Share this

၂၀ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၀.၂.၂၀၁၈)

Tuesday, March 6, 2018 - 11:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၂၀ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တပေါင်းလဆန်း ရက်

( ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် )

[အင်္ဂါနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် စတင်ကျင်းပပါသည်။

မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -

     (က) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ မြောက်ဦး-မဟာထီး ကွန်ကရစ်လမ်းပိုင်းမှ ဗလိပြင် ကျေးရွာထိ မြေသားလမ်းကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချော လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မြေသားလမ်း ()မိုင်()ဖာလုံအနက် လူသွားလမ်း ()မိုင် ()ဖာလုံ အား မြေသားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရ ရန်ပုံငွေ (၃၅)သန်းဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ ရာ (၇၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါကြောင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းအဖြစ် သိမ်းသွင်းပြီးပါက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

     ( )  ဦးဘွဲခိန်း၊ ချင်းပြည်နယ်  မဲဆန္ဒနယ်အမှတ်() ချင်းပြည်နယ်၊ ဟားခါးမြို့တော်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသည်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ ကျောင်းသူ/ကျောင်းသားများ၊ လုပ်သားပြည်သူများ အားလပ်ရက် များတွင် အနားယူအပန်းဖြေရန်အတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် အဆင့်မီပန်းခြံတစ်ခု တည်ဆောက်ပေးရန်     အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က ဟားခါးမြို့တွင် အဆင့်မီပန်းခြံ တည်ဆောက်နိုင်ရေးအတွက် ခွာစီ လိုဘို အရပ်တွင် (.၀၀)ဧကခန့်ကို ဟားခါးမြို့ မြို့မိမြို့ဖများမှ အဆိုပြုလျာထားပြီး မြေပိုင်ဆိုင်မှုရရှိရေးအတွက် ဟားခါးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါပန်းခြံ တည်ဆောက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ(၁၂) ဘတ်ဂျက်လျာထားချက်တွင် ဒုတိယ ဦးစားပေးအနေဖြင့် ခွာစီလိုဘို ပန်းဥယျာဉ်ပြုလုပ်ခြင်းနှင့် ရေလှောင် ကန်()လုံး၊ ရေကန်(ခြံစည်းရိုးအပါအဝင်)ငွေကျပ် (၁၅၀.၀၀၀)သန်း အား လျာထားတောင်းခံထားပြီးဖြစ်သဖြင့် ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

     ( )  နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) ရန်ကုန်တိုင်းဒေသ ကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်ရှိ တောင်သူကုန်း - ယိုးဒယားဈေးမှ ထွက်သော အညစ်အကြေးများ ကြောင့် ရပ်ကွက်တွင်း ပြည်သူများ ကျန်းမာရေး ထိခိုက်လျက်ရှိပြီး သာရေး၊ နာရေး၊ မီးဘေး အန္တရာယ်များအတွက် ကားများပင် ဝင်ထွက်သွားလာမှု မရခြင်းတို့ကြောင့် ၎င်းလမ်းဘေးဈေးကို သင့်တော်မည့် နေရာသို့ ရွှေ့ပြောင်းပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ ယိုးဒယားစျေး အားပြောင်းရွှေ့နေရာချထားပေးရန် လောလောဆယ် အစီအစဉ် မရှိ သေးပါကြောင်းဖြေကြားပါသည်။

အစီရင်ခံစာ()ခုဖတ်ကြားခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာခြင်း

၃။           ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်း ကော်မတီဝင်)က စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို       ပြန်လည်ဖတ်ကြား ရှင်းလင်းပါသည်။

၄။           အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံစာအပေါ်  လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

၅။          ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() (ဥပဒေကြမ်း ကော်မတီ ဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသော အမျိုးဇာတ် ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal  Act)ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပါသည်။

၆။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal  Act)ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး ၂၃--၂၀၁၈ (သောကြာနေ့)ထက် နောက်မကျစေဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

အဆိုဆွေးနွေးခြင်း၊ ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၇။      ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်ခု ONE VILLAGE ONE PRODUCT(OVOP) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာ (RURAL DEVELOPMENT STRATEGY) အစီအစဉ် အား ဆင်းရဲသော ပြည်နယ်နှင့်တိုင်းများအား ဦးစားပေးလျက် သက်ဆိုင်ရာဝန်ကြီးဌာန များတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို  လွှတ်တော် ကိုယ်စားလှယ်()ဦးက ဆက်လက်ဆွေးနွေးပါသည်။

၈။          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က အဆိုနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေရှင်း ဆွေးနွေးပါသည်။

၉။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က  စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်စွာဆန္ဒပြု သည့် နည်းလမ်းဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ကန့်ကွက်မဲများသဖြင့် အဆိုကို အတည်မပြုကြောင်း ကြေညာပါသည်။

၁၀။        အစည်းအဝေးကို ၁၁:၄၅  နာရီ အချိန်တွင် ရပ်နားပြီး ၂၁ ရက်မြောက်နေ့ အစည်းအဝေးကို ၂၁--၂၀၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

 

                                                                                                                                         အမျိုးသားလွှတ်တော်