အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီသည် မြန်မာ့အာမခံဥပဒေ (၁၉၉၃)နှင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ (၁၉၉၆)နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရေးရာဆောင်အမှတ် (I -15) ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးခန်းမ၌ ၂၈. ၄. ၂၀၁၆ ရက်နေ့၊ နံနက် (၁၀ : ၀၀) နာရီ၊ ၂၉.၄.၂၀၁၆ ရက်နေ့ နံနက် (၁၀: ၀၀) နာရီနှင့် နေ့လယ် (၁၃ : ၀၀) နာရီတို့တွင် သုံးကြိမ်ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ စောသန်းထွဋ်၊ အတွင်းရေးမှူး ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်နှင့်အတူ ကော်မတီဝင်များ၊ မြန်မာ့အာမခံလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ(အုပ်ချုပ်) ဦးခင်မောင်ဝင်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီ (၁၁) ခုမှ တာဝန်ရှိပုဂ္ဂိုလ် (၂၁) ဦးတို့ သီးခြားစီတက်ရောက်ခဲ့ကြပြီး ဖော်ပြပါဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။