| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်ဇော်ဦး |
| မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး |
| ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန | |
| အကြောင်းအရာ |
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံကွယ်ကျေးရွာအုပ်စုအတွင်းရှိ နွတ်အောက်ရွာနှင့် ကော့ကလော့ကျေးရွာအုပ်စုရှိ မွေဟောက်ရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ တိုးချဲ့ပေးရန်၊ နိဒုံ၊ တောင်ကလေး၊ ကော့စပ်ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဆောက်လုပ် ပေးရန်နှင့် မိကသစ်၊ အလှပ်ကုန်း၊ ကဒါ၊ ဖနုံ၊ မရင်းကုန်း၊ ဦးလေး ကျေးရွာများတွင် လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၆)တွင် ဖတ်ရှုပါ။ |