| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးမြင့်ထွန်း |
| ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးအုန်းသန်း |
| လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေ များအတွင်း လယ်ယာမြေဥပဒေကို မလိုက်နာသူများ၊ ကိုယ်ကျိုးရှာသူများ၊ ငွေကြေးကို အရင်းပြု၍ စပါးခင်း ဘဝမှ အခြားမြေအဖြစ်သို့ ပြောင်းလဲလိုက်သူများ၊ အဆောက်အဦ ဆောက်သူများ စသည်ဖြင့် ပေါများ လာခြင်းကြောင့် စိုက်ဧကများ လျော့နည်းလာသည့် အတွက် တိတိကျကျ စုံစမ်းစစ်ဆေး ဖော်ထုတ် အရေးယူရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၂၆) တွင် ဖတ်ရှုပါ။ |