| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးဟာရှိန်းဘွေ |
| ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးခင်မောင်အေး |
| မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
မင်းတပ်မြို့နယ်အတွင်းရှိ ရိုရွာကြီးမှ လုံခါးရွာကိုဖြတ်၍ တွီတိန်ရွာသို့ (၁၂)မိုင် ဆိုင်ကယ်လမ်းအား ကားလမ်းအဖြစ် ဖောက်လုပ် ပေးနိုင်ပါရန်နှင့် လုပ်ရှဲရွာ မှ ခွဲလုံရွာနှင့် ဒိုင်းရုံးရွာကို ဖြတ်၍ ယောချောင်းသို့ ယင်းမှ ကျောင်းနူးရွာကို ဖြတ်၍ ကားလမ်းမကြီးပေါ်ရှိ သရက်ကုန်းရွာသို့ (၁၆)မိုင် ဆိုင်ကယ်လမ်း အား ကားလမ်းအဖြစ် ဖောက်လုပ်ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဌမနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၁၀) တွင် ဖတ်ရှုပါ။ |