ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး
တတိယနေ့ အစီအစဉ်
[ ၃၀ - ၇ - ၂၀၁၈ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် တတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျေးရွာများဖြစ်သည့် ဆန်းသစ်ပြင်ကျေးရွာ၊ သင်္ဘောကွေး ကျေးရွာ၊ သုံးခွ(ခ)ကွင်းကြီး (ရခိုင်)ကျေးရွာများကို ပြည်ထဲရေးဝန်ကြီး ဌာန၏ ကျေးရွာအမည်စာရင်းတွင် ထည့်သွင်းပေးနိုင်ရေးနှင့် လက်ရှိ ကျေးရွာများ၏ မြေများအား ရွာမြေအဖြစ် သတ်မှတ်ပေးရေး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင် များ၏ အိမ်ရာများကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေ ရဲစခန်းနှင့် ရွာသစ်ကြီး နယ်မြေ ရဲစခန်းများအတွက် လိုအပ်လျက်ရှိသည့် ရုံး၊ လူနေ အဆောက်အဦ နှင့် ရဲအချုပ်ခန်းများ အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရှိ ဂေါက်ကလပ်ကွင်း၌ အရက်၊ ဘီယာဆိုင် ဆောက်လုပ် ရောင်းချခွင့် ရှိ/မရှိ နှင့် တာဝန်ရှိ ခွင့်ပြုသူများကို အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်မှ မြစ်သဲကျောက်များကို အထိန်းအကွပ်မရှိ စည်းမဲ့ကမ်းမဲ့ စီးပွားဖြစ်ထုတ်ယူနေမှုများကို ရပ်ဆိုင်းပေးရန် သို့မဟုတ် အတိုင်းအတာ သတ်မှတ်ချက်များနှင့် စနစ်တကျ ထုတ်ယူနိုင်ရန် သက်ဆိုင်ရာမှ စီမံခန့်ခွဲ ထိန်းချုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း။
၆။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-
(က) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)
( ခ ) ဦးကျော်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)
( ဂ ) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)
(ဃ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်း။