| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး | |
| မေးခွန်းမေးမြန်းသူ | ဦးဖေတင် | |
| မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) | ||
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ||
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း | |
| စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | ||
| အကြောင်းအရာ |
အစိုးရအောင်ဘာလေထီဆုငွေများထုတ်ယူရာတွင် အနည်းဆုံးတန်ဘိုးငွေ ကျပ်သောင်းဂဏန်းမှ အများဆုံးငွေကျပ် ငါးသိန်း(သို့) ငွေကျပ်ဆယ်သိန်း အထိကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှတစ်ဆင့် ထုတ်ယူစေပြီး ကျန်ဆုမဲကြီး များအား ပုံမှန်ထုတ်ပေးနေကျ နည်းလမ်းများအတိုင်း ငွေထုတ်ပေးသည့် စနစ်ကို ဆုကြေးနည်းထုတ်ယူသူများအတွက် ဖြေလျှော့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၆)တွင် ဖတ်ရှုပါ။
|