Share this

၁၄ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၇.၂.၂၀၁၈)

Tuesday, March 6, 2018 - 10:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၁၄ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ရက်

( ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရက် )

[ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက် နေ့ကို ၂၀၁၈ ခုနှစ်၊  ဖေဖေါ်ဝါရီလ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

     (က)   ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ချင်းပြည်နယ်၊ ဟားခါး မြို့နယ်တွင် (၁၂၀ x ၉၀)ပေ ဘက်စုံသုံး မိုးလုံလေလုံ အားကစားအဆောက်အအုံ အသစ်တစ်ခုကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပေးရန်  အစီအစဉ်  ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ဟားခါးမြို့၊ ကီယိုမန်း ဘောလုံးကွင်းအတွင်းတွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အမည်ပေါက် မြေဂရန် ရရှိထား သော အလျားပေ (၁၂၀) x အနံပေ(၁၀၀)ရှိ မြေပေါ်တွင် ဘက်စုံ သုံးမိုးလုံလေလုံအားကစားရုံ အဆောက်အဦသစ် ဆောက်လုပ်ရန် အတွက် (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေတွင် ကျပ်သန်း (၂၅၀.၀၀)ဖြင့် တင်ပြတောင်းခံခဲ့သော်လည်း၊ ဘတ်ဂျက် ဦးစားပေး အစီအစဉ်များတွင် ပါဝင်ခြင်းမရှိခဲ့ပါသော်လည်း လက်ရှိ ခိုင်ကမ်းမိုးလုံလေလုံ အားကစားရုံသည်  ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပြီး အသုံးပြု၍ရနေသော အနေအထားဖြစ်ပါသဖြင့် လတ်တလောတွင် အားကစားရုံ အသစ်တစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။

     ( )  ဦးမျိုးထပ်()ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးတိုက်နယ်ဆေးရုံအား အဆောက်အအုံအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် တိုက်နယ်ဆေးရုံအသစ် လတ်တလော ဆောက်လုပ်ပေး နိုင်ခြင်းမရှိသော်လည်း ပြည်သူလူထုအား ကောင်းမွန်သော ဝန်ဆောင်မှု များ တိုးတက်ရရှိစေရန် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ဆရာဝန်နှင့် ဝန်ထမ်းများအတွက် ဆရာဝန်အိမ်ရာ ()လုံး၊ ()ခန်းတွဲ ဝန်ထမ်းအိမ်ရာ()လုံး တို့ကို(၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့  လုပ်ငန်းအပ်နှံ ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။

     ( )  ဦးချစ်ထွေး၊ မကွေးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်() မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဆုံကုန်းကြီးကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ တည်ဆောက်ပေးနိုင်ရန်အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်၊ ဆုံကုန်းကြီးကျေးရွာတွင်ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ် ခွင့်ရရှိပါက ယင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း()ရွာ၊ အိမ်ခြေ (၄၈၉)အိမ်၊ လူဦးရေ(၂၂၈၉)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံပေးသွား နိုင်မည်ဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲအတွက် မြေဧရိယာ(.၅၀) ဧကကို ပိုင်ဆိုင်ထားရှိပြီး၊ အဆောက်အဦကို ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ပံ့ပိုးမှုအကူအညီ ဖြင့် ဆောက်လုပ်ထားရှိပြီး ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း ထောက်ခံတင်ပြထားပါသဖြင့် ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိရေးအတွက် (၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာရေးနှစ် တွင် အမျိုးသား ကျန်းမာရေးစီမံကိန်းနှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန (ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန)များသို့လည်းကောင်း ပေးပို့ပြီး သဘောထားမှတ်ချက်များတောင်းခံ၍ ပြန်ကြားချက် (ထောက်ခံချက်) ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို အသိပေး တင်ပြခြင်း

၃။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထား သော ၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူ ကြောင်း ဆုံးဖြတ်ချက်ပေးပို့လာခြင်းကို အသိပေးတင်ပြပါသည်။

 

အဆိုဆွေးနွေးခြင်း

၄။           ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်()ဦးက ဆွေးနွေးပါသည်။

၅။          အစည်းအဝေးကို ၁၁:၁၆ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၅ ရက်မြောက်နေ့ အစည်းအဝေးကို --၂၀၁၈ ရက်နေ့(ကြာသပတေးနေ့) တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်