတွေ ဖြည့်စွက် ခန့်ထားရမယ်ဖြစ်ပါတယ်။ ဒါပေသိ ကျွန်တော်တို့ စင်ကာပူနိုင်ငံမှာ ဆိုလို့ရှိရင်---- ၂၀၁၇ ခုနှစ်] အဆုိတင်သွင်းခြင်း ဥက္ကဋ္ဌ။ ။ အချိန်လေးစားခြင်းအားဖြင့် လိုရင်းပဲပြောပါ။ ကန့်ကွက်တယ်ဆိုရင် လိုရင်းပဲပြောပါ။ ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)။ ။ စင်ကာပူနိုင်ငံမှာဆိုလို့ ရှိရင် ကျွန်တော်တို့ စင်ကာပူနိုင်ငံသားတစ်ယောက်က အခြားနိုင်ငံသားတွေထက် ဒီဆေးလိပ်တို့၊ အရက်တို့ကို အခွန်ကြီးစွာ ပေးပြီးမှ စားရပါတယ်။ အဲဒီတော့ ဒီအဆိုကို အစိုးရကို ကျင်းထဲချောက်ထဲ ရောက်စေတဲ့အတွက်ကြောင့် ဒီအဆိုကို ကျွန်တော့်အနေနဲ့ ကန့်ကွက်ပါတယ်။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ဒေါက်တာစန်းမောင်မောင် တင်သွင်းတဲ့ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် သဘောမတူတဲ့ လွှတ်တော် ကိုယ်စားလှယ်ရှိတဲ့အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ(တ)၊ နည်းဥပဒေခွဲငယ်(၃)အရ မတ်တတ်ရပ်၍ ဆန္ဒပြုတဲ့နည်းလမ်းဖြင့် လွှတ်တော်ရဲ့ဆန္ဒကို ရယူပါမယ်။ ဒီလို ဆန္ဒရယူရာမှာ အဆိုကို လက်ခံဆွေးနွေးဖို့ သဘောတူတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ နေရာများမှာ မတ်တတ်ရပ်ပြဖို့ ဖြစ်ပါတယ်။ အကယ်၍ မတ်တတ်ရပ်ပြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၄၀ ဦးနှင့်အထက်ဖြစ် လျှင် လက်ခံဆွေးနွေးရန် သဘောတူသည်ဟု လည်းကောင်း၊ ၄၀ ဦး မပြည့်လျှင် လက်ခံ ဆွေးနွေးရန် သဘောမတူဟုလည်းကောင်း လွှတ်တော်သို့ ကြေညာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ခံဆွေးနွေးရန် သဘောတူသော လွှတ်တော်ကိုယ်စားလှယ်များ မိမိတို့ နေရာမှာ မတ်တတ်ရပ်ပြပါ။ ဥက္ကဋ္ဌ။ ။ ဘယ်လောက်ရလဲ။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ထောက်ခံတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ (၄၀)ဦးထက်ကျော်လွန်တဲ့အတွက် ဒေါက်တာစန်းမောင်မောင် ရဲ့ အဆိုကို လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ကြေညာပါတယ်။ (သြဘာသံများ) ဒေါက်တာစန်းမောင်မောင် ရဲ့ အဆိုကို ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အစည်းအဝေးရပ်နားတဲ့အခါ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့ ကြဖို့ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၉ ရက်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်း အချိန်၊ ၁၁း၃၅။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၁၀) ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ယခု ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နား ပါမယ်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး တတိယနေ့ကို ၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက် (တနင်္လာနေ့) နံနက် ၁၀း၀၀ နာရီ အချိန်မှာ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ) အခမ်းအနားမှူး။ ။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါပြီ ခင်ဗျား။ အခမ်းအနားမှူး။ ။ အားလုံး ထွက်ခွာနိုင်ကြပါပြီ ခင်ဗျား။ [ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၁၁း၃၅ နာရီအချိန်တွင် ရပ်နားပါသည်။]