Share this

၁၁ ရက်မြောက်နေ့ အစီအစဉ် ( ၂ - ၂ - ၂၀၁၈ )

Friday, February 2, 2018 - 09:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

၁၁ ရက်မြောက်နေ့ အစီအစဉ်

[ ၂ - ၂ - ၂၀၁၈ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ၁၁ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ နိုင်ငံတော်အတွင်း အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အလွန်အမင်း ထိခိုက်စေလျက်ရှိသည့် FDA က ပိတ်ပင်ထားသော အစားအသောက်များ  ဈေးကွက်တွင် တွင်ကျယ်စွာ ဆက်လက် ရောင်းချ နေခြင်း၊ FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာ သက်သက်ဖြင့်သာ ရေးသားထားသော အစားအသောက်များ၊ ဥပဒေအရ သတ်မှတ်ထားသည့် အညွှန်းအချက်အလက် မပါသည့် အစားအသောက်များနှင့် ဓာတုဗေဒ ဆိုးဆေးများ အလွန်အကျွံ သုံးထားသော အစားအသောက်များ ရောင်းချ နေခြင်းကို မည်ကဲ့သို့ ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံကို ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

( ဂ )  ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ မိုးညိုမြို့နယ်၊ ရှားတောကျွန်းရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ခြင်းအတွက် တင်ဒါအောင် ကုမ္ပဏီအနေဖြင့် စံချိန်စံညွှန်း မပြည့်မီခြင်းနှင့် လုပ်ငန်းအပ်နှံမှု မရှိသေးခြင်းအပေါ် မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

(ဃ)   ဦးတင်ဝေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) မြို့သစ်၏ ကျောင်းဧရိယာမှာ (၀.၆၇၄)ဧကသာ ရှိသဖြင့် အလွန်ကျဉ်းမြောင်းနေပါ၍ ကျောင်းဧရိယာလျာထားမြေမှ ရယူထားပြီး အသုံးပြုခြင်း မရှိတော့သည့် တိုင်းရင်းဆေးအဆောက်အအုံပါ မြေယာကို ပြန်လည်စွန့်လွှတ်၍ ပညာရေးပိုင်မြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်  မေးခွန်း၊

( င )  ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ၊ ကျန်းမာရေးဌာနခွဲကို ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ဗိုလ်မင်းကျေးရွာ၊ ‌ပြောင်းဆိပ်ကျေးရွာ၊ အောင်ဇေယျကျေးရွာတို့တွင် ကျန်းမာရေးဌာနခွဲများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ )  ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းသစ်များ ခန့်ထားနိုင်ရေး အတွက် လျှောက်လွှာခေါ်ယူရာတွင် “နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်မူရင်း” ဆိုသည့် စည်းကမ်းချက်အား သတ်မှတ်ထည့်သွင်းခြင်း မပြုရန် ဝန်ကြီးဌာနအားလုံးကို ညွှန်ကြားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

  ၆။  အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ်  ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

 ၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

  ၈။   ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့်  လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

  ၉။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၀။  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ၁၂ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။