Share this

၁၅ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၈.၂.၂၀၁၁၈)

Tuesday, March 6, 2018 - 11:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၁၅ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ရက်

( ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရက် )

[ကြာသပတေးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  ဖေဖေါ်ဝါရီလ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

        (က)   ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ပြည်တွင်းစစ် ပဋိပက္ခများ ကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေထိုင်နေကြရသော ဒေသအသီးသီးမှ စစ်ပြေး ဒုက္ခသည်များအား ပြည်ထောင်စုအစိုးရမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ UEHRD သည် အဓိကလုပ်ငန်းစဉ်ကြီး()ခုဖြစ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာ ချထားရေးနှင့်ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေးတို့ကို ပြည်တွင်းမှာရှိသော စီးပွားရေး လုပ်ငန်းရှင်များ၊ NGOများ၊ CSOများနှင့် ပြည်သူများက တတ်နိုင်သမျှ ပါဝင် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းများမှလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/ တိုင်းအစိုးရအဖွဲ့များအနေဖြင့်လည်း ဦးဆောင်တာဝန်ယူ ဆောင်ရွက် လျက်ရှိပါကြောင်း၊ UEHRD ပြည်ထောင်စုစီမံကိန်းတွင် ဆောက်လုပ် ရေးနှင့်အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ရေလုပ်ငန်း၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေး၊ သတင်းနှင့်ဆက်သွယ်ရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် အသက်မွေး ဝမ်းကျောင်းသင်တန်း များစီစဉ်ဖွင့်လှစ်ရေး၊ကျန်းမာရေးစောင့်ရှောက်မှု၊ အသေးစားငွေကြေး ထောက်ပံ့မှု၊ ဘဏ္ဍာငွေစုဆောင်းရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးဟူ၍ လုပ်ငန်းအဖွဲ့ ()ဖွဲ့ ဖွဲ့စည်းကာ ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအချိန်တွင် UEHRD ကဲ့သို့ သဘောဆောင်သည့် စီမံကိန်းများဖြစ်သော တိုက်ပွဲရှောင်ဒုက္ခသည်များအတွက် ကူညီထောက် ပံ့မှုများ၊ ပြန်လည်နေရာချထားရန်ဆောက်ရွက်မှုများ၊ နယ်မြေအေးချမ်း တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊ အခြားဝန်ကြီးဌာန များကလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရနှင့် ကချင်ပြည်နယ် အစိုးရအနေဖြင့်လည်းကောင်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)နှင့် ပူးပေါင်း၍ တိုက်ပွဲရှောင်ပြည်သူများ အတွက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ စားနပ်ရိက္ခာများ လစဉ်ထောက်ပံ့မှု ပြုလုပ်ခဲ့ ပါကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြန်လည်နေရာချထားရေးအစီအစဉ်များ၊ ကူညီထောက်ပံ့ရေး အစီ အစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်ရိက္ခာ နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့လျက် ပြည်နယ်အစိုးရက အိမ်ဆောက်ပစ္စည်းများကို တစ်ပါတည်းထောက်ပံ့ပေးခဲ့ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများဖြင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုအဖွဲ့ (Mobile Team)များဖွဲ့၍ (Psychosocial Counselling)ပြုလုပ်ခြင်း ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (/၂၀၁၈)အရ ပြန်လည်ထူထောင်ရေးဦးစီးဌာန အသစ်တစ်ခု ဖွင့်လှစ် ခွင့်ရရှိကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုပ်ငန်းများတွင် တိုက်ပွဲရှောင် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များကို စီမံကိန်းအသွင်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေးဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့ ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရန်၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် အထူး စီးပွားရေးဇုန်များ အမြန်ပေါ်ပေါက်လာရေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ဤသို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်က ဆောင်ရွက်လျက် ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူ ဖြစ်စေပြီး ငြိမ်းချမ်းမှုများ အလျင်အမြန်ရရှိကာ  ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း ဖြေကြားပါသည်။

     ( )  ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() ကြက်စာအတွက် ထုံးဓာတ်ပါဝင်သည့် ကျောက်ဆွေးများကို စစ်ကိုင်းမင်းဝံတောင်မှ တူးဖော် ထုတ်ယူသုံးစွဲနေသောကြောင့် မင်းဝံတောင်ကြီး ပြိုလဲပျက်စီးသွားရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်သဖြင့် အချိန်မီ တားဆီးကာကွယ် စောင့်ရှောက် ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က သစ်တောဦးစီးဌာနအနေဖြင့် အစဉ်တစိုက် တားဆီး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ပြန်လည်ပြင်ဆင် ဖွဲ့စည်းသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေနှင့် ခရိုင်စီမံ ခန့်ခွဲမှုကော်မတီတို့၏ လမ်းညွှန်မှု၊ ဆက်စပ်ဌာနများနှင့် ဒေသခံပြည်သူတို့၏ ပူးပေါင်းပါဝင်မှုတို့ ရယူကာ ကင်းလှည့်စစ်ဆေးထိန်းသိမ်းခြင်း၊ ပညာပေး/ သတိပေးဆိုင်းဘုတ် များ စိုက်ထူခြင်း၊ မင်းဝံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အနီး ပတ်ဝန်းကျင်ကျေးရွာများသို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေးဟောပြောပွဲများ ဆက်လက်ကျင်းပပြုလုပ်ခြင်း၊ တရား မဝင် ကျောက်တူးဖော်သူများကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ/ နည်းဥပဒေများဖြင့် အရေးယူခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိဖွဲ့စည်းထားရှိသော ဧရိယာအတွင်းရှိနေသည့် အခြားမြေအသုံးချ မှုများအနက် မလိုအပ်သော မြေအသုံးချမှုများ စနစ်တကျ ပြန်လည်စိစစ် ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မည်ဆိုပါက မင်းဝံတောင်အား ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ် ကြောင်း ဖြေကြားပါသည်။

     ( )  ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်() ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် နတ်မတောင် ဥယျာဉ်ဧရိယာ သတ်မှတ်ရာ၌ ပွင့်လင်းမြင်သာမှုမရှိပါသဖြင့် ကျေးရွာပြည်သူများနှင့် သက်ဆိုင်ရာအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ သိရှိ အောင်ချပြပြီး ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က နတ်မတောင် အမျိုးသားဥယျာဉ်ကို သတ်မှတ်ခဲ့ရာတွင် ဘိုးဘွားပိုင်မြေများ၊ စားကျက်မြေများကို မတရားသိမ်းယူ သတ်မှတ်ခဲ့ခြင်းမဟုတ်ပါကြောင်း နှင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်သောမြေများ၊ ကျေးရွာ အများပိုင်မြေများကို စိစစ်ချန်လှပ်ပြီးမှ ဒေသခံများမှ သဘောတူသော နယ်နိမိတ်နှင့် အမျိုးသားဥယျာဉ်ကို အရေးကြီးသော ရေဝေရေလဲဒေသ ကို ကာကွယ်ရန်၊ ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများအတွက် တောတောင်ရေမြေရေရှည်တည်တံ့ရန်၊ ကမ္ဘာပေါ်တွင် နတ်မတောင် တစ်နေရာတည်းမှာသာ တွေ့ရှိရသော မျက်ခုံးဖြူငှက်ပြာခြောက်ကို ထိန်းသိမ်းကာကွယ်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသား ဥယျာဉ်ဧရိယာမှ ဒေသခံများ၏ လိုအပ်ချက်အရ အမျိုးသားဥယျာဉ်မြေ (၉၈)ဧကကို ကျေးရွာ() ရွာအတွက် ပယ်ဖျက်ပေးခဲ့သည့်အတွက် လုပ်ထုံးလုပ်နည်းအရ အမျိုးသားဥယျာဉ်ကို ပြန်လည်ဖွဲ့စည်းရမည်ဖြစ်ပါ ကြောင်း၊ ပြန်လည်ဖွဲ့စည်းရာတွင် နောင်လာမည့် မျိုးဆက်များအတွက် သဘာဝအမွေအနှစ်ကောင်းများ လက်ဆင့်ကမ်းပေးနိုင်မည့် အမျိုးသား ဥယျာဉ်အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ကိုယ်စားလှယ်ကြီး အပါအဝင် ဒေသခံပြည်သူ့ကိုယ်စားလှယ်များမှ ပူးပေါင်းပါဝင်ပေးရန် လည်း တိုက်တွန်းပါကြောင်း၊ ချင်းပြည်နယ်အစိုးရနှင့်ပေါင်းစပ် ဖြေကြားပါသည်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း

၃။           အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းနှင့် စပ်လျဉ်း၍ ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()က ဆွေးနွေးပါသည်။

အဆိုဆွေးနွေးခြင်း        

၄။           ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်()ဦးက ဆွေးနွေးပါသည်။

၅။          အစည်းအဝေးကို ၁၂:၂၃ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၆ ရက်မြောက်နေ့ အစည်းအဝေးကို --၂၀၁၈ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။

အမျိုးသားလွှတ်တော်