Share this

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပွဲကျင်းပ

Tuesday, June 13, 2017 - 14:32
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီသည်  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီတို့နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်းကို (၁၃.၆.၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီတွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။