Share this

ပထမနေ့ အစီအစဉ် (၂၃ - ၇ - ၂၀၁၈)

Monday, July 23, 2018 - 10:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး

ပထမနေ့ အစီအစဉ်

[ ၂၃ - - ၂၀၁၈ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။

၆။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() ရခိုင်ပြည်နယ်အတွင်းရှိ မြစ်များ၊ ချောင်းများနှင့် မြစ်ဝများ၊ ချောင်းဝများတွင် အနည်ကျပိတ် ဆို့နေသော သဲသောင်များကို စီမံကိန်းများရေးဆွဲပြီး တူးဖော်ရှင်းလင်း ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( )  ဦးစောချစ်ဦး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်မြို့နှင့် ၎င်းကျေးရွာအုပ်စုများအတွင်း ဆက်သွယ် ရေး အဆင်ပြေစေရန်အတွက် MPTနှင့် Telenor ဖုန်းတာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( )  ဒေါက်တာခင်မကြီး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() ကချင်ပြည်နယ် အတွင်းရှိ သွားလာရေး ခက်ခဲသော ခေါင်လန်ဖူး၊ နောင်မွန်း၊ မချမ်းဘော၊ ပူတာအိုမြို့နယ်များအတွင်း တာဝန်ကျနေသော ပညာရေးဝန်ထမ်း ဆရာ/ ဆရာမများအား နှစ်စဉ်ကျောင်းဖွင့်ချိန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် သွားလာရေးလွယ်ကူစေရန် ပူတာအို - မြစ်ကြီးနား လေယာဉ်ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲ၍ ဦးစားပေး လက်မှတ်ရောင်းချပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

()   ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ပြည်သူများမှာ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းကြီးစွာပေးနေရပါသဖြင့် သင့်တော်သက်သာသော ဈေးနှုန်းဖြင့် သုံးစွဲနိုင်ရန် ပြည်ထောင်စုအစိုးရမှ စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( )  ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မြန်မာနိုင်ငံ တွင် ကျေးရွာနှင့်မြို့များရှိ လျှပ်စစ်မီးသုံး နေအိမ်အဆောက်အဦများမှ သုံးစွဲမီးယူနစ်များကို သိရှိနိုင်ရန် လျှပ်စစ်မီး (Meter Box) များ မလွဲမသွေ တပ်ဆင်အသုံးပြုထားရမည်ဖြစ်ရာ အများပြည်သူ သုံးစွဲရန်အတွက် အရည် အသွေးကောင်းမွန်သော လျှပ်စစ်မီး (Meter Box)များ တင်သွင်းရန် တင်ဒါခေါ်ယူခဲ့ရာတွင် ကြေညာသတ်မှတ်ထားသော စည်းကမ်းချက်များနှင့် Detail Technical Specification များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသော ကုမ္ပဏီ၏ တင်ဒါကို ရွေးချယ်ထားခဲ့လျှင် ပြန်လည်ပယ်ဖျက် ရုပ်သိမ်းပေးနိုင်ခြင်း ရှိ/မရှိနှင့် အဂတိမကင်းသော တင်ဒါရွေးချယ်ခဲ့သူ သို့မဟုတ် အဖွဲ့ကို အရေးယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

၇။    အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ ခုနှစ်)အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

          -        ဦးကြည်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)

၈။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။