| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်မောင်ရီ |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးမြင့်သိန်း |
| ရထားပို့ဆောင်ရေး ဝန်ကြီးဌာန | |
| အကြောင်းအရာ |
မြို့နယ်အသီးသီး၌ စည်ပင်သာယာအဖွဲ့တွင် တရားဝင် အခွန်ပေးဆောင်ပြီး ပြေးဆွဲနေကြသော အနှေးယာဉ် (ဆိုက်ကား) သမားများသည် စနစ်တကျ စုဖွဲ့မှုရှိပြီး အသိ အမှတ်ပြုနေရာများ၌ ဆိုက်ကားဂိတ်များထားရှိကာ အလှည့်ကျ ခရီးသည်ပို့ဆောင်မှု ပြုနေကြသကဲ့သို့ မော်တော် ဆိုင်ကယ်များအားလည်း လိုင်စင်ပေးလိုက် ပြီးနောက် မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်း ပြေးဆွဲ ပို့ဆောင်စေခြင်းအားဖြင့် နိုင်ငံတော်အတွက် ထိုက်သင့်သောအခွန်ရရှိကာ ပဋိပက္ခများလည်း ရှောင်ရှား နိုင်စေရေးအတွက် ပြည်ထောင်စုအစိုးရမှ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ပေးရန် အစီအစဉ်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၉) တွင် ဖတ်ရှုပါ။ |