Share this

ပြည်သူ့ငွေစာရင်းကော်မတီ၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

Tuesday, June 7, 2016 - 13:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၇. ၆. ၂၀၁၆ ရက်နေ့ နေ့လယ် (၁၂ : ၀၀) နာရီအချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I- 15) ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ စောသန်းထွဋ်၊ အတွင်းရေးမှူး ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်နှင့်အတူ ကော်မတီဝင်များ၊ ဥပဒေကြမ်းကော်မတီဝင် (၁) ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဝင်းဝင်းကြူနှင့် ဦးစီးအရာရှိ ဦးဇေယျာစိုးတို့ တက်ရောက်ခဲ့ကြပါသည်။