Share this

၂၄ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၅.၃.၂၀၁၈)

Thursday, March 8, 2018 - 15:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၂၄ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ရက်

( ၂၀၁၈ ခုနှစ်၊ မတ်လ ရက် )

[တနင်္လာနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၄ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  မတ်လ  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -

    (က)   ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့၊ စန္ဒကူးအမှတ်()ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကို အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က တမူးမြို့၊ စန္ဒကူးအမှတ်()ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(..က-)သည် ကျောင်းအဆင့်တိုးမြှင့် ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် ကိုက်ညီမှု မရှိသေးသည့်အတွက် အဆင့်တိုးမြှင့် ပေးရန် ဦးစားပေးလျာထားမှုတွင် ပါဝင်ခြင်း မရှိသေးပါကြောင်းနှင့် အဆိုပါကျောင်းသည် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖြစ်သော ကြောင့် အထက်တန်းအဆင့် ပညာရပ်များကို သင်ယူခွင့်ရရှိနေသော အခြေအနေတွင် ရှိနေကြောင်း ဖြေကြားပါသည်။       

     ( ဦးမျိုးထပ်()ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂) ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာတိုးချဲ့(မြို့သစ်) အခြေခံပညာ အလယ်တန်းကျောင်းကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပလက်ဝမြို့၊ ရိက္ခာတိုးချဲ့ (မြို့သစ်)အခြေခံပညာအလယ်တန်းကျောင်းသည် ကျောင်းအဆင့် တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးသွားမည်  ဖြစ်ကြောင်း ဖြေကြားပါသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။           ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ()ဦးက ဆွေးနွေး ပါသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊  အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။           အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း အား လွှတ်တော်သို့ တင်သွင်းပါသည်။

၅။          ဦးသိန်းလွင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်း ကော်မတီဝင်)က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း ပါသည်။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြ လက်မှတ် ရေးထိုးပြီး --၂၀၁၈ (ကြာသပတေးနေ့)ထက်နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၆။          အစည်းအဝေးကို ၁၁၀၈ နာရီ အချိန်တွင် ရပ်နားပြီး ၂၅ ရက်မြောက်နေ့ အစည်းအဝေးကို --၂၀၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာ ပါသည်။

 

 

                                                              အမျိုးသားလွှတ်တော်