| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်မောင်ရီ |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး |
| မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
အမဲ၊ ဆိတ်၊ ဝက် စသော သားသတ်လိုင်စင်တွင် မပါဝင် သည့် ကြက်သတ်လုပ်ငန်းသည် မြို့နယ်တိုင်းတွင် ရှိပြီး တရားဝင်ကြပ်မတ် ထိန်းသိမ်းနိုင်ရန် ဥပဒေပြဋ္ဌာန်းချက် တစ်စုံတစ်ရာမရှိသဖြင့် စနစ်တကျ ကြီးကြပ်နိုင်ရန်နှင့် ရသင့်ရထိုက်သော အခွန်များရရှိ နိုင်စေရန် ပြည်ထောင်စု အစိုးရမှ ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၉) တွင် ဖတ်ရှုပါ။ |