| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးဖေတင် |
| မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် |
| လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန | |
| အကြောင်းအရာ |
လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း တစ်ယူနစ်လျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်(၁၀၀)ခန့်ရှိနေကြောင်းနှင့် နှစ်စဉ်အရှုံးဖြင့် လည်ပတ် နေရသည်ဟု သိရှိရပါသဖြင့် ဤကဲ့သို့ ထုတ်လုပ်မှုစရိတ် ကြီးမြင့်နေရခြင်းနှင့် နှစ်စဉ် အရှုံးပေါ်နေရခြင်း၏ အရင်းအမြစ် အကြောင်းတရားကို လေ့လာဖော်ထုတ်၍ အဆိုးများကို ဖယ်ထုတ်ကာ နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးရှိစေမည့် မြန်မာ့လျှပ်စစ်ကဏ္ဍ တည်ငြိမ်မြင့်မားလာစေမည့် အစီအစဉ် ကောင်းများ ရှာဖွေလုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၁)တွင် ဖတ်ရှုပါ။ |